ကိုယ်အရမ်းချစ်တာ သားကိုသိစေချင်ပေမယ့်
အဲ့ဒါကကိုယ့်ကိုပြန်ကြည့်ပေးစေချင်လို့မဟုတ်ဘူး
Rဇာနည်
ပရိသတ်နဲ့တိုက်ရိုက်တွေ့ဆုံရရင်
သူတို့ကိုယ့်အပေါ်မှာ ဘယ်လိုဆက်ဆံလဲ၊ ကိုယ်နဲ့ပတ် သက်ပြီး ဘာတွေဖြစ်ချင်လဲဆိုတာကို အရင်မေးကြည့်၊
ပြောကြည့်ရမှာပဲ။ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ကိုယ့်ဘက်က လုပ်ပေးနိုင်ရင် လုပ်ပေးမယ်၊
လုပ်မပေးနိုင်ခဲ့ရင်လည်း ဘယ်လိုကြောင့် လုပ်မပေးနိုင်တာလဲဆိုတာ သူတို့ ကိုပြောပြမယ်။
မိဘတစ်ယောက်အနေနဲ့
သူ့ကိုအရမ်းချစ်တယ်ဆိုတာ သားလေးသိစေချင်တယ်။ သူသိလို့ ကိုယ့်ကို အများကြီး ပြန်လုပ်ပေးစေချင်တာမဟုတ်ဘူး။
ကိုယ်ဖြစ်စေချင်တာက သူ့ကိုလူ့လောကကြီးမှာ အကောင်း အဆိုး၊ အမှားအမှန်ခွဲခြားနိုင်အောင်
ပညာသင်ကြားဖို့လိုတယ်။ ပညာရေးမှာပဲ သူ့ကိုအများကြီး မဟုတ် ရင်တောင် ခုနကအဆင့်လောက်ဖြစ်အောင်
သိစေတတ်စေချင်ပါတယ်။
မိသားစုတစ်ခုဖြစ်လာပြီဆိုတော့
ကိုယ်ကလည်း အိမ်ထောင်ဦးစီးဖြစ်နေတဲ့အခါကျတော့ လူဆိုတာမျိုးက အကောင်းအဆိုးဒွန်တွဲနေတာပဲ။
အားလုံးကောင်းတဲ့ဘက်ကိုပဲ ဦးတည်ပြီးတော့နေဖို့ စဉ်းစားလာရတယ်။ သားလေးရလာတဲ့အတွက် လူ့လောကကြီးထဲမှာ
မတောင့်မတ၊ မကြောင့်မကြဘဲနေသွားနိုင်အောင် ကျွန်တော်တို့တွေ ၀ိုင်းပြီးကြိုးစားနေတဲ့သဘောပါ။
အားလပ်ချိန်တွေမှာ
ကလေးနဲ့ဆော့တယ်။ ကလေးအတွက် ကိုယ်အားရင်အားသလို ကိုယ်တို့နှစ်ယောက် ချက်ပြုတ်ပြီးတော့
သူ့ကိုကျွေးတယ်။ သူအပြင်သွားပြီးကစားချင်ရင် ကစားချင်တဲ့နေရာလေးတွေကို လိုက်ပို့တယ်။
သူကတော့ cartoon ကား ကြည့်တာပဲ အဓိက၀ါသနာပါတာ။ သူနဲ့ Cartoon ကားတွေ အတူတူကြည့်တယ်။
Homework တွေရှိရင်လည်း အတူတူဝိုင်းလုပ်ပေးတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment