စိုးရိမ်ကြောင့်ကြမှုနဲ့
သောကစိတ်များပြားနေတာက ပေါင်းသင်းဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် ပိုမိုဝေးကွာစေပါတယ်။
သူငယ်ချင်းနဲ့မိသားစုဝင်တွေဟာ ဒီလိုစိုးရိမ်ကြောင့်ကြမှုတွေနဲ့ ရှင်သန်နေထိုင်ကြ မယ်ဆိုရင်
သူတို့အတွက်ပြင်းထန်တဲ့စိန်ခေါ်မှုတွေဖြစ်လာနိုင်ပါတယ်။
အဲဒီတော့ ကိုယ့်ဘက်ကလည်း သောကစိတ်ပွေနေတဲ့သူငယ်ချင်းတွေနဲ့
မိသားစုဝင်တွေ စိုးရိမ် စိတ်ပြေပျောက်သွားအောင် ကူညီပေးဖို့လိုအပ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုဆိုတာ
ရုပ်ပိုင်းဆိုင်ရာ အားနည်း ချက်မဟုတ်ဘူးဆိုတာကိုတော့ ကိုယ်တိုင်နားလည်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ရောဂါဝေဒနာတွေလိုပဲ စိုးရိမ်ကြောင့်ကြစိတ်ကို အထူးကြပ်မတ်ကုသပေးဖို့ လိုအပ်ပါတယ်။
စိုးရိမ်ကြောင့်ကြမှုတွေနဲ့
ရှင်သန်ခြင်း
ပထမဆုံးနဲ့
အထင်ရှားဆုံးကတော့ စိုးရိမ်ကြောင့်ကြမှုဆိုတာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ရပ်တစ်ခုလို့ လက်ခံထားရမှာဖြစ်ပါတယ်။
စိုးရိမ်ကြောင့်ကြမှုဆိုတာ လုပ်ငန်းခွင်မှာ အလုပ်ရှင်နဲ့မျက်နှာခြင်းဆိုင်တွေ့ ဆုံတဲ့အခါ
ဒါမှမဟုတ်ကျောင်းသားတစ်ယောက်ဆိုရင် စာသင်ကျောင်းမှာ နိုင်ကျင့်ဗိုလ်ကျခံရတဲ့အခါ ဒီလိုမျိုးခံစားရတတ်ပါတယ်။
ဒီလိုခံစားရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအား ပိုမိုနည်းပါးသွားပြီး
ကုသဖို့ခက်ခဲတဲ့အဆင့်ကို ပြောင်းလဲသွားနိုင်ပါတယ်။
ခံစားချက်ကတန်ပြန်ဒုက္ခပေးနိုင်ခြင်း
စိုးရိမ်ကြောင့်ကြမှုဆိုတာ
တခြားသူတွေကြောင့်ဖြစ်တယ်ဆိုတာထက် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခံယူ မှုတွေကြောင့်ဖြစ်တာကပိုများပါတယ်။
ဥပမာအားဖြင့် စိုးရိမ်ကြောင့်ကြမှု အပြည့်ရှိသူဟာ ဦးနှောက် ရဲ့တွေးခေါ်နိုင်စွမ်းအားကိုပါ
ပြောင်းလဲစေနိုင်ပြီး အရာရာကို အနှုတ်လက္ခဏာဆန်တဲ့ ရှုထောင့်ကနေပဲ သဘောထားလာပါတယ်။ ဒီအတွက်ကြောင့်
အကောင်းမြင်စိတ်ကိုပါ လျော့ကျစေပြီး ကြာလာတဲ့အခါ စိုးရိမ်ကြောင့်ကြစိတ်က ပိုမိုပြင်းထန်လာနိုင်ပါတယ်။
ဒါ့အပြင်
စိုးရိမ်ကြောင့်ကြမှုဟာ ရုပ်ပိုင်းဆိုင်ရာရောဂါဝေဒနာတွေဖြစ်ပွားလာနိုင်မှုကိုလည်း တွန်းအားပေးနိုင်စွမ်းရှိပါတယ်။
အဲဒီ စိုးရိမ်ကြောင့်ကြမှုတွေက မလိုလား0အပ်တဲ့ သန္ဓေပြောင်းလဲနိုင်စွမ်းအားကို ပိုမိုမြှင့်တင်ပေးနိုင်ပြီး
တစ်ဘ၀လုံးနီးပါး စိုးရိမ်ကြောင့်ကြမှုနဲ့ ရှင်သန်နေရမယ်ဆိုရင်တော့ ဆိုးရွားတဲ့ရောဂါလက္ခဏာတွေ
ဖြစ်ပွားလာနိုင်ပါတယ်။
စိုးရိမ်ကြောင့်ကြမှုမတွေးမိအောင်
ကြိုးစားလေ့လာခြင်း
သူငယ်ချင်းနဲ့
မိသားစုဝင်တွေမှာ ရုတ်တရက်ကြောက်စိတ်ဝင်တာမျိုးဖြစ်နေမယ်ဆိုရင် အဲဒီအချိန်မျိုးမှာ
စိုးရိမ်ကြောင့်ကြထိတ်လန့်မှု ၀င်ရောက်လာမလားဆိုတဲ့ အတွေးမျိုး မတွေးမိဖို့ ကိုယ့်ဘက်က
ဘေးကနေ အားပေးစကားပြောနေရမှာဖြစ်ပါတယ်။ ရုတ်တရက် ကြောက်စိတ်ဝင်တာက စိတ်ထဲမှာသေခါနီးအချိန်ကို
ရောက်သွားသလိုမျိုး ခံစားရနိုင်တာကြောင့် အဲဒီအချိန်မှာ ရုတ်တရက်နှလုံးဖောက်ပြန်မှုလို
ရောဂါဆိုးတွေ က အသင့်ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတတ်ပါတယ်။ တကယ်လို့ကိုယ်ကစိုးရိမ်ကြောင့်ကြမှုနဲ့ပတ်သက်လို့
အတွေ့အကြုံမရှိဘူးဆိုရင် ဒီခံစားချက်ကို အတိအကျနားလည်ဖို့ အတော်လေးခက်ပါလိမ့်မယ်။
ဆောင်ရန်နှင့်ရှောင်ရန်များ
စိုးရိမ်ကြောင့်ကြမှုဝင်နေတဲ့
သူငယ်ချင်းနဲ့မိသားစုဝင်တွေကို ဘေးကနေကူညီပေးတော့မယ်ဆိုရင် ဆောင်ရန်ရှောင်ရန်အချက်တွေကို
နားလည်သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီလိုစိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်နေ တဲ့လူတိုင်းဟာ တစ်မျိုးစီကွဲပြားခြားနားသလို
သူတို့ကိုအားပေးစကားပြောကြားရာမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူညီတာကိုသိထားရမှာဖြစ်ပါတယ်။
ဆောင်ရန်
ကိုယ်နှစ်သိမ့်အားပေးကူညီပေးမယ့်သူကို
ခံစားရသမျှဖွင့်ဟပြောဖို့အတွက် ကိုယ့်ဘက်ကအတတ်နိုင်ဆုံး တိုက်တွန်းရမှာဖြစ်ပါတယ်။ နောက်ပြီးသူတို့ရဲ့ကြောက်စိတ်တွေကို
ရင်ဖွင့်ရာမှာပြောတဲ့ အကြောင်းအရာတွေက တစ်ထပ်တည်းနီးပါးကျနိုင်ပြီး ဒီအချက်အပေါ် ကိုယ့်ဘက်ကဂရုတစိုက်နား
ထောင်ရမှာဖြစ်ပါတယ်။
ရှောင်ရန်
သွေးပျက်ထိတ်လန့်တာမျိုး
မဖြစ်ပါနဲ့။ စိုးရိမ်ကြောင့်ကြမှုဆိုတာ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရဖို့က အရေးကြီးဆုံးဖြစ်ပြီး
စိတ်ကိုကိုယ်ကမထိန်းချုပ်နိုင်လျင် စိုးရိမ်ကြောင့်ကြမှုဆိုတဲ့ ရောဂါကလည်း ကိုယ့်ကို
ဝါးမြိုသွားမှာဖြစ်ပါတယ်။
ဆောင်ရန်
ကိုယ့်ဘက်ကအတတ်နိုင်ဆုံး
သူတို့နဲ့အချိန်များများဖြုန်းဖို့အရေးကြီးပါတယ်။ စိုးရိမ်ကြောင့်ကြမှုများနေတဲ့ လူတွေရဲ့ဘေးမှာ
ကိုယ်ကအချိန်များများနေနိုင်လေ သူတို့အတွက် အကူအညီပေးရာရောက်လေလေဖြစ်ပါတယ်။ သူတို့နဲ့
စကားစမြည်များများပြောခြင်းအားဖြင့် သူတို့လည်း စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ စိုးရိမ်ကြောင့်ကြမှုတွေအကြောင်းတွေးဖို့
အချိန်နည်းသွားမှာဖြစ်ပါတယ်။
ရှောင်ရန်
စိုးရိမ်ကြောင့်ကြမှုကို
ကိုယ့်အပေါ်ရိုက်ခတ်လာမယ့်အရေးကိုလည်း ကြိုတင်တွေးထားရမှာဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ စိုးရိမ်ကြောင့်ကြနေသူတွေရဲ့
ဝေဒနာဖြေဖျောက်ပေးနိုင်ဖို့ ကူညီမယ်ဆိုရင် ပထမဆုံးပြုလုပ်ရမှာက ကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းကို
ကြံ့ခိုင်သန် စွမ်းနေအောင်ပြင်ဆင်ထားဖို့ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကသောကများသူတွေနဲ့
မကြာခဏထိတွေ့နေရတဲ့အခါ စိတ်မခိုင်ရင်ကိုယ်ကစိုးရိမ်ကြောင့်ကြမှုစိတ် ကူးစက်လာနိုင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment