ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု အပြည့်နဲ့လျောက်လမ်းနိုင်စေမဲ့အရာက အခြေခံအကျဆုံး ၀တ်စား ဆင်ယင်မှု ပဲဖြစ်ပါတယ်။
အခြေခံကျတဲ့ ၀တ်စားဆင်ယင်မှုဆိုတာက ပြင်ပက၀တ်စုံတွေကို ပြောတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အချိုးအစားကိုပေါ်လွင်ထင်ရှားစေမယ့် ခန္ဓာကိုယ်အတွင်းကနေ ထောက်ပံ့ပေးတဲ့ အတွင်ခံ ၀တ်စားမှုကိုပြောတာပါ။
မှန်ကန်တဲ့ ဘရာစီရာဝတ်ဆင်ခြင်းက မိန်းကလေး တစ်ယောက်ကို ယုံကြည်မှု အပြည့်နဲ့ ပေါ့ပါးလွတ်လပ်စေပါတယ်။
မိန်းကလေးတစ်ယောက်က ဘ၀မှာ ဘရာစီယာပေါင်းမြောက်များစွာ ၀ယ်ယူဝတ်ဆင်ဖူးပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ခန္ဓာအချိုးအစားနဲ့ အံဝင်ခွင်ကျတဲ့ ဘရာစီယာဖြစ်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။
အဲ့ဒီတော့ ဘရာစီယာဘယ်လို ရွေးချယ်ရမလဲဆိုတာ ဒါလေးဖတ်ပြီး လေ့လာကြည့်ရအောင်။
ခန္ဓာကိုယ်အရွယ်အစားနဲ့
အံဝင်ခွင်ကျရှိပါစေ။
လေ့လာတွေ့ရှိချက်အရ
အမျိုးသမီးအများစုက ဘရာစီယာဝတ်ဆင်တဲ့အခါ မှားယွင်းတဲ့အရွယ်အစားကို ၀တ်ဆင်မိတဲ့ရာခိုင်နှုန်းက
၈၀ခန့်ရှိပါတယ်။ ဒီပြသဿသနာရဲ့ အဓိကအကြောင်း အရင်းကတော့ ကိုယ့်ရဲ့ ရင်သားအရွယ်အစားကိုမသိတာနဲ့
ရင်သားအရွယ်အစားကိုထောက်ပံ့ပေးမယ့် ဘရာစီယာကို သေချာ အချိန်ပေးပြီး မရွေးချယ်ခြင်းဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဘရာစီယာဝယ်မယ်လို့ဆုံးဖြတ်တဲ့အခါ အရည် အသွေးကောင်းပြီး သေချာလေ့ကျင့်သင်ကြားထားပေးတဲ့
ဝန်ထမ်းတွေရှိတဲ့ဆိုင်မျိုးမှာ ရွေးချယ်ဝယ်ယူတာ အကောင်းဆုံးဖြစ်ပါတယ်။
ကိုယ်ခန္ဓာအရွယ်အစားကိုနားလည်ပါ
ကိုယ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့
လှပပုံစံကျမှုကို ပုံဖော်ပေးနိုင်တာကဘရာစီယာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခန္ဓာကိုယ်အရွယ်အစားကိုနားလည်လက်ခံထားပါ။
ပြီးမှဘရာစီယာမ၀ယ်ခင် အကြိမ်ကြိမ်စဉ်းစားပြီးမှ ၀ယ်ပါ။
ဆွဲဆန့်ကြည့်ဖို့
မမေ့ပါနဲ့
ဘရာစီယာအများစုက
ဆွဲဆန့်လို့ရတဲ့ ပိတ်သားအ၀တ်စကိုအခြေခံပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ၀တ်ဆင်တာအချိန်ကြာလာတာနဲ့အမျှ
အ၀တ်သားကကျယ်ပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့သွား မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘရာစီယာကိုစမ်းသပ်ဝတ်ဆင်ကြည့်ကတည်းက
ရင်သားကိုအကြယ်ပြန့်ဆုံး ဖုံးအုပ်ပေးထားနိုင်တဲ့ ကျုံ့နိုင်ဆန့်နိုင်အားပိုကောင်းတဲ့
ဘရာစီယာမျိုး ရွေးချယ်ဝယ်ယူပါ။
ဘရာစီယာကိုဘယ်လိုစစ်ဆေးမလဲ
ခုနကပြောထားတဲ့အချက်တွေအားလုံးနဲ့ညီသွားတိုင်း
ပြီးပြည့်စုံသွားနိုင်တာမဟုတ်ဘူး။ အ၀တ်လဲခန်းထဲ ၀တ်ဆင်ကြည့်ပြီးတဲ့အခါ အပေါ်ကအင်္ကျီမ၀တ်ရသေးခင်မှာ
ခန္ဓာကိုယ်ကို မှန်ရှေ့မှာတစ်ပတ်လှည့်ကြည့် ပါ။ လက်တွေကို မိုးပေါ်အထိမြှောက်ကြည့်ပါ။
ဘယ်လက်ကိုညာဘက်ရွှေ့၊ ညာ လက်ကိုဘယ်ဘက်ရွှေ့၊ ခန္ဓာကိုယ်ကို ရှေ့ကိုကိုင်းကြည့် နောက်ကိုလှန်ကြည့်
အမျိုးမျိုး ပြုလုပ်ကြည့်ပါ။ အဲ့ဒီလိုတွေလုပ် တာတောင်မှ ဘရာစီယာက နေရာမရွှေ့သွားရင် လိပ်ပြီးမတက်သွားရင်
ဒီလိုဘရာစီယာကို ရွေးချယ် ၀ယ်ယူနိုင်ပါပြီ။
ဘရာစီယာကို
ဂရုစိုက်ပါ
အရည်အသွေးကောင်းပြီး
ဈေးကြီးကြီးပေးဝယ်ထားရတဲ့ ဘရာစီယာတိုင်းပစ်စလတ်ခတ် ထားလိုက်လို့တော့ မရပါဘူး။ ဘရာစီယာမှာပါဝင်တဲ့ထိန်းသိမ်းပုံအညွှန်းတွေကို
သေချာဖတ်ရှုပါ။ ပြီးမှသေချာလိုက်နာပါ။
Crystal
0 comments:
Post a Comment