လူအများစု
အထူးသဖြင့် အမျိုးသမီးတွေ မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားကို ဂရုတစိုက်ထိန်းသိမ်း ကြပေမယ့်
လက်ချောင်းလေးတွေရဲ့ အသားအရေထိန်းသိမ်းမှုကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ လက်ချောင်းလေးတွေက
မျက်နှာပြင်အသားအရည်လှပမှုကို ကူညီပေးတဲ့ပစ္စည်းလေးတွေ မဟုတ်ပါလား။ တကယ်လို့ ကိုယ့်ရဲ့လက်ချောင်းကလေးတွေကို
ဂရုမစိုက်ဘူးဆိုရင်တော့ လက် အရေပြား က တခြားခန္ဓာကိုယ်အရေပြားနဲ့မတူဘဲ အိုမင်းလာပါလိမ့်မယ်။
အဲဒီတော့ လှပတဲ့လက်ချောင်းကလေးတွေ ဖြစ်အောင် ဘယ်လိုထိန်းသိမ်းကြမလဲ …
နေရောင်ခြည်ထိတွေ့မှုရှောင်ပါ
လှပတဲ့လက်ချောင်းလေးတွေ
ပိုင်ဆိုင်ဖို့ ပထမဦးဆုံးသတိပြုရမှာကတော့ နေရောင်ခြည် ထိတွေ့မှု ကနေ ရှောင်ရှားဖို့ပဲ
ဖြစ်ပါတယ်။ လက်အရေပြားကို အဓိကအိုမင်းရင့်ရော်သွားစေတာကတော့ နေရောင်ခြည်ဒဏ်ပဲ ဖြစ်ပါတယ်။
နေရောင်ခြည်က အသက်အရွယ်ကြောင့် ဖြစ်ပေါ်စေတဲ့အမည်းစက်တွေ ကို ဖြစ်ပေါ်စေပြီး အရေပြားကို
ခြောက်သွေ့သွားစေပါတယ်။ အရေပြားခြောက်သွေ့တဲ့အတွက် အရေး အကြောင်းတွေ ပေါ်လာပါတော့တယ်။
အဲဒီအတွက် အပြင်သွားတိုင်း အိမ်ထဲမှာနေတိုင်း အသားအရေ ထိန်းသိမ်းဖို့ မမေ့ပါနဲ့။ နေရောင်ကာကွယ်ဆေးလိမ်းပေးဖို့
မမေ့ပါနဲ့။
အစိုဓာတ်ဖြည့်ပေးပါ
နောက်ထပ်
လှပတဲ့အရေပြားလေးတွေပိုင်ဆိုင်ဖို့ နည်းလမ်းကောင်းတစ်ခုကတော့ ခြောက်သွေ့ပြီး အဖတ်များကွာနေတဲ့
အရေပြားကို အစိုဓာတ်ဖြည့်ပေးဖို့ပဲ ဖြစ်ပါတယ်။ နေ့စဉ်ပုံမှန် အစိုဓာတ်ထိန်း ခရင်မ်သုံးပေးပါ။
လက်ဆေးတဲ့အခါမှာလည်း ဆပ်ပြာကိုရနံ့ကင်းပြီး နူးညံ့ပျော့ပျောင်းတဲ့ ဆပ်ပြာလိုမျိုး သုံးပေးပါ။
ပန်းကန်ဆေး၊ အဝတ်လျှော်တဲ့အခါမှာလည်း လက်အိတ်လိုမျိုး အကာအကွယ်ပစ္စည်း ဝတ်ဆင်ပေးပါ။
နှိပ်နယ်ပေးပါ
လက်အရေပြားပေါ်က
ခြောက်သွေ့ပြီးကွဲအက်နေတဲ့သွင်ပြင်ကို လျော့ချပေးဖို့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့
လက်အရေပြားကို ဖြည်းညင်းစွာ နှိပ်နယ်ပေးဖို့ပါပဲ။ တစ်ပတ် တစ်ကြိမ်ခန့် သံလွင်ဆီအနည်းငယ်ဖြင့်
လက်ချောင်းကလေးများကို နှိပ်နယ်ပေးပါ။ ၄င်းက လက်အရေပြား သွေးလည်ပတ်မှုကို ကောင်းစေပြီး
အသားအရေကို တင်းရင်းကျစ်လျစ်စေပါတယ်။
ကြေးချွတ်ပေးပါ
ခြောက်သွေ့ပြီး
အဖတ်များကွာနေတဲ့အရေပြားက လက်ချောင်းအလှကို ရုပ်ဆိုးအကျဉ်းတန် သွားစေပါတယ်။ အဲဒီလိုဖြစ်နေတဲ့အတွက်
အရေပြားအတွင်း အစိုဓာတ်စုပ်ယူနိုင်စွမ်းကိုပါ အတားအဆီးဖြစ်စေပါတယ်။ အဲဒီအတွက် သကြား၊
ကော်ဖီမှုန့်နဲ့ သံလွင်ဆီတို့ကို ရောစပ်ပြီး လက်အရေပြားပေါ်က အရေပြားဆဲလ်အသေလေးတွေကို
ဖယ်ရှားပေးနိုင်ပါတယ်။
အဝါရောင်သန်းနေတဲ့လက်သည်းတွေ
တကယ်လို့
လက်သည်းတွေက အဝါရောင်ညစ်ထပ်ထပ်ဖြစ်နေရင်တော့ သံပုရာရည်ကိုသုံးပြီး ကြေးချွတ်ပေးနိုင်ပါတယ်။
သံပုရာသီးအခွံကို လက်သည်းခွံပေါ်မှာ ပွတ်ပေးပြီး လက်သည်းက အဝါရောင်အစွန်းအထင်းတွေကို
သန့်စင်ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အဲဒီအဝါရောင်သန်းနေရခြင်းက မှိုကြောင့်ဖြစ်တဲ့အတွက်
ဆရာဝန်နဲ့ပြသသင့်ပါတယ်။
အမည်းစက်တွေကို ဖယ်ရှားပေးပါ
အမည်းစက်ကလေးတွေက
နေရောင်ခြည်နဲ့ အချိန်အတော်ကြာ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ ၄င်းအမည်းစက်ကလေးတွေကို
အာလူးအရည် ဒါမှမဟုတ် သံပုရာရည်ရောစပ်ပြီး လိမ်းထားပေးခြင်းအားဖြင့် သက်သာစေပါတယ်။
လက်သည်းခြေသည်း ထိန်းသိမ်းပါ
လက်ချောင်းကလေးတွေ
နုပျိုလှပလာစေဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ လက်သည်းခြေသည်းလေးတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပြီး
လက်သည်းအရောင်လေးတွေ ခြယ်သပေးဖို့ပါပဲ။ သတိထားရမှာက လက်သည်းဆိုးဆေးသုံးတဲ့အခါ မျက်နှာအရေပြား
ဂရုတစိုက်ထိန်းသိမ်းသလို အရည်အသွေးကောင်းတဲ့ပစ္စည်းလေးတွေ ဖြစ်ဖို့လိုပါတယ်။ မကြာခဏ
မသုံးစွဲဖို့လည်း သတိပြုပါ။
ကျိုးပဲ့လွယ်တဲ့လက်သည်းလေးတွေကို ကုသပေးပါ
ကျိုးပဲ့လွယ်စေတဲ့
လက်သည်း၊ ခြေသည်းလေးတွေကလည်း လက်အရေပြားကို ပိုပြီးအိုမင်းသွားသယောင်ထင်ရစေတဲ့ သင်္ကေတလေးတွေပါ။
အဲဒီလို ပြဿနာလေးတွေအတွက် သံလွင်ဆီ၊ သံပုရာရည်ကို ရောစပ်ပြီး လက်သည်း၊ ခြေသည်းလေးတွေမှာ
တစ်နာရီခန့်အကြာ သုတ်လိမ်းပေးပါ။ နေ့စဉ် တစ်နေ့နှစ်ကြိမ် ပုံမှန်လုပ်ဆောင်ပေးသွားပါ။
ကြိုတင်ကာကွယ်ပါ
‘ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်’ဆိုတဲ့
စကားအတိုင်း ဘယ်အရာမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပါ။ လှပတဲ့လက်ချောင်းလေးတွေပိုင်ဆိုင်ဖို့
နေရောင်ခြည် မကြာခဏထိတွေ့ခြင်းရှောင်ပါ။ လက်ဆေးဆပ်ပြာလို အက်ဆစ်ဓာတ် ပါဝင်တဲ့ပစ္စည်းတွေနဲ့
အချိန်အကြာကြီး ထိတွေ့ခြင်းရှောင်ပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment