Beauty Saloon မသွားဘူး အိမ်မှာပဲအသားအရေထိန်းမယ်












အခုလို နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ မအားလပ်အောင် အလုပ်များလာတဲ့ သည်ခေတ်ကြီးထဲမှာ Beauty Saloon ထိသွားပြီး အသားအရေထိန်းသိမ်းဖို့က အတော်ခဲယဉ်းလာပါပြီ။ တစ်ပတ်လုံး အလုပ်တွေလုပ်။ အားလပ်ရက်လေး အသားအရေထိန်းဖို့ Beauty Saloon ကိုသွားပြန်တော့လည်း သူလိုကိုယ်လိုလာကြတဲ့လူတွေနဲ့ စောင့်ဆိုင်းရတာ အချိန်တွေကုန်လို့ပေါ့။ တကယ်တမ်း အသားအရေထိန်းသိမ်းဖို့က အချိန်လည်းမကုန်၊ ငွေအကုန်အကျလည်း သက်သာ၊ Beauty Saloon တွေအထိ သွားစရာမလိုဘဲ အိမ်မှာပဲ စိတ်အေးလက်အေး ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

ငှက်ပျောသီးမျက်နှာပေါင်းတင်ခရင်မ်
ငှက်ပျောသီးက ပျားရည်နဲ့ ရောစပ်လိုက်တဲ့အခါ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် အသားအရေကိုစိုပြေစေပြီး အားဖြည့်ပေးတဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်လာပါတော့တယ်။ ဒါ့အပြင် ငှက်ပျောသီးက အသားအရေထိန်းသိမ်းရာမှာ အလွယ်ကူဆုံး လျင်မြန်စွာပြင်ဆင်နိုင်ပါတယ်။ ငှက်ပျောသီးတစ်လုံး ပျားရည်အနည်းငယ်ရောစပ်ပြီး မျက်နှာပြင်အနှံ့ ပွတ်ထားပေးပါ။ မိနစ် ၂၀ ခန့် အကြာမှာ ရေဖြင့်ဆေးချပါ။

ထောပတ်သီးမျက်နှာပေါင်းတင်ခရင်မ်
ထောပတ်သီးကတော့ အပူဒဏ်ကြောင့် အသားအရေမှာ ဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ သဘာဝအသားအရေထိန်းပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးအနှစ်၊ ကြက်ဥအကာ၊ ပျားရည်တစ်ဇွန်းခန့် ရောစပ်ပြီး မျက်နှာပြင်အနှံ့ လိမ်းထားပေးပါ။ ၁၀ မိနစ် ၁၅ မိနစ် ခန့်အကြာမှ ရေအေးအေးဖြင့် ဆေးချပစ်လိုက်ပါ။

ကီဝီသီးမျက်နှာပေါင်းတင်ခရင်မ်
ဗီတာမင်စီကြွယ်ဝစွာပါဝင်တဲ့ ကီဝီသီးက ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ကီဝီသီး၊ ဒိန်ချဉ်တို့ကိုရောစပ်ပြီး မျက်ဝန်းဧရိယာမှအပ မျက်နှာပြင်အနှံ့သုတ် လိမ်းပေးထားပါ။ ၁၀ မိနစ် ၁၅ မိနစ်ခန့်အကြာမှ ရေဖြင့်ဆေးချလိုက်ပါ။ အသားအရေကိုနူးညံ့စွာ ကြေးချွတ်ပေးနိုင်ဖို့အတွက် ကီဝီသီးအစေ့လေးတွေကို အသုံးပြုပေးနိုင်ပါတယ်။

သင်္ဘောသီးမျက်နှာပေါင်းတင်ခရင်မ်
ခြောက်သွေ့ပြီး မွဲခြောက်နေတဲ့အသားအရေအတွက် သင်္ဘောသီးက အကောင်းဆုံးဖြစ်ပါတယ်။ သင်္ဘောသီးအနည်းငယ်၊ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ်တို့ကို ပျစ်စေးနေအောင်ရောစပ်ပြီး ၄င်းအနှစ်ကို မျက်နှာနဲ့ လည်ပင်းအရေပြားမှာ ၁၀ မိနစ်ခန့်လိမ်းထားပေးပြီး ရေစင်အောင် ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေကို ဝင်းပပြီး စိုပြေကြည်လင်စေပါလိမ့်မယ်။

မုန်လာဥနီမျက်နှာပေါင်းတင်ကရင်မ်
မုန်လာဥနီက အသားအရေ ထိန်းသိမ်းရာမှာတင်မကပဲ ကျန်းမာရေးအတွက်ပါ အသုံးဝင်ပါတယ်။ မုန်လာဥနီက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ အသားအရေထိန်းသိမ်းမှုပိုင်းအရ မုန်လာဥနီက ချွေးပေါက်များကို ကျဉ်းစေပြီး မျက်နှာပြင်က အမည်းစက်များကို လျော့ပါးသက်သာစေပါတယ်။ မုန်လာဥနီ၊ ဒိန်ချဉ်တို့ကို ပျစ်နေအောင်ရောစပ်ပြီး ၄င်းအနှစ်ကို မျက်နှာပြင်အနှံ့ လိမ်းပေးထားပါ။ ၅ မိနစ် ၁၀ မိနစ်အကြာမှ ရေခပ်နွေးနွေးလေးဖြင့် ဆေးချလိုက်ပါ။

ပင်စိမ်းရွက်၊ ပျားရည်မျက်နှာပေါင်းတင်ခရင်မ်
ဝက်ခြံသမားများအတွက် အကောင်းဆုံးကတော့ ပင်စိမ်းရွက်နဲ့ ပျားရည်အသုံးပြုပြီး မျက်နှာ ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ ပင်စိမ်း ရွက်လက်တစ်ဆုပ်ခန့်ကို ကြေအောင်ခြေပြီး ပျားရည်လ္ဘက်ရည် ဇွန်းတစ်ဇွန်းဖြင့် သမအောင်မွှေပါ။ ၄င်းအနှစ်ကို မျက်နှာအသားအရေ မှာ ၅ မိနစ်ခန့်လိမ်းထားပေးပြီး ရေဖြင့်ဆေးချလိုက်ပါ။ ဝက်ခြံတွေကို သိသိသာသာ ပျောက်ကင်းသက်သာစေပါတယ်။


စတော်ဘယ်ရီ၊ ဒိန်ချဉ် မျက်နှာပေါင်းတင်ခရင်မ်
စတော်ဘယ်ရီ၊ ဒိန်ချဉ်က အသားအရေမှာ လိမ်းပေးနိုင်ရုံတင်မကပါဘူး။ ဖျော်ရည်အနေနဲ့ပါ သောက်သုံးနိုင်ပါတယ်။ စတော်ဘယ်ရီသီးနဲ့ ဒိန်ချဉ်ကိုရောစပ်ပြီး ၄င်းအနှစ်ကို မျက်နှာပြင်မှာ လိမ်းပေးနိုင်ပါတယ်။ စတော်ဘယ်ရီ၊ ဒိန်ချဉ်မျက်နှာပေါင်းတင်ခရင်မ်က အသားအရေကို ကြည်လင်စေပါတယ်။

ခရမ်းချဉ်သီးမျက်နှာပေါင်းတင်ခရင်မ်
ဝက်ခြံတွေသက်သာပျောက်ကင်းစေဖို့ နောက်ထပ် နည်းလမ်းကောင်းတစ်ခုကတော့ ခရမ်းချဉ်သီးပဲ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးအရည်ကို မျက်နှာပြင်အနှံ့ သုတ်လိမ်းထားပေးပြီး ၅ မိနစ်ခန့်အကြာမှာ ရေဖြင့်ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေကို သိသိသာသာလျော့ပါးသက်သာစေပါတယ်။

မုန်လာဥနီ၊ သံပုရာရည် မျက်နှာပေါင်းတင်ခရင်မ်
မုန်လာဥနီ၊ ပျားရည်လ္ဘက်ရည်ဇွန်းတစ်ဇွန်း၊ သံပုရာရည်လ္ဘက်ရည်ဇွန်းတစ်ဇွန်းကို ရောစပ်ပြီး မျက်နှာပြင်အနှံ့ သုတ်လိမ်းပေးပါ။ အသားအရေကို ညီညာပြီး ချောမွေ့စေပါလိမ့်မယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment