လုပ်ငန်းခွင်တွေမှာ
သူဌေးတွေ၊ မန်နေဂျာတွေနဲ့ ပြောဆိုဆက်ဆံရတာမျိုးတွေရှိပြီး အလုပ်ထဲမှာ အဆင် မပြေဘူးဆိုရင်တော့
ဆိုးရွားတဲ့သူဌေးနဲ့ မန်နေဂျာတွေကို အလွယ်တကူရွေးထုတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့
တကယ့်ကိုအံ့အားသင့်ဖွယ်ကောင်းတဲ့ ဦးဆောင်သူတွေဟာ ကိုယ့်အလုပ်ထဲမှာ လည်းရှိနေတတ်ပြီး
သူတို့အနေနဲ့ကိုယ့်ရဲ့ အလုပ်သမားတွေကိုလေးစားမှု အပြည့်ရှိသလို အလုပ် သမားတွေအတွက် မှန်ကန်တဲ့ကိစ္စတွေပဲ
ဦးဆောင်သူအဖြစ်ဆောင်ရွက်ပေးဖို့ ဆန္ဒပြင်းပြလေ့ရှိပါတယ်။ လက်ရှိအချိန်မှာ အလုပ်ရှင်နဲ့အလုပ်သမားကြား
ပြဿနာတွေရှိနေပေမယ့် ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်ထားတဲ့ အလုပ်ရှင်နဲ့အလုပ်သမားတွေလည်း
အများအပြားရှိနေပါတယ်။ အလုပ်ရှင်ကောင်း တစ်ယောက်အဖြစ် သတ်မှတ်ရမယ့်အချက်တွေကို ဖော်ပြရမယ်ဆိုရင်…
ဦးဆောင်မှုကောင်းပေးစွမ်းနိုင်တယ်။
သူဌေးကောင်းတစ်ယောက်ရဲ့ပေါ်လွင်အထင်ရှားဆုံးလက္ခဏာကတော့
ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ဦးဆောင်နိုင်မှုစွမ်းအားမြင့်မားခြင်းပါပဲ။ သူတို့ဟာအမြဲတမ်းဦးဆောင်နိုင်စွမ်းရှိပြီး
တိကျရှင်း လင်းသေချာ တဲ့အမြင်တွေလည်း ပိုင်ဆိုင်ထားပါတယ်။ ကုမ္ပဏီက ဘယ်ဘက်ကိုဦးတည်နေပြီလဲဆိုတာ
ခရေစေ့တွင်း ကျသိသလို ကိုယ့်ရဲ့အလုပ်သမားတွေအတွက် တန်ဖိုးရှိတဲ့အကြံဉာဏ်တွေလည်း အမြဲတမ်းပေးလေ့ ရှိပါတယ်။
သူတို့ဟာ ကိုယ်လိုချင်တဲ့ပုံစံနဲ့ ကုမ္ပဏီရဲ့ရည်မှန်းချက် ပြည့်မြောက်စေရေးအတွက် အမြဲတမ်း ဆက်သွယ်လေ့ရှိပါတယ်။
ဖော်ရွေရင်းနှီးမှုလည်းရှိတယ်
သူဌေးဆိုးနဲ့
သူဌေးကောင်းတွေကို ခွဲခြားသတ်မှတ်ရာမှာ အထင်ရှားဆုံးကတော့ ဖော်ရွေရင်းနှီးမှုပါပဲ။ သူဌေးကောင်းဆိုတာ
ကိုယ့်ရဲ့ဝန်ထမ်းတွေကို လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားလေ့ရှိပြီး ဖော်ရွေ ရင်းနှီးမှုလည်းရှိပါတယ်။
တကယ်လို့ အလုပ်သမားတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်ထဲမှာ ပြဿနာ တစ်ခုခုတက်ပြီဆိုရင် သူ့ကိုအလွယ်တကူတိုင်ပင်လို့ရလောက်တဲ့အထိ
သူဌေးနဲ့အလုပ်သမားကြားက ရင်းနှီးဖော်ရွေမှုက ပြင်းထန်လွန်းပါတယ်။ အလုပ်သမားဘက်ကလည်း
သူဌေးကောင်းနဲ့တိုင်ပင်ရင် သူ့ဆီက အကြံဉာဏ်ကောင်းတွေထွက်လာမယ်ဆိုတာကို နားလည်ထားသလို
ပြဿနာတွေဖြေရှင်း ရာမှာလည်း အကူအညီပေးနိုင်တယ်လို့ ယုံကြည်ထားပါတယ်။
လူမှုဆက်ဆံရေးကိုလည်း
အကျိုးရှိရှိအသုံးချနိုင်တယ်။
စံနမူနာထားစရာကောင်းတဲ့
သူဌေးတွေဟာ လူမှုဆက်ဆံရေးစွမ်းရည်လည်း အမြင့်ဆုံးအနေအထား မှာရှိနေပါတယ်။ သူတို့ဟာ အလုပ်သမားတွေဆီကပြောသမျှကို
တလေးတစားနဲ့ အာရုံစိုက် နားထောင် သလို ကိုယ့်ရဲ့စကားကိုလည်း တစ်ဖက်လူနားထောင်ချင်လာအောင်
ပြောနိုင်စွမ်းလည်းရှိပါတယ်။ သူတို့ဟာအလုပ်သမားတွေကို ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာ
အတိအကျပြောနိုင်စွမ်းရှိပါတယ်။
တာဝန်ယူမှုအပြည့်လည်းရှိတယ်။
ဆိုးရွားတဲ့သူဌေးတွေဟာ
လုပ်ငန်းကျရှုံးရင် အလုပ်သမားတွေအပေါ်ကိုပဲ အပြစ်လွှဲချလေ့ရှိပြီး ကုမ္ပဏီရဲ့ ကျရှုံးမှုအတွက်
တာဝန်ယူမှုဆိုတာလည်းမရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူဌေးကောင်းတွေကတော့ လုပ်ငန်းကျရှုံးမှုဖြစ်လာပြီဆိုရင်လည်း
အဲဒီဖြစ်ရပ်အတွက် အပြည့်အ၀တာဝန်ယူလေ့ရှိပြီး ကိုယ့်ရဲ့ အလုပ် သမားတွေကိုတောင် ကာကွယ်ပေးလေ့ရှိပါတယ်။
ပြဿနာတွေကိုအကောင်း
ဆုံးဖြေရှင်းနိုင်သူတွေလည်းဖြစ်တယ်။
သူဌေးကောင်းတွေဟာ
လုပ်ငန်းခွင်အတွင်း ပြဿနာတစ်ခုခုပေါ်လာရင် အကောင်းဆုံးဖြေရှင်းနိုင်စွမ်း လည်းရှိပါတယ်။
သူတို့ဟာ ပြဿနာသေးသေးလေးတွေကအစ ရင်ဆိုင်ဖြေရှင်းဖို့အသင့်ရှိနေတတ်ပြီး သူဌေးဆိုပေမယ့်
လေ့လာသင်ယူနေဆဲဖြစ်သလို ကိုယ့်ရဲ့စွမ်းရည်နဲ့ အသိပညာ အတတ်ပညာတွေ တိုးတက်နေဖို့လည်း အမြဲတမ်းကြိုးစားလေ့ရှိပါတယ်။
ဒါ့အပြင် သူတို့ဟာ လုပ်ငန်းခွင်အတွင်း အလုပ် သမားတွေရဲ့ပြဿနာကိုဖြေရှင်းပေးရာမှာ စိတ်ဓာတ်အပြည့်နဲ့
ကိုယ့်ရဲ့ပြဿနာလို့သဘောထားပြီး ဖြေရှင်းပေးလေ့လည်းရှိပါတယ်။
လူတိုင်းကိုတန်းတူဆက်ဆံလေ့မရှိဘူး။
သူဌေးကောင်းတွေဟာ
ကိုယ့်အလုပ်သမားတစ်ဦးချင်းစီရဲ့အကြောင်းကို ခရေစေ့တွင်းကျ နားလည်ထား သူဖြစ်ပြီး သူတို့ကိုလည်း
သက်ဆိုင်ရာကဏ္ဍအလိုက် ခွဲခြားဆက်ဆံလေ့ရှိပါတယ်။ သူဌေးကောင်းတွေဟာ လုပ်ငန်းခွင်အတွက် သူတို့ထက်ပိုမိုစမတ်ကျတဲ့သူမျိုးကို
အလုပ်ခန့်ဖို့မကြောက်သလို ကိုယ့်ထက် ပညာသာ တဲ့သူဆီက အကြံဉာဏ်ကောင်းတွေယူဖို့လည်း လက်တွန့်လေ့မရှိပါဘူး။
ဆုံးဖြတ်ချက်တွေလည်းမှန်ကန်မြန်ဆန်စွာချမှတ်နိုင်တယ်။
သူဌေးကောင်းတွေဟာ
အ ရေးကြီးရင်ကြီးသလို ဆုံးဖြတ်ချက် တွေကို မြန်မြန်ဆန်ဆန်ချမှတ်နိုင်စွမ်းရှိပြီး
အဲဒီဆုံးဖြတ်ချက်ရဲ့အကျိုးအပြစ်တွေကိုလည်း အပြည့်အဝတာဝန်ယူလေ့ရှိပါတယ်။ နောက်ပြီး သူတို့ဟာ
အလုပ်သမားတွေရဲ့လိုအပ်ချက်နဲ့ ကုမ္ပဏီရဲ့လိုအပ်ချက်ကြား ဟန်ချက်ညီမျှအောင် ထိန်းထားရမယ်ဆိုတာ ကိုလည်း
လက်ခံထားပါတယ်။ ဒီအတွက်ကြောင့် အလုပ်သမားတွေ ကျေနပ်ပျော်ရွှင်မှ ကုမ္ပဏီရဲ့ကုန်ထုတ်နိုင်စွမ်းအား
တိုးတက်လာမယ်ဆိုတဲ့ဆောင်ပုဒ်အတိုင်း သူဌေးကောင်းတွေဟာ အလုပ်သမားတွေဘက်ကနေ ပထမဆုံးထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။
သူဌေးကောင်းတစ်ယောက်ဟာ ရိုးသားမှုရှိဖို့လည်းလိုအပ်ပြီး တန်ဖိုးထားမှုလည်းရှိရပါမယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment