မိတ်ကပ်ဖျက်တယ်ဆိုတာ မိတ်ကပ်လိမ်းသလိုပဲ အချိန်ယူရပါတယ်












မိတ်ကပ်လိမ်းတဲ့အခါ သေချာလှပဖို့ ကျကျနနအချိန်ယူကြပေမယ့် ညဘက်မိတ်ကပ် ပြန်ဖျက်တဲ့ အခါ မြန်မြန်ဆန်ဆန် ပြီးချင်ကြတာ မိန်းကလေးတွေရဲ့သဘာဝပါ။ တကယ်တော့ မိတ်ကပ်ဖျက် တယ်ဆို တာ မိတ်ကပ်လိမ်းသလိုပဲ အချိန်ယူရပါတယ်။ မိတ်ကပ်လိမ်းခြယ်တဲ့အခါ အဆင်သင့်လိမ်းခြယ်ဖို့ သတ် မှတ်ချက်တွေရှိသလို မိတ်ကပ်ပြန်ဖျက်တဲ့အခါမှာလည်း အသားအရေမပျက်စီးပဲ ကျန်းမာစေဖို့၊ လှပစေဖို့ လိုက်နာစရာနည်းလမ်းကောင်းလေးတွေ ရှိပါတယ်။  အဲဒီတော့ မိတ်ကပ်ဘယ်လိုဖျက်ကြမလဲ။

ဖျက်ကိုဖျက်ရမယ်
နံနက်ခင်းမှာ လန်းလန်းဆန်းဆန်းနဲ့ မိတ်ကပ်လိမ်းထားပေမယ့် ညဘက်ပြန်ရောက်တဲ့အခါ တစ်နေ ကုန် ပင်ပန်းထားတာရယ်၊ အိမ်ကိစ္စတွေရယ်ကြောင့် မျက်နှာသစ် မိတ်ကပ်ဖျက်ဖို့ကို အချိန်ရွှေ့ဆိုင်းနေကြ ပါတယ်။ ညအချိန်မှာ ခန္ဓာကိုယ်က အရေပြားတွေက ဆဲလ်အသစ် လုပ်ဆောင်မှုလေးတွေ ပြန်လည် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် တကယ်လို့ မိတ်ကပ်တွေမဖျက်တဲ့အခါ အရေပြားက ချွေးပေါက်လေးတွေကို ပိတ်ဆို့သွားစေပါတယ်။ အရေပြားချွေးပေါက်လေးတွေ ပိတ်ဆို့သွားစေတဲ့အတွက် အရေပြား ဆဲလ်လေးတွေက ပုံမှန်မလည်ပတ်နိုင်တော့ပဲ ဝက်ခြံ၊ အမည်းစက်လေးတွေ ဖြစ်ပေါ်လာပါ တယ်။

အလွယ်တကူဖျက်မိခြင်း
မိတ်ကပ်ဖျက်တစ်ရှူးလေးတွေက အရေပြားပေါ်ကမိတ်ကပ်တွေကို အလွယ်တကူဖျက်နိုင်တယ်လို့ ထင်ရပေမယ့် အရေပြားချွေးပေါက်လေးတွေထဲက မိတ်ကပ်အကြွင်းအကျန်လေးတွေကိုတော့ ကုန်စင်အောင် မဖျက်ပေးနိုင်ပါဘူး။ အဲဒါကြောင့် မိတ်ကပ်ဖျက်တစ်ရှူးလေးတွေက ပထမအဆင့် မိတ်ကပ်ဖျက်နိုင်ရုံ လောက်သာ အသုံးဝင်ပါတယ်။ 

ဆံပင်တွေကို သေချာမစည်းနှောင်ထားတဲ့အခါ
မိတ်ကပ်ဖျက်တဲ့အခါ အရေးကြီးတာက နဖူးပေါ်ကဆံစလေးတွေကို သေချာနောက်ကိုစုစည်း ထားဖို့ပါပဲ။ ဆံပင်တွေက မျက်နှာပေါ်မှာရှုပ်နေတဲ့အခါ မိတ်ကပ်ဖျက်တဲ့အခါ အနှောင့်အယှက်ဖြစ်စေပြီး မိတ်ကပ်အကြွင်းအကျန်တွေကို အသားအရေပေါ်မှာ ကပ်ကျန်စေပါတယ်။ 

မျက်တောင်ကော့ဆေးဖျက်တဲ့အခါ
မျက်တောင်ပေါ်မှာ အသုံးပြုထားတဲ့ မျက်တောင်ကော့ဆေးလေးတွေ ဖျက်တာကလည်း အရေးကြီး ပါတယ်။ မျက်တောင်တွေကို မှားယွင်းစွာဖျက်မိတဲ့အတွက် မျက်တောင်တွေ ကျိုးပဲ့ပျက်စီးသွားနိုင်ပါတယ်။ အဲဒါကြောင့် မျက်လုံးကို ငြင်သာစွာပိတ်ပြီး မျက်တောင်လေးတွေရဲ့ သွားရာလမ်ကြောင်းအတိုင်း မျက်တောင်ကော့ဆေးလေးများကို ဖျက်ပေးပါ။

နှုတ်ခမ်းဆိုးဆေးကို ဦးစွာဖျက်ပါ
နှုတ်ခမ်းဆိုးက မိတ်ကပ်ဖျက်တဲ့အခါ ပထမဦးဆုံးဖျက်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အသားရောင် ခပ်ဖျော့ဖျော့နှုတ်ခမ်းဆိုးဆေးပဲ သုံးထားပါစေ။ အဲဒီအတွက် နှုတ်ခမ်းကို ဦးစွာဖျက်ပြီးမှ မိတ်ကပ်ဖျက်ဖို့ လိုပါတယ်။

အချိန်ယူပါ
မျက်ဝန်းတစ်ဝိုက်အရေပြားတွေက အလွန်နူးညံ့ပါတယ်။ အဲဒါကြောင့် မိတ်ကပ်ကို ခပ်မြန်မြန်ဖျက် တဲ့အခါ အသားအရေကိုပွန်းပဲ့ပြီး မျက်ဝန်းကို နီရဲစေနိုင်ပါတယ်။ အဲဒါကြောင့် မိတ်ကပ်ဖျက်တဲ့အခါ မျက်ဝန်းတစ်ဝိုက်ကို ဂွမ်းစလေးဖြင့် ညင်သာစွာပွတ်တိုက်ပေးဖို့လိုပါတယ်။ လိုအပ်ပါက မျက်ဝန်းတစ်ဝိုက်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ မိတ်ကပ်ဖျက်ဆေးမျိုးကို အသုံးပြုပေးပါ။ 

မသန့်ရှင်းသောဂွမ်းစများ သုံစွဲမိတဲ့အခါ
ဂွမ်းစလေးတွေက သေးငယ်တဲ့အမျှင်လေးတွေနဲ့ ရက်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒီဂွမ်းစလေးတွေက မသန့်ရှင်းတဲ့အခါ အဲဒီဂွမ်းစလေးတွေထဲမှာပါဝင်နေတဲ့ အမှိုက်စလေးတွေက အရေပြားကို ပွန်းပဲ့သွားစေနိုင်ပါတယ်။ အဲဒါကြောင့် အကောင်းဆုံးကတော့ သန့်ရှင်းတဲ့ဝါဂွမ်းစလေးတွေကို အသုံးပြုပေးဖို့ပဲ လိုပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment