ဝက်ခြံ
..ဝက်ခြံဆိုတာ အမြဲတမ်းထွက်လေ့ထွက်ထမရှိပေမယ့် တကယ်တမ်းထွက်လာပြီဆိုတဲ့အခါ မှာတော့
ဆိုးဝါးလှပါတယ်။ အလှပျက်စေပါတယ်။ မျက်နှာမှာပေါက်တဲ့ဝက်ခြံက လည်ပင်း၊ ရင်ဘတ်၊ နောက်ကျောတို့ကို
ပျံ့နှံ့သွားစေတတ်ပါတယ်။ ခန္ဓာကိုယ်မှာထွက်တဲ့ဝက်ခြံကလည်း မျက်နှာပြင်ကလိုပဲ နာကျင်မှုဖြစ်ပေါ်စေပါတယ်။
ခန္ဓာကိုယ်က ဝက်ခြံက လူမမြင်ကွယ်ရာမှာဖြစ်နေပေမယ့် ကိုယ်တိုင်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
ခန္ဓာကိုယ် အလှပျက်စေတဲ့ ဝက်ခြံတွေကို ဘယ်လိုဖယ်ရှားကြမလဲ။ အဓိကအရိုးရှင်းဆုံး အခြေခံကတော့
ပုံမှန်တစ်ကိုယ်ရေသန့်ရှင့်ရေးနဲ့ ပုံမှန်အစိုဓာတ်ပြည့်ဝနေစေဖို့ပါပဲ။
နူးညံ့စွာကြေးချွတ်ပါ
ခန္ဓာကိုယ်မှာ
ဝက်ခြံတွေ ပေါက်လာတဲ့အခါ ပထမဆုံးလုပ်ဆောင်ရမယ့် အခြေခံအချက်ကတော့ ကြေးချွတ်ဖို့ဖြစ်ပါတယ်။
နူးညံ့တဲ့ဖော့တုံး ဒါမှမဟုတ် နူးညံ့တဲ့အဝတ်စဖြင့် ညင်သာစွာပွတ်ပြီး ကြေးချွတ်ပါ။ ကြမ်းတမ်းစွာကြေးချွတ်ခြင်းက
အရေပြားကိုဒဏ်ရာဖြစ်စေသလို ပျက်စီးစေပါလိမ့်မယ်။ ဆပ်ပြာသုံးစွဲတဲ့အခါ ခန္ဓာကိုယ်က ရှိရင်းစွဲအဆီ၊
အစိုဓာတ်တွေခမ်းခြောက်သွားစေမယ့် ဆပ်ပြာမျိုး သုံးစွဲခြင်းရှောင်ပါ။
အစားအစာသတိပြုပါ
ခန္ဓာကိုယ်မှာဝက်ခြံထွက်နေတဲ့အကြောင်းရင်းတွေထဲက
တစ်ခုကတော့ အစားအစာတွေကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့်ချောကလက်၊ ကြက်ကြော် စတာတွေက ခန္ဓာကိုယ်မှာဝက်ခြံတွေကို
ဖြစ်ပေါ်စေပါတယ်။
နေရောင်ခြည်ထိတွေ့မှု ရှောင်ပါ
လူအများစုက
နေရောင်ခြည်က ခန္ဓာကိုယ်မှာပေါက်တဲ့ဝက်ခြံတွေကို ကုသပေးဖို့အကောင်းဆုံး ကုသမှုလို့ ထင်မြင်နေကြပါတယ်။
အဲဒီအတွက်နေရောင်ခြည်ထဲမှာ အချိန်အတော်ကြာနေပြီး ဝက်ခြံတွေကို ကုသတတ်ကြပါတယ်။ ခရမ်းလွန်ရောင်ခြည်အကြောင်း
သိသူတွေအနေနဲ့ကတော့ နေရောင်ခြည်က ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာကို နားလည်ပါလိမ့်မယ်။
နေရောင်ခြည်က အရေပြားကင်ဆာပါ ဖြစ်လာစေနိုင်ရုံသာမက ခန္ဓာကိုယ်ကဝက်ခြံတွေကိုပါ ပိုပြီး
ဆိုးဝါးသွားစေပါလိမ့်မယ်။
ဆားအသုံးပြုပါ
နောက်ထပ်
ခန္ဓာကိုယ်ကဝက်ခြံတွေကို ပျောက်ကင်းစေဖို့ ဆေးဝါးတစ်ခုကတော့ ဆားဖြစ်ပါတယ်။ အထူးသဖြင့်
ပင်လယ်ဆားက ခန္ဓာကိုယ်ကဝက်ခြံတွေအတွက် အကောင်းဆုံး ဆေးဝါးတစ်လက် ဖြစ်ပါတယ်။ ရေချိုးတဲ့အခါ
ပင်လယ်ဆား ခွက်တစ်ဝက်ခန့်နဲ့ ရောစပ်ပြီးရေချိုးပေးပါ။ ပင်လယ်ဆားသုံးပြီး ရေချိုးတဲ့အတွက်
ခန္ဓာကိုယ်ကဝက်ခြံတွေကို ခြောက်သွေ့သွားစေနိုင်သလို ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားပျံ့နှံ့မှုကိုလည်း
သက်သာစေပါတယ်။
သံလွင်ဆီအသုံးပြုပါ
သံလွင်ဆီကတော့
ဝက်ခြံတင်မကပါဘူး။ အလှအပရေးရာ၊ ကျန်းမာရေးပြဿနာတွေက အားလုံးရဲ့ လက်စွဲဆေးဝါးဖြစ်ပါတယ်။
သံလွင်ဆီနဲ့ ခန္ဓာကိုယ်အနှံ့ နှိပ်နယ်ပေးပါ။ ပြီးမှ ရေစိုအဝတ်ကလေးဖြင့် ညင်သာစွာပွတ်ပေးပါက
ပုံမှန်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်က ဝက်ခြံတွေကို သိသိသာသာ ပျောက်ကင်းသွားစေပါလိမ့်မယ်။
သံပုရာရည်
ခန္ဓာကိုယ်ပေါ်က
အလှပျက်စေတဲ့ ဝက်ခြံတွေဖယ်ရှားပေးဖို့ နောက်ထပ်ငွေကုန်သက်သာစေတဲ့ နည်းလမ်းတစ်ခုကတော့
လတ်ဆတ်သန့်ရှင်းတဲ့ သံပုရာရည်ပဲဖြစ်ပါတယ်။ ဝက်ခြံတွေအတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်ပေမယ့်
ခန္ဓာကိုယ်အရေပြားမှာ အသုံးပြုတဲ့အခါ အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပါတယ်။ သံပုရာရည်ကို
ဝက်ခြံထွက်တဲ့နေရာမှာ မိနစ် ၃၀ ခန့် ပွတ်ထားပေးပါ။ ရေဆေးပြီးမှ သံလွင်ဆီ ဒါမှမဟုတ်
အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ နေ့စဉ်ပုံမှန် လုပ်ပေးသွားနိုင်ပါတယ်။
ကြက်ဥအကာ
ကြက်ဥအကာကလည်း ဝက်ခြံကို ပျောက်ကင်းစေတဲ့
သဘာဝပစ္စည်းတစ်ခုဖြစ်ပါတယ်။ ကြက်ဥအကာကို အမြှုပ်ထလာအောင်မွှေပေးပြီး တစ်မိနစ်ခန့် လိမ်းထားပေးပါ။
ကြက်ဥအကာများ ခြောက်သွေ့တဲ့အခါ ခန္ဓာကိုယ်အရေပြားကယားယံပြီး တင်းကျပ်လာပါလိမ့်မယ်။ ကြက်ဥအကာမှာ
ပရိုတိန်းနဲ့ ကိုလာဂျင်တွေ ပါဝင်ပါတယ်။ အဲဒီဓာတ်တွေက အရေပြားကိုခြောက်သွေ့သွားစေပြီး
ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment