မိုးအကုန်
ဆောင်းရာသီ ကူးတော့မယ်။ ဆောင်းရာသီဟာ သာမန်အားဖြင့်တော့ နေအပူရှိန်မပြင်း ဘဲ ယခင်ရာသီများထက်
ပိုအေးချမ်းတဲ့ နှစ်လိုဖွယ်ရာသီတစ်ခုပါ။ ဒါပေမယ့် အလှအပကို မြတ်နိုးထိန်းသိမ်း သူတွေ
အတွက်တော့ ဆောင်းရာသီဟာ အသားအရေခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်း၊ ဗောက်ထသကဲ့သို့ အဖတ်များကွာကျပြီး
မိတ်ကပ်လိမ်းခြယ်ရ အဆင်မပြေလှတဲ့ ရာသီတစ်ခုဖြစ်ပါတယ်။ အသားအရေ ထိန်း သိမ်းမှုလမ်းညွှန်ပညာရှင်တွေကတော့
ဆံသား၊ အရေပြား ခေါင်းအစခြေအဆုံး တတ်နိုင်သလောက် အစို ဓာတ်ဖြည့်ပေးဖို့ တိုက်တွန်းကြပါတယ်။
မိုးရာသီတစ်ခုလုံး အသုံးပြုလာတဲ့ အသားရေထိန်း ပစ္စည်းတွေ ဟာ ဆောင်းရာသီမှာ ပြောင်းလဲသုံးစွဲဖို့
အချိန်ကျရောက်ပါပြီ။ ဒါပေမယ့် ရာသီအလိုက်ပြောင်းလဲသုံးဖို့ ဆိုတာ သာမန်လူတန်းစားတွေအတွက်တော့
ဘယ်လွယ်ပါ့မလဲ။ အဲဒါကြောင့် ငွေကြေးလည်း ထိန်းသိမ်း ရာရောက်၊ အသားရေလည်း ထိန်းသိမ်းရာရောက်စေဖို့ နည်းလမ်းကောင်းလေးတွေ
ဖော်ပြပေးလိုက်ရပါတယ်။
ဗန်ဒါဆီသုံး၍ ကြေးချွတ်ခြင်း
ဗန်ဒါစေ့ဟာ
ဗီတာမင်အီး၊ မဂ္ဂနီဆီယမ်နဲ့ အခြားခန္ဓာကိုယ်ကျန်းမာစေတဲ့ အဆီများပါဝင်တဲ့ အစေ့ တစ်မျိုး
ဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေက ခန္ဓာကိုယ်ကို အတွင်းအပြင် အားဖြည့်ပေးပါတယ်။
- သကြားညို
၁ခွက်
- ဗန်ဒါဆီ
ခွက်တစ်ဝက်
- ပျားရည်
၂ဇွန်း
၎င်းပါဝင်ပစ္စည်းတွေအားလုံးကို
သမအောင်ရောစပ်ပြီး ရေချိုးတဲ့အခါ ခန္ဓာကိုယ်အနှံ့ စက်ဝိုင်း သဏ္ဍာန် ပွတ်တိုက်ပေးပါ။ ခြောက်သွေ့ကြမ်းတမ်းတဲ့နေရာတွေမှာ
အဓိကအသုံးပြုပေးပါ။ ပြီးမှ ရေနွေးနွေးလေးဖြင့် ဆေးချပေးလိုက်ပါ။
ချောကလက်မျက်နှာပေါင်းတင်ခရင်မ်
ချောကလက်က
လူတိုင်းနီးပါး ကြိုက်ကြတဲ့ စားစရာတစ်ခုပါ။
- ကိုကိုးအမှုန့်
သုံးပုံတစ်ပုံ
- ပျားရည်
လေးပုံတစ်ပုံ
- ဒိန်ချဉ်
၂ဇွန်း
ပါဝင်ပစ္စည်းတွေအားလုံး
သမအောင်ရောမွှေပြီး သန့်ရှင်းတဲ့ မျက်နှာနဲ့လည်ပင်းအနှံ့ ၁၅-၂၀ မိနစ်အထိ လိမ်းထားပါ။
ပြီးမှ ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ။
အုတ်ဂျုံပျားရည်မျက်နှာပေါင်းတင်ခရင်မ်
- အုတ်ဂျုံ
ခွက်တစ်ဝက်
- ပျားရည်
ခွက်တစ်ဝက်
အုတ်ဂျုံက
မျက်နှာပြင်က အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။ မျက်နှာနဲ့ လည်ပင်းအနှံ့
စက်ဝိုင်းသဏ္ဍာန် ပွတ်ပေးပါ။ ၁၀ မိနစ်ခန့်ထားပြီးမှ ရေနွေးနွေးလေးဖြင့် ဆေးချလိုက်ပါ။
သဘာဝပစ္စည်းလေးတွေနဲ့တင်
အသားအရေထိန်းသိမ်းရုံနဲ့ မလုံလောက်ပါဘူး။ နောက်ထပ် ဆောင်ရ၊ ရှောင်ရမယ့် နည်းလမ်းကောင်းလေးတွေရှိပါသေးတယ်။
၁။ အစိုဓာတ်များများဖြည့်ပေးပါ
ရာသီဥတုက
ပြောင်းလဲလာသလို ကိုယ့်ရဲ့အသားအရေထိန်းသိမ်းမှုကိုလည်း ပြောင်းလဲဖို့လိုပါတယ်။ အလှဆီဝယ်ယူအသုံးပြုတဲ့အခါ
ရေဓာတ်အခြေခံတဲ့ အစိုဓာတ်ထိန်းခရင်မ်၊ လိုရှင်းတွေထက် အဆီကို အခြေခံထားတဲ့ အမျိုးအစားရွေးချယ်အသုံးပြုပါ။
အထူးသဖြင့် ညလိမ်းခရင်မ်အများစုက အဆီကို အခြေခံပြီးထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။
အဆီပါဝင်တဲ့ခရင်မ်ရွေးချယ်ရာမှာလည်း
ချွေးပေါက်ပိတ်ပြီး၊ ဝက်ခြံထွက်စေတဲ့ ပစ္စည်းမျိုး မရွေးချယ်မိဖို့ အထူးသတိပြုပါ။
၂။ နေရောင်ဒဏ်ကာကွယ်ဆေး အသုံးပြုပါ။
နေရောင်ဒဏ်ကာကွယ်ဆေးက
ဘယ်ရာသီမှာဖြစ်ဖြစ် အသုံးပြုရမယ့် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဆောင်းရာသီမှာ အေးမြတဲ့နှင်းမှုန့်တွေနဲ့
နေရောင်ခြည်ရဲ့ဒဏ်ကြောင့် အသားအရေကို ပိုလို့တောင် ပျက်စီးစေပါတယ်။ အဲဒါကြောင့် အပြင်မသွားခင်
မိနစ် ၃၀ အလိုတိုင်း မျက်နှာ၊ လည်ပင်း၊ လက်တို့ကို နေရောင်ဒဏ်ကာကွယ်ဆေး မမေ့မလျော့လိမ်းပေးဖို့
လိုအပ်ပါတယ်။
၃။ ရေစိုနေတဲ့ လက်အိတ်၊ ခြေအိတ်တွေရှောင်
ပန်းကန်ဆေးတာဖြစ်ဖြစ်၊
အဝတ်လျော်တာဖြစ်ဖြစ် အတွင်းသား ရေစိုနေတဲ့လက်အိတ်၊ ခြေအိတ်တွေကို ရှောင်ရှားတာ အကောင်းဆုံးဖြစ်ပါတယ်။
၎င်းတို့က အသားအရေကို ယားယံစေခြင်း၊ ကွဲအက်ခြင်း၊ ဒဏ်ရာအနာတရဖြစ်ခြင်း စတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
၎။ ရေဓာတ်ဖြည့်ပေးပါ
ရေလုံလောက်စွာ
သောက်သုံးပေးခြင်းက အသားအရေလှပမှု၊ စိုပြေမှုနဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ်။
၅။ ခြေထောက်ကိုလည်း မမေ့ပါနဲ့
မျက်နှာနဲ့လက်တွေ
ထိန်းထိန်းသိမ်းသိမ်းရှိပေမယ့် ခြေထောက်ကို မေ့လျော့နေတတ်ပါတယ်။ အရေပြားဆဲလ်အသေတွေကို
သန့်ရှင်းပေးဖို့အတွက် ကြေးချွတ်ပေးပါ။ Petroleum Jelly ဒါမှမဟုတ် Glycerine အခြေခံထားတဲ့
အသားလိမ်းအဆီ ပုံမှန်အသုံးပြုပေးပါ။
၆။ တကယ်လို့ အသားအရေက ခြောက်သွေ့ကြမ်းတမ်းနေတဲ့အခါ
အရက်ပြန်အခြေခံထုတ်လုပ်ထားတဲ့
တိုနာတွေ၊ ကြေးချွတ်ဆေးတွေ အသုံးပြုတာ ရပ်တန့်လိုက်ပါ။ ရွံ့စေးအခြေခံထားတဲ့ ဒါမှမဟုတ်
နို့ကိုအခြေခံထုတ်လုပ်ထားတဲ့ အသားအရေထိန်း ပစ္စည်း ရွေးချယ်အသုံးပြုပေးပါ။
၇။ ရေနွေးဖြင့် ရေချိုးခြင်း ရှောင်ပါ။
ရေနွေးဖြင့်
ရေချိုးတာက ဆောင်းရာသီအတွက် နွေးနွေးထွေးထွေး ဇိမ်ရှိတယ်လို့ ထင်ရပေမယ့် ရေနွေးက အရေပြားပေါ်မှာ
ပုံမှန်ရှိနေရမယ့်အဆီတွေကိုပါ ဖယ်ရှားလိုက်တဲ့အတွက် အရေပြားဟာ ပိုပြီး ခြောက်သွေ့ ကြမ်းတမ်းလာပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment