အချိန်လုနေရတဲ့နံနက်ခင်း တွေအတွက်












တစ်ခါတရံ အလှအပအတွက် အချိန်မပေးနိုင်ဘဲ ဒရောသောပါး ပြင်ဆင်လိုက်ရတဲ့ နံနက်ခင်းမျိုး မိန်းကလေးတိုင်းနီးပါး ကြုံဖူးကြမှာပါ။ အိပ်ရာထ နောက်ကျတာကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စ ရုတ်တရက်ပေါ်လာတာကြောင့်ပဲဖြစ်ဖြစ်ပေါ့။ အဲဒီလိုအချိန်မျိုးမှာ ကိုယ်ကပြင်ပြင်ဆင်ဆင်လေးလုပ်လိုက် ချင်တယ်။ ဒါပေမယ့် အရေးကြီးတဲ့ကိစ္စတွေကလည်း ရှိနေသေးတော့ စိတ်ထဲပျာယာခတ် ဇောချွေးတွေ ပြန်ပြီး ကမောက်ကမတွေဖြစ်ကုန်ရောပေါ့။ အဲဒီလို ပျာယာခတ်တဲ့ နံနက်ခင်းမျိုးမှာ ဘယ်လိုလှလှလေးပြင်ကြမလဲ ...။ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

ဖောင်ဒေးရှင်းအစား Tinted Moistorizer သုံးပါ
ဒီလိုပျာယာခတ်တဲ့နံနက်ခင်း မှာ Skin Care လုပ်ဖို့ဆိုတာ အတော်လေးအချိန်ယူရပါလိမ့်မယ်။ အဲဒီအတွက် အစိုဓာတ်ထိန်းကရင်မ်နဲ့ မိတ်ကပ်သားတစ်ခါတည်း ပါဝင်ပြီးသားဖြစ်တဲ့ Tinted Moistorizer ၊ B.B Cream လိုမျိုး သုံးပေးနိုင်ပါတယ်။ အရောင်ရွေးချယ်ဖို့အတွက်ကတော့ အချိန်လုပြီး ပြင်ဆင်နေရတာဖြစ်တဲ့အတွက် အသားအရေက အနည်းငယ်နီစပ်စပ်ဖြစ်နေပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ့်အသားအရေထက် အနည်းငယ် ညိုမှောင်တဲ့အရောင်မျိုး ရွေးချယ်သုံးပေးပါ။

နှုတ်ခမ်းအတွက် အချိန်အများကြီးမပေးပါနဲ့
သာမန်အချိန်မျိုးမှာတော့ နှုတ်ခမ်းကို အသားအရေထိန်းသိမ်းမှုလုပ်သလို Lip Blam, Line Stick အဆင့်ဆင့်သုံးနေနိုင်တာပေါ့။ ဒီလိုမျိုး အချိန်မရတဲ့အခါမှာတော့ တစ်ခါတည်း အရောင်ရော၊ အသားအရေကိုပါ ထိန်းသိမ်းပေးနိုင်တဲ့ နှုတ်ခမ်းဆိုးဆေးမျိုး ရွေးချယ်သုံးပေးဖို့ သတိရပါ။

ရေချိုးတဲ့အခါ
ရေချိုးပြီးတဲ့အခါမှာ ရေစိုနေတဲ့ဆံပင်တွေကို ခြောက်အောင်ပြန်သုတ်ရ၊ ဆံပင်တွေကိုပြန်ရှင်းရ၊ ဆံပင်ဖီးရတာ မိန်းကလေးတွေအတွက် အလုပ်တစ်ခုပါပဲ။ ခုလိုမျိုး ကပျာကယာနံနက်ခင်းမျိုးမှာ ဒီလို ကိစ္စမျိုးတွေက ဇောချွေးပြန်စရာပါ။ အဲဒီအတွက်ကတော့ Shower Cap လေးသာဆောင်ထားလိုက်ပါ။ အချိန်ကုန်သက်သာသွားစေပါလိမ့်မယ်။

Dry Shampoo ကလည်း မပါမဖြစ်ပစ္စည်း
ခုနကပြောခဲ့သလိုပါပဲ။ အလုပ်များနေတဲ့ နံနက်ခင်းတွေမှာ ခေါင်းလျှော်နေစရာမလိုပါဘူး။ ဒါပေမဲ့ ဆံသားနဲ့ဦးရေပြားတွေက အဆီတွေပြန်၊ ဗောက်တွေထပြီး ညစ်စေးကပ်စေနေမယ်ဆိုရင်တော့ ဒီပြဿနာကို အလွယ်တကူ ကူညီဖြေရှင်းပေးနိုင်မယ့် Dry Shampoo ရှိပါတယ်။ အဲဒီလို Dry Shampoo မျိုးမရှိလို့လည်း စိတ်မပူပါနဲ့။ ရနံ့ခပ်ဖျော့ဖျော့သာပါဝင်တဲ့ ကလေးပေါင်ဒါအနည်းငယ်သုံးပြီး ခေါင်းဖြီးလိုက်ပါ။ အဆင်ပြေသွား ပါလိမ့်မယ်။

ရေချိုးဆပ်ပြာရွေးချယ်တဲ့အခါ
ရေချိုးပြီးတိုင်း ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်းခရင်မ်လိမ်းကြတာ လူတိုင်းလုပ်လေ့ရှိထရှိတဲ့ အလုပ် တစ်ခုပါ။ ဒီလိုကပျာကယာလုပ်ရတဲ့ ပြဿနာတွေဖြေရှင်းဖို့အတွက်ကတော့ အရည်အသွေးကောင်းတဲ့ ရေချိုးဆပ်ပြာ ဥပမာ- ခန္ဓာကိုယ်ကိုတစ်ခါတည်း အစိုဓာတ်ဖြည့်ပေးနိုင်မယ့် ဆပ်ပြာမျိုးရွေးချယ်သုံးပါ။ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်တဲ့အတွက် အချိန်ကုန်သက်သာသွားပါလိမ့်မယ်။

Eye Liner မသုံးပါနဲ့
Eye Liner ကလည်းအချိန်ပေးပြီး ပြင်ဆင်ရတဲ့ အလှအပအသုံးအဆောင်ပစ္စည်းတစ်ခုပါ။ အဲဒါကြောင့် အလုပ်များနေတဲ့ နံနက်ခင်းတွေအတွက်ကိုတော့ မျက်တောင်တွေကို ကော့ညွတ်ရှည်လျားစေတဲ့ မျက်တောင်ကော့ဆေးလိုမျိုးလေးသာ သုံးပေးလိုက်ပါ။

မိတ်ကပ်ပစ္စည်းတွေကို တစ်စုတစ်စည်းတည်းထားရှိပါ
အလုပ်များနေတဲ့ နံနက်ခင်းမျိုးမှာ သုံးကာနီးကျမှ ကိုယ်လိုချင်တဲ့ပစ္စည်း မှန်တင်ခုံပေါ်မှာ ရှာဖွေနေရတာကလည်း ပြဿနာတစ်ခုပါ။ အဲဒါကြောင့် အလှအပအသုံးအဆောင်ပစ္စည်းတွေကို ဘာပြီး ဘာသုံးမယ်ဆိုတာမျိုး အစီအစဉ်တကျ တစ်စုတစ်စည်းတည်း ထားရှိပါ။

မျက်ခုံးတွေကို တိကျသေသပ်ဖို့အတွက်
ကပျာကယာနဲ့ အလုပ်တွေများနေတဲ့ နံနက်ခင်းမျိုးမှာ မျက်ခုံးမွေးနှုတ်တာမျိုးတွေ ခဏအသာ ရှောင်ထားလိုက်ပါ။ ဒါတွေက အချိန်ကုန်စေတဲ့အပြင် တစ်ချက်မှားတာနဲ့ မျက်နှာတစ်ခုလုံးရဲ့သွင်ပြင်ကို ပျက်စီးလုနီးပါး ဖြစ်စေပါလိမ့်မယ်။

ရိုးရှင်းပါစေ
တကယ်လို့အလုပ်တွေများနေတဲ့ နံနက်ခင်းမှာ မိတ်ကပ်မလိမ်းရလို့လည်း ဘာမှစိုးရိမ်ပူပန်မနေပါနဲ့။ အစိုဓာတ်ထိန်းခရင်မ်၊ နှုတ်ခမ်းဆိုးဆေးလောက်နဲ့လည်း မျက်နှာလေးက ခပ်ရှင်းရှင်းလေး လှနိုင်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment