လူတစ်ယောက်ကိုလှတယ်လို့
ပြောလိုက်ရင် အသားအရေလှပတာ၊ ခန္ဓာကိုယ်ရှည်ရှည် သွယ်သွယ်လေးကို ပြေးမြင်မိကြမှာပါ။ အသားအရေလှပဖို့အတွက်
အသားအရေထိန်းပစ္စည်းတွေသုံးကြ တယ်။ Comestics ပစ္စည်းတွေ သုံးကြတယ်။ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့အတွက်က
အစားအသောက်နဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြတယ်။ တကယ်တော့ ကိုယ်စားသုံးတဲ့ အစားအစာကလည်း
အသားအရေလှပမှုနဲ့ အများကြီး ဆက်နွယ်နေပါတယ်။ အသားအရေနဲ့တင်မကပါဘူး။ ဆံပင်၊ စိတ်တို့နဲ့လည်း
ပတ်သက်ဆက်နွယ်နေပြန်တယ်။ အဲဒီတော့ ခန္ဓာကိုယ်အလေးချိန်ထိန်းတဲ့ ကိုကိုမမတို့အတွက် အစားအစာက
အလှအပနဲ့ ဘယ်လောက်ပတ်သက်နေတယ်ဆိုတာ လေ့လာကြည့်ကြရအောင် ...
ခန္ဓာကိုယ်အလေးချိန်ကို သက်ရောက်စေတယ်
အစားအသောက်တွေ
ပရမ်းပတာအလွန်အကျွံ စားသုံးတာက ခန္ဓာကိုယ်အလေးချိန်တက်စေပါတယ်။ လူတစ်ယောက်က လှဖို့အတွက်
ခန္ဓာကိုယ်က မော်ဒယ်တစ်ယောက်လို ပိန်သွယ်နေစရာမလိုပါဘူး။ အဝလွန်ခြင်းက သွေးတိုး၊ ဆီးချို၊
နှလုံးရောဂါတွေနဲ့ အခြားသောပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။
ဆံသားကိုထိခိုက်မယ်
အသားအရေအတွက်
အာဟာရလိုသလို ဆံသားလေးတွေကလည်း အာဟာရဓာတ် လိုအပ်ပါတယ်။ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ရရှိဖို့
လွဲမှားတဲ့ စားသောက်မှုပုံစံတွေကြောင့် ဆံကေသာကို တိုက်ရိုက် ထိခိုက်လာနိုင်ပါတယ်။ ခန္ဓာကိုယ်က
လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ လုံလောက်စွာမရရှိတဲ့အခါ ဆံသားလေးတွေက အားနည်းနေပြီး
မွဲခြောက်လာပါတော့တယ်။
လက်သည်း၊ခြေသည်း ထိခိုက်မယ်
အလှအပအတွက်
ကြိုးစားပမ်းစားလုပ်ဆောင်နေကြပေမယ့် အားလုံးသတိမေ့နေတာက လက်သည်းခြေသည်းလေးတွေပါ။ လက်သည်းခြေသည်းလေးတွေ
အလွယ်တကူကျိုးပဲ့နိုင်ပြီး အရောင် ပြောင်းလာတဲ့အခါ ဒါက ကိုယ်စားသုံးနေတဲ့အစားအစာကို
သတိထားဆင်ခြင်ရတော့မယ့် သင်္ကေတတစ်ခုပါ။ ဆံသားလေးတွေလိုပဲ လက်သည်းခြေသည်းလေးတွေက အသား၊
ငါး၊ ကြက်ဥ၊ နို့ထွက် ပစ္စည်းတို့ကရရှိတဲ့ ပရိုတင်းဓာတ် လိုအပ်ပါတယ်။
အသားအရေညှိုနွမ်းလာမယ်
စားသုံးတဲ့အစားအစာက
အသားအရေကို တိုက်ရိုက် အကျိုးရှိစေပါတယ်။ အသားအရေ ခြောက်သွေ့ခြင်း၊ အမည်းစက်တွေ ထွက်လာတာက
လွဲမှားစွာစားသောက်မှုရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ လက်ဆတ်သန့်ရှင်းတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊
ပရိုတင်းကြွယ်ဝတဲ့ အစားအစာတို့ကသာ အသားအရေကို စိုပြေလှပစေဖို့ ကူညီပေးပါလိမ့်မယ်။ အဆီများတဲ့
အသင့်စားအစာတွေ စားသုံးခြင်း ရှောင်ပါ။ အဲဒီ အစားအစာတွေက အသားအရေကို စေးကပ်စေပြီး ဝက်ခြံပြဿနာတွေ
ဖြစ်ပေါ်စေနိုင်ပါတယ်။
အိုမင်းရင့်ရော်မှုနဲ့ ဆက်နွယ်နေပါတယ်
ကိုယ်စားသုံးတဲ့အစားအစာက
အိုမင်းရင့်ရော်မှုနဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်။ သဘာဝ သစ်သီး၊ ဟင်းသီးဟင်းရွက်တို့လို
အင်တီအောက်ဆီဒင့်ကြွယ်ဝစွာ ပါဝင်တဲ့အစားအစာက အိုမင်းရင့်ရော်မှုကို နှေးကွေးစေသလို အသားအရေမှာဖြစ်တတ်တဲ့
အရေးအကြောင်းတွေ လျော့ပါးသက်သာစေပါတယ်။
မျက်ဝန်း၊ မျက်တောင်ကို သက်ရောက်စေတယ်
ရေကို
နေ့စဉ်ပုံမှန် အလုံအလောက်မသောက်သုံးတဲ့အခါ မှန်ကန်တဲ့ စားသောက်နေထိုင်မှု မရှိတဲ့အခါမှာ
ကိုယ့်ရဲ့မျက်လုံး၊ မျက်တောင်တို့ကလည်း ဖော်ပြတတ်ပါတယ်။ မျက်တောင်ဆိုတာလည်း ဆံကေသာကဲ့သို့ပင်
အမွှေးအမျှင်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ်က လုံလောက်မျှတတဲ့ အာဟာရမရရှိတဲ့အခါ မျက်တောင်တွေက
ကျွတ်ပြီးပါလာပါတော့တယ်။
စိတ်ကျန်းမာရေးကိုလည်း သက်ရောက်စေတယ်
နေ့စဉ်လုံလောက်မျှတတဲ့ အာဟာရမရရှိခြင်းကလည်း
စိတ်ကျန်းမာရေးကို များစွာထိခိုက်စေပါတယ်။ အာဟာရချို့တဲ့တဲ့အတွက် အသားအရေက မွဲခြောက်ကြမ်းတမ်းနေမယ်။
အဲဒီအသားအရေကို ကြည့်မိတဲ့ ကိုယ်ကိုယ်တိုင်လည်း စိတ်မသက်မသာဖြစ်ရပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အခါ
နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ကိုင်ရတဲ့အခါ ကိုယ့်အတွက်ပိုပြီး ယုတ်လျော့စေမှာသေချာပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment