ဂန္တ၀င်ဆန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုရင်









ကျော့ရှင်းပြီး ဂန္တ၀င်ဆန်တဲ့ အမျိုးသမီးတစ်ယောက် ခန်းမတစ်ခုထဲကိုလျှောက်လှမ်းလာတဲ့အခါ ယောက်ျားလေးတွေရော မိန်းကလေးတွေပါ သမင်လည်ပြန်ကြည့်မိနေတတ်ကြတာ ထူးဆန်းတဲ့အရာ တစ်ခုမဟုတ်ပါ။ အဲဒါဘာကြောင့်လဲ။ ပိုက်ဆံကြောင့်မဟုတ်ပါ။ ပညာတတ်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကြောင့် မဟုတ်ပါ။ မိသားစုနောက်ခံကောင်းတွေကြောင့်မဟုတ်ပါ။ လှပကျော့ရှင်းတယ်ဆိုတာ ဘယ်သူမဆို ဖန်တီးပြုပြင်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အရပ်ရှည်သည်ဖြစ်စေ၊ ပုသည်ဖြစ်စေ ခန္ဓာကိုယ် အရွယ်အစား၊ အရပ်အမောင်းမရွေး ဖန်တီးပုံဖော်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျော့ရှင်းပြီး ဂန္တ၀င်ဆန်ဆန် လှပတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ဖို့အတွက် ဘယ်လိုအရာတွေကို သတိထားလုပ်ဆောင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

စကားပြောတဲ့အခါ သတိထားပါ
ဒီအချက်ကတော့ ယောက်ျားလေး၊ မိန်းကလေး ဘယ်သူမဆို သတိပြုလက်ကိုင်ထားရမယ့် အချက်တစ် ချက်ပါ။ ''အဆင့်မရှိဘူး''ဆိုတဲ့စကားလုံးက ဆိုးရွားရိုင်းစိုင်းတဲ့စကားလုံးတွေအသုံးပြုတဲ့အခါကျမှ ထွက်ပေါ် လာတဲ့ မှတ်ချက်တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် စကားပြောတဲ့အခါ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးတွေ မပြောမိဖို့က အရေးကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

ညင်သာစွာပြောပါ
လူတကာငေးမောရလောက်တဲ့ အမျိုးသမီးတိုင်း ဘယ်လိုစကားပြောတယ်ဆိုတာ တစ်ချက်လောက် သတိ ထားကြည့်ပါ။ လူတကာရဲ့စိတ်ဝင်စားသတိထားမိခြင်းခံရဖို့အတွက် ကျော့ရှင်းပြီးဂန္တ၀င်ဆန်တဲ့ အမျိုး သမီးတွေက စကားကိုအော်ကြီးဟစ်ကျယ်နဲ့ အသံအကျယ်ကြီး မပြောကြပါဘူး။ ညင်ညင်သာသာ၊ ယဉ် ယဉ်ကျေးကျေးနဲ့ မမြန်လွန်း၊ မနှေးလွန်းပြောကြပါတယ်။ ဒီလိုစကားပြောဆိုနည်းကသာ ကိုယ့်ကို လူတ ကာသတိထားမိစေပြီး တကယ့်ဂန္တ၀င်ဆန်တဲ့အမျိုးသမီးတစ်ယောက်လို ပြန်လည်ဆက်ဆံပါလိမ့်မယ်။

မိတ်ကပ်ပြင်ဆင်မှုကလည်း အရေးကြီးပါတယ်
ကျော့ရှင်းလှပပြီး ဂန္တ၀င်ဆန်တဲ့ အမျိုးသမီးတွေရဲ့ မိတ်ကပ်အဆင်ကိုလေ့လာကြည့်ပါ။ ဒီလိုအမျိုးသမီးတွေ ရွေးချယ်တဲ့အရောင်က နူးညံ့သိမ်မွေ့တဲ့ မိတ်ကပ်အရောင်ဖြစ်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ပွဲလမ်းသဘင်နဲ့ ကိုက်ညီတဲ့ပြင်ဆင်မှုကို ရွေးချယ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် တောက်ပတဲ့နှုတ်ခမ်း ဆိုးဆေးအရောင်တွေက ညနေခင်းအတွက်လောက်သာ အဆင်ပြေစေပြီး နေ့ဘက်အချိန်မှာတော့ ခံစားမှုကိုပြောင်းလဲသွားစေပါလိမ့်မယ်။

လမ်းလျှောက်တဲ့အခါ
ဘယ်လောက်ပဲဈေးကြီးပေးပြီးနောက်ဆုံးပေါ်ဒီဇိုင်နာအမှတ်တံဆိပ်တွေဖြစ်ပါစေ။ ကိုယ်နေဟန်ထားနဲ့ လမ်းလျှောက်ပုံကလည်း အရေးပါသလို ထိုင်ပုံကလည်း အရေးကြီးပါတယ်။ ထိုင်တဲ့အခါ ထိုင်ခုံပေါ်ကို ဖုတ်ကနဲပစ်မထိုင်ချလိုက်ဖို့ အထူးသတိပြုပါ။ ထိုင်တဲ့အခါ အ၀တ်အစားကလည်း အရေးပါပါတယ်။ ဥပမာ-ကိုယ်ကစကပ်တိုဝတ်ထားသလား။ ဘောင်းဘီ၊ ထမီအစရှိသဖြင့် အသေးစိတ်သတိထားဖို့လိုပါတယ်။

လက်သည်း၊ ခြေသည်း ဂရုစိုက်ပါ
တိကျသေချာပြီး ကျော့ရှင်းနေတဲ့လက်သည်း၊ ခြေသည်းတစ်စုံက ဂန္တ၀င်ဆန်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် လက်သည်း၊ ခြေသည်း ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ကလည်း အရေးကြီးတဲ့အချက်တွေထဲမှာ တစ်ခုအနေနဲ့ပါဝင်ပါတယ်။ လက်သည်း၊ ခြေသည်းအရောင်ဆိုးတဲ့ အခါမှာ လည်း ကြောင်ကြောင်ကျားကျားဖြစ်မနေစေဖို့ ဂရုစိုက်ပါ။

ဆံပင်နဲ့အ၀တ်အစားကို ဂရုစိုက်ပါ
သာမန်ကာလျှံကာမျှဖြစ်တဲ့ အ၀တ်အစားဝတ်ဆင်ခြင်းမျိုးရှောင်ရှားပါ။ ဂန္တ၀င်ဆန်ဆန်လှပနေစေဖို့အတွက် ဈေးကြီးတဲ့ဒီဇိုင်နာတွေရဲ့ ၀တ်စုံတွေကိုဝတ်ဆင်စရာမလိုပါဘူး။ သပ်ရပ်သန့်ရှင်းပြီး ပုံစံကျတဲ့ ၀တ်စား ဆင်ယင်မှုကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ကျော့ရှင်းလှပေစေပါလိမ့်မယ်။ ဆံပင်ပုံစံကို ဂရုစိုက်ဖို့မမေ့ပါနဲ့။ သေသပ်ပြီးပုံစံတကျဖြစ်နေဖို့ လိုအပ်ပါတယ်။

မွှေးရနံ့ကလည်း အရေးပါတယ်
မွှေးရနံ့ဆိုတာကလည်း လူတစ်ယောက်ကို မှတ်မိသွားစေတဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ အရည် အသွေးကောင်းတဲ့ရနံ့က လူတကာကိုဆွဲဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ကျော့ရှင်းပြီး ဂန္တ၀င်ဆန်တဲ့ အမျိုးသ မီးတွေအနေနဲ့ကတော့ ကိုယ်ပိုင်ရနံ့ရွေးချယ်တဲ့အခါမှာ တည်ငြိမ်ပြီးကြည်လင်နေတဲ့ရနံ့ကို ရွေးချယ် တတ်ဖို့ လိုပါတယ်။ မွှေးရနံ့သုံးတဲ့အခါမှာလည်း အလွန်အကျွံမဖြစ်စေဖို့သတိပြုပါ။ မွှေးရနံ့ဆိုတာ ယောက်ျားလေး၊ မိန်းကလေးတိုင်း မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

အရည်အသွေးကောင်းတဲ့ အတွင်းခံရွေးချယ်ပါ
အရည်အသွေးကောင်းတဲ့ အတွင်းခံဝတ်စုံကလည်း လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကို လုံးဝပြောင်းလဲ သွားစေနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ့်အ၀တ်အစားအောက်မှာ ဘာဝတ်ထားတယ်ဆိုတာ သိရှိပြီးဖြစ်တဲ့အတွက် ကိုယ့်ရဲ့လှုပ်ရှားမှု၊ ပြောဆိုနေထိုင်မှုအသွင်အပြင်က သူများနဲ့မတူအောင် လုံး ၀ပြောင်းလဲသွားပါလိမ့်မယ်။ အရည်အသွေးကောင်းတဲ့အတွင်းခံဝတ်စုံက မိန်းကလေးတစ်ယောက်ကို ယုံကြည်မှုရှိစေတဲ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိပါ
ဘာလုပ်လုပ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ။ ကျော့ရှင်းမှု၊ ဂန္တ၀င်ဆန်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကြောင့် ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ဂန္တ၀င်ဆန်ဆန်ကျော့ရှင်းလှပနေဖို့ နည်းလမ်းတွေက အများကြီးရှိပါတယ်။ ကိုယ်ဘာနဲ့ဆင်တူချင်တယ်။ ကိုယ်ဘယ်လို Image ကိုပုံဖော်ချင်တယ်ဆိုတာကိုသာ ယုံယုံကြည်ကြည်နဲ့သာလုပ်ဆောင်ကြည့်လိုက်ပါ။ လုံးဝပြောင်းလဲသွားပါလိမ့်မယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment