ဆံကေသာဆိုတာ
ဖုံးကွယ်ထားလို့ မရပါဘူး။ ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်ဖြစ်ဖို့ မိတ်ကပ်ပြင်ဆင် တတ်ရုံ၊
အသားအရေလှပရုံနဲ့ မပြီးပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့အလှကို ပြည့်စုံစေမှာက လှပကျော့ ရှင်းတဲ့
ဆံကေသာဖြစ်ပါတယ်။ ဆံကေသာအလှနဲ့ပတ်သက်လာရင် ဘယ်သူမဆို လိုချင်ကြတာက ဖြောင့် စင်းနေတဲ့ဆံကေသာပေါ့။ တချို့အမျိုးသမီးတွေအတွက် ကောက်ကွေးပြီးလှိုင်းထနေတဲ့
ဆံကေသာက ပြဿနာတစ်ခုလိုပါ။ ဆံကေသာကောက်ကွေးရတဲ့ အကြောင်းတစ်ခုကတော့ ဆံသားက အစိုဓာတ်ကို
လုံလောက်စွာမရရှိလို့ပါပဲ။ အဲဒီတော့ လှိုင်းထနေတဲ့ ဆံကေသာလေးတွေ ဖြောင့်ဆင်းသွားအောင်
ဘယ်လိုလုပ်ကြမလဲ။
ဘီယာ
ဘီယာက
ခြောက်သွေ့တဲ့ဆံကေသာ၊ လှိုင်းထနေတဲ့ ဆံကေသာအတွက်တော့ ဆေးဝါးတစ်ခုလိုပါပဲ။ ဘီယာမှာ ဗီတာမင်၊
သတ္တုဓာတ်၊ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီ အာဟာရဓာတ်တွေက ဆံကေသာကို ကျန်းမာစေပြီး တောက်ပစေပါတယ်။
ခေါင်းလျှော်ပြီးတဲ့အခါ ဘီယာနဲ့ဆံသားကို ၅၊ ၁၀ မိနစ်ခန့် စိမ်ထားပါ။ ပြီးမှ ရေခပ်နွေးနွေးလေးကိုသုံးပြီး
ခေါင်းပြန်လျှော်လိုက်ပါ။
ပန်းသီးအရက်ဗီနီဂါ
ပန်းသီးအရက်ဗီနီဂါက
ကျန်းမာရေးအတွက်သာမက ဆံကေသာအလှအပအတွက်ပါ သုံးစွဲနိုင် ပါတယ်။ ပန်းသီးအရက်ဗီနီဂါက ဆံသားမှာ
အစိုဓာတ်ကို တာရှည်စွဲမြဲစေပါတယ်။ ပန်းသီးအရက်ဗီနီဂါ အနည်းငယ်ကို ရေဖြင့်ရောစပ်ပြီး
ခေါင်းလျှော်တဲ့အခါတိုင်း အသုံးပြုပါ။
ကြက်ဥ
ကြက်ဥကလည်း
လှိုင်းထနေတဲ့ ဆံကေသာအတွက် အိမ်တွင်းဖြစ် အလှအပသုံးပစ္စည်းတစ်မျိုးပါ။ ကြက်ဥအနှစ်မှာ
Omega 3 Fatty Acid ပါဝင်ပါတယ်။ အဲဒီဓာတ်က ဆံသားတွေကို ကြံ့ခိုင်စေပါတယ်။ ကြက်ဥကတော့
ဆံကေသာကို တောက်ပပြောင်လက်နေစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ကြက်ဥနှင့်နှမ်းဆီကို ရောစပ်ပြီး
ဆံသားမှာ မိနစ် ၂၀ ခန့် လိမ်းပေးထားနိုင်ပါတယ်။
ထောပတ်သီး၊ သံလွင်ဆီ
လှိုင်းထနေတဲ့ဆံကေသာအတွက်
နောက်ထပ်သဘာဝပစ္စည်းတစ်မျိုးကတော့ ထောပတ်သီးနဲ့ သံလွင်ဆီဖြစ်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့
သဘာဝအဆီနဲ့ ဗီတာမင်အီးက ဆံကေသာလှိုင်းထတာကို သက်သာစေပါတယ်။ ထောပတ်သီးအမှည့်၊ သံလွင်ဆီ
(၂)ဇွန်းခန့်ကို ရောစပ်ပြီး ခေါင်းမလျှော်ခင်မှာ ဆံသားနဲ့ဦးရေပြားအနှံ့ မိနစ် ၃၀ ခန့်
လိမ်းထားပေးနိုင်ပါတယ်။ ဆံကေသာကို ရေဓာတ်ဖြည့်ပေးပြီး ဖြောင့်ဆင်းလှပစေပါလိမ့်မယ်။
သံလွင်ဆီ
သဘာဝသံလွင်ဆီစစ်စစ်ကို
ညအိပ်ရာမဝင်ခင် ဆံသားနဲ့ဦးရေပြားအနှံ့ လိမ်းထားပေးပါ။ နံနက်မိုးလင်းမှသုံးနေကျ Shampoo
ဖြင့် ခေါင်းလျှော်လိုက်ပါ။ သံလွင်ဆီမှာ ပါဝင်တဲ့ အင်တီအောက်ဆီဒင့်နဲ့ သဘာဝပစ္စည်းတွေက
ဆံသားကိုအားဖြည့်ပေးပြီး တောက်ပချောမွေ့စေပါတယ်။
ငှက်ပျောသီး
ဗီတာမင်
A, C, E, ပိုတက်ဆီယမ်ကို ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီးက ဆံသားကို သန်စွမ်းကြံ့ခိုင်စေပြီး
တောက်ပစေပါတယ်။ ငှက်ပျောသီးတစ်လုံး၊ ပျားရည်(၂) ဇွန်းခန့်၊ ဒိန်ချဉ်အနည်းငယ် ရောစပ်ပြီး
ဆံသားနဲ့ဦးရေပြားအနှံ့ လိမ်းပေးပါ။
ပျားရည်နဲ့သံပုရာ
ပျားရည်၊
သံပုရာသီးက မီးဖိုဆောင်တိုင်းမှာရှိကြတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ ပျားရည်(၂) ဇွန်းနဲ့
သံပုရာရည်အနည်းငယ်ရောစပ်ပြီး ခေါင်းမလျှော်ခင် (၁၅)မိနစ်ခန့်အလိုမှာ လိမ်းထားပေးပါ။
ပုံမှန် လုပ်ပေးသွားမယ်ဆိုရင် ဆံသားကို တောက်ပလာစေပါလိမ့်မယ်။
မရိုးနိ(စ်)
မရိုးနိ(စ်)က
အစာမှာသာသုံးတယ်လို့ လူအများစုက သိထားကြပေမယ့် ဆံကေသာအလှအပ အတွက်ပါ အသုံးဝင်ပါတယ်။
မရိုးနိ(စ်)နဲ့ သံလွင်ဆီ၊ ကြက်ဥအနှစ်၊ ပန်းသီးအရက်ဗီနီဂါအနည်းငယ် ရောစပ်ပြီး စိုစွတ်လှတဲ့
ဆံသားနဲ့ ဦးရေပြားမှာ လိမ်းထားပေးပါ။ မိနစ်(၃၀)ခန့်အကြာမှာ ဆပ်ပြာဖြင့် ဆေးချလိုက်ပါ။
ပုံမှန်လုပ်သွားမယ်ဆိုရင် ဆံကေသာကို လှိုင်းထခြင်း သက်သာစေပါတယ်။
အုန်းဆီ
ဆံကေသာအလှအပအကြောင်း ပြောတဲ့အခါ အုန်းဆီကလည်း
ချန်လှပ်ထားခဲ့လို့မရပါဘူး။ အုန်းဆီကို ဆံကေသာဖြောင့်စင်းလှပဖို့ ဗောက်ထတာတွေသက်သာစေဖို့
နည်းလမ်းမျိုးစုံအသုံးပြုနိုင်ပါတယ်။ အများကြီး မသုံးမိဖို့တော့ သတိပြုပါ။ ဆံကေသာကို
စေးကပ်ပြီး ကြည့်ရဆိုးသွားစေပါလိမ့်မယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment