လေဆာသုံးပြီး အမွေးအမျှင်တွေ ဖယ်ရှားမယ်ဆိုပါတော့...











လေဆာရောင်ခြည်နဲ့ အမွေးအမြင်တွေဖယ်ရှားတယ် ဆိုတာဘာလဲ။
ခန္ဓာကိုယ်အရေပြားကို တကယ်ပဲ လုံခြုံစိတ်ချရမှုရှိရဲ့လား။ အမွှေးအမျှင်တွေက အမြဲတမ်း ပျောက်ကွယ်သွားမှာလား။
အခုလို သဘာဝအလှတရားကို ကျော်လွန်ပြီး အလှအပတရားအတွက် ပြုပြင်ဖန်တီးမှုတွေ လုပ်လာရာမှာ လေဆာနဲ့ အမွေးအမျှင်တွေ ဖယ်ရှားတဲ့နည်းလမ်းကလည်း တစ်ခုအပါအဝင်ပါပဲ။ အမွှေးအမျှင်ရိတ်တာ၊ ဖယောင်းသွင်းတာတွေနဲ့ ပတ်သက်ပြီး ရလဒ်တွေ၊ နာကျင်မှုတွေကိုလည်း သိပြီးလောက်မှာပါ။ အများစုကတော့ လေဆာရောင်ခြည်သုံးပြီး အမွေးအမျှင်တွေ ဖယ်ရှားတာက မနာကျင်ဘူး၊ ချောမွေ့ပြောင်လက်စေတယ်လို့ ဆိုကြပါတယ်။ တကယ်ရော အကျိုးသက်ရောက်မှု ရှိပါရဲ့လား။ အဲဒီတော့ လေဆာနဲ့အမွေးအမျှင်တွေ ဖယ်ရှားခြင်းရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို လေ့လာကြည့်ရအောင်။
အနက်ရောင် အမွေးအမျှင်များအတွက်သာ
လေဆာနဲ့အမွေးအမျှင်တွေကို ဖယ်ရှားပေးရာမှာ သုံးတဲ့လေဆာရောင်ခြည်က မွေးညင်းပေါက်လေးတွေကနေ အနက်ရောင် ရောင်ခြယ်(မယ်လ်နင်)တွေကို လောင်မြိုက်ပြီးပျက်စီးစေပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အမွေးအမျှင်တွေက အရောင်ဖျော့လေ အကျိုးသက်ရောက်မှုနည်းလေပါပဲ။ အဲဒါကြောင့် လေဆာနဲ့အမွေးအမျှင် ဖယ်ရှားတဲ့နည်းလမ်းက အဖြူရောင်၊ ရွှေရောင်တို့လို အမွေးအမျှင်ပိုင်ရှင်တွေအတွက် အသုံးမဝင်ပါဘူး။
အာမခံချက်မရှိပါ
လေဆာနဲ့အမွေးအမျှင်တွေ ဖယ်ရှားပေးရာမှာ အကျိုးသက်ရောက်မှုက လူတစ်ဦးနဲ့တစ်ဦး ကွာခြားပါတယ်။ ကုသမှုအပြည့် ငါးကြိမ်ခန့်ခံယူပြီးတဲ့အခါ အမွေးအမျှင်တွေ ဖယ်ရှားနိုင်မှုက ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်းအတွင်းသာရှိပါတယ်။ တချို့တွေကတော့ ရာနှုန်းပြည့်အလုပ် ဖြစ်ကြပါတယ်။ အဲဒါကြောင့်ဘယ်လောက်ပဲ အာမခံပါတယ်ဆိုပေမယ့် အကျိုးသက်ရောက်မှုက တစ်ဦးနဲ့တစ်ဦး ကွာခြားကြပါတယ်။
ဘယ်လိုအသားအရောင်ပိုင်ရှင်တွေ ရှောင်ရှားသင့်သလဲ
အနက်ရောင်၊ အညိုရောင် အသားအရေပိုင်ရှင်တွေအနေနဲ့ကတော့ လေဆာနဲ့ အမွေးအမျှင်တွေ ဖယ်ရှားတဲ့ကုထုံးကို ရှောင်ရှားသင့်ပါတယ်။ လေဆာရောင်ခြည်က အမွေးအမျှင်များထဲမှ အနက်ရောင် ရောင်ခြယ်တွေကို ဖယ်ရှားပေးတာဖြစ်ပြီး အသားအရေအညိုရောင်၊ အနက်ရောင်ပိုင်ရှင်တွေ ကုထုံးကို အသုံးပြုတဲ့အခါ အသားအရေ ပျက်စီးခြင်း၊ အသားအရောင်မညီမညာဖြစ်စေခြင်းတွေကို ဖြစ်စေပါလိမ့်မယ်။ အဲဒါကြောင့် လေဆာရောင်ခြည်နဲ့ အမွေးအမျှင်တွေကို ဖယ်ရှားတဲ့ကုထုံးအသုံးပြုဖို့ ဆုံးဖြတ်တဲ့အခါ ကိုယ့်ရဲ့အရေပြားက နေလောင်ထားတာမျိုး အနက်ရောင်၊ အညိုရောင်ဖြစ်မနေစေဖို့က အရေးကြီးပါတယ်။
နာကျင်စေတယ်
လေဆာရောင်ခြည်က အရေပြားကိုထိနေတဲ့အခါမှာ ပျားတုတ်ခံရသကဲ့သို့ တစစ်စစ်နာကျင်မှု ဝေဒနာကိုဖြစ်စေပါတယ်။ အသားအရေရဲ့ခံနိုင်ရည်ပေါ်မူတည်ပြီး နာကျင်မှုဝေဒနာက ကွဲပြားနိုင်ပါတယ်။ ထိလွယ်ရှလွယ် အရေပြားပိုင်ရှင်တွေက နာကျင်မှုဝေဒနာကို ပိုပြီးခံစားရနိုင်ခြေရှိပါတယ်။ အဲဒါကြောင့် လေဆာနဲ့အမွေးအမျှင်တွေ ဖယ်ရှားတဲ့ ကုသမှုမခံခင်မှာ အကိုက်အခဲပျောက်ဆေးလိုမျိုး အသုံးပြုထားပေးဖို့ လိုပါလိမ့်မယ်။
အချိန်ယူဖို့လိုတယ်
လေဆာနဲ့အမွေးအမျှင်တွေကို ဖယ်ရှားပေးတဲ့ကုထုံးက အချိန်အတော်အသင့်ယူရတဲ့အတွက် အကယ်၍ လုပ်မယ်လို့ဆုံးဖြတ်တဲ့အခါ ရက်အတော်အတန်ကြာတာကို သတိပြုထားဖို့လိုပါတယ်။
ဘာတွေသတိပြုသင့်သလဲ
လေဆာနဲ့အမွေးအမျှင်တွေကို ဖယ်ရှားပေးတဲ့ကုထုံးက အန္တရာယ်ရှိတဲ့ လေဆာရောင်ခြည်ကို အရေပြားနဲ့ထိတွေ့ရတာဖြစ်တဲ့အတွက် ကုသဖို့ရွေးချယ်တဲ့အခါ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်၊ အရေပြားကုသမှုပညာရှင်ကို သေချာစုံစမ်းရွေးချယ်တတ်ဖို့က အဓိကအရေးကြီးဆုံးဖြစ်ပါတယ်။ မကုသခင် ဘယ်လိုရှောင်ရှားသင့်တယ်၊ ကုသပြီး ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေကို တိကျစွာ လိုက်နာတတ်ဖို့ လိုပါတယ်။
ဘေးထွက်ဆိုးကျိုးက ဘာတွေရှိလဲ
လေဆာနဲ့အမွေးအမျှင်ဖယ်ရှားတဲ့ကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးက ယေဘုယျအားဖြင့် နည်းပါးပါတယ်။ အသားအရေက နီရဲလာမယ်၊ ယားယံလာမယ်၊ တစ်ခါတရံ ရောင်ရမ်းလာပြီး ကုသမှုအပြီး ရက်အနည်းငယ် နေရထိုင်ရမသက်မသာဖြစ်စေပါလိမ့်မယ်။ အဆိုးဆုံးအနေနဲ့ကတော့ ကူးစက်ရောဂါဝင်ရောက်တတ်ပြီး အရေပြားက နီရဲရောင်ရမ်းလာပါလိမ့်မယ်။
ဘယ်နေရာမှာ အမွေးအမျှင်တွေကို ဖယ်ရှားကြသလဲ
လေဆာနဲ့အမွေးအမျှင်ဖယ်ရှားတဲ့ကုထုံးကို အများအားဖြင့် ခြေထောက်၊ ချိုင်း၊ လက်မောင်း၊ လက်ဖျံစတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ ခန္ဓာကိုယ်ကကုသမှုဧရိယာ ကြီးမားလေ ကုသချိန်က ကြာလေဖြစ်ပါတယ်။ ပြီးတော့ အသားအရေထိလွယ်ရှလွယ်ပိုင်ရှင်တွေအနေနဲ့ နာကျင်မှုကိုပိုပြီးခံစား ရမှာဖြစ်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment