ကိုယ်က Celebrity ပဲဆိုပြီး မာနမကြီးသင့်ဘူး၊.....ပက်ထရစ်ရှာ













ကိုယ်က Celebrity ပဲဆိုပြီး မာနမကြီးသင့်ဘူး၊ ပရိတ်သတ်တွေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်ဆံသင့်တယ်
ပက်ထရစ်ရှာ

အမှန်တော့ ပရိသတ်ဆိုတာလည်း ကိုယ်က Celebrity ပဲဆိုပြီး မာနမကြီးသင့်ဘူးလို့ထင်တယ်။ ညီမ တစ်ချိန်က အရမ်းကြိုက်ခဲ့တဲ့ Celebrity ကို ကိုယ်ဆယ်ခွန်းပြောလို့ တစ်ခွန်းပြန်ပြောရင်တောင် အရမ်းပျော် တာ။ အိပ်လို့မရတဲ့အထိကို ဖြစ်ခဲ့တာ။ သူတို့က ကိုယ်တစ်ခွန်းလေးပဲပြောကြည့်။ အရမ်းပျော်တယ်။ ကိုယ်ကြိုက်တဲ့ Celebrity က ပြန်ပြောတဲ့အတွက် အံ့သြတယ်။ မယုံနိုင်ဘူးဖြစ်တယ်။ အဲဒီလိုမျိုး ကိုယ့်ပရိသတ်တွေကို အချိန်ပေးပြီးတော့ ပြန်ပြောသင့်တယ်။ သူတို့ ပိုပြီးကျေနပ်တယ်။ ပိုပြီးလည်း အားပေးလာလိမ့်မယ်။ ပရိသတ်တွေကို ဒီလိုမျိုးပဲ လေးလေးစားစားနဲ့ ဆက်ဆံပေးသင့်တယ်လို့ထင်တယ်။  ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်ဆံသင့်တယ်လို့ထင်ပါတယ်။

မိသားစုဆက်ဆံရေးအနေနဲ့ တစ်မိသားစုလုံးက သူငယ်ချင်းလိုပဲနေကြတယ်။ အမေက သားသမီးတွေကို သူငယ်ချင်းလိုပဲဆက်ဆံတယ်။ ညီမအမေက အကုန်တိုင်ပင်လို့ရတယ်။ ခေတ်ဆန်ဆန်ပဲနေတယ်။ မောင်လေးတွေကအစ အဲဒီလိုပဲ။ ညီမမောင်လေးတွေနဲ့လည်း သူငယ်ချင်းလိုပဲနေတယ်။ ပြောစရာ ရှိရင်ပြောတယ်။

ပရိသတ်ကတော့ ထင်မှာပေါ့။ သူတို့ကို Reply မလုပ်တော့ဘူး။ Reply လုပ်မယ့်သူမဟုတ်ဘူး။ ညီမက မာနကြီးတယ်။ အဲဒီလိုမျိုးထင်သွားမှာ။ ဒါပေမဲ့ တကယ် Reply ရောက်လာတော့ ညီမကရှင်းပြတယ်။ မအားလို့ စာပြန်တာနောက်ကျပါတယ်။ ညီမက အဲဒီလိုမျိုးဆိုရင် တောင်းပန်တယ်။ ညီမလည်း ပျော်တယ်။ ကျေနပ်တယ်။ သူတို့က ပြန်ပို့မယ်တောင် မထင်ဘူးပေါ့။ စာတစ်လုံးလေးပဲ ဖြစ်ပါစေ။ ပရိသတ်ဆိုတာက ကျေနပ်တယ်။

သူငယ်ချင်းတွေနဲ့တော့ ကျောင်းမှာပဲ အချိန်ပေးဖြစ်တယ်။ ကိုယ်နဲ့တစ်ချိန်ကပေါင်းပြီး အခုကွဲကွာသွားတဲ့ သူငယ်ချင်းတွေပါတယ်ဆိုရင်လည်း အပြင်တစ်နေရာမှာချိန်းပြီး လျှောက်သွားတာတွေလုပ်ဖြစ်တယ်။
ကိုယ်ကအခု အနုပညာရှင်တစ်ယောက်ဖြစ်လာတော့ သူငယ်ချင်းတွေနဲ့ ဝေးကွာသွားတယ်လို့ထင်ပါတယ်။ သူငယ်ချင်းတွေကလည်း ကိုယ်အောင်မြင်လာတာနဲ့အမျှ သူတို့က အနားမကပ်ရဲကြတော့ဘူး။ ကိုယ့်ကို စကားပြောရင် ရှိန်နေရော။ ကိုယ်ကတော့ အရင်စိတ်ပဲ။ ဘာမှမဖြစ်ဘူး။ သူတို့နဲ့အတူတူ ပြန်နေချင်တယ်။

 --------------------------------------------------------

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment