အလုပ်အင်တာဗျူးဝင်မယ့်သူတွေအတွက်









အလုပ်လုပ်ဖို့အတွက် အင်တာဗျူးဝင်မယ်ဆိုတိုင်း အတော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတာက ထိတ်လန့်ကြောက်ရွံ့ခြင်းပါပဲ။ ဒါပေမဲ့ အလုပ်အင်တာဗျူးမ၀င်ခင် ကိုယ့်ဘက်က ပြင်ဆင်စရာရှိတာ ကြိုတင်ပြင်ဆင်မယ်ဆိုရင်တော့ အလုပ်အင်တာဗျူးက ကြောက်လန့်စရာမကောင်းတော့မှာ တွေ့ရပါလိမ့်မယ်။ အလုပ်အင်တာဗျူးဝင်ဖို့အတွက် သက်ဆိုင်ရာကုမ္ပဏီတွေက ကိုယ့်ကိုဖုန်းကတစ်ဆင့်၊ E-mail ကနေတစ်ဆင့် အကြောင်းကြားလာမယ်ဆိုရင် စိတ်လှုပ်ရှားပျော်ရွှင်လေ့ရှိတာ အမှန်ပါပဲ။ အဲဒီစိတ်လှုပ်ရှားပျော်ရွှင်မှုက အင်တာဗျူးဝင်မယ့်ရက်နီးလာတာနဲ့အမျှ ကြောက်လန့်ရင်ခုန်ရတဲ့ဘက်ကို တဖြည်းဖြည်းပြောင်းလဲသွားတတ်ပြီး စိတ်ခံစားမှုအရှိန်က အာရုံကြောတွေတင်းနေလောက်တဲ့အထိ မြင့်တက်နေနိုင်ပါတယ်။ 

အလုပ်အင်တာဗျူးဝင်မယ့်သူတိုင်း ကိုယ့်ဆီမှာရှိတဲ့အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသချင်ကြမှာဖြစ်သလို ကိုယ်လျှောက်လွှာတင်ထားတဲ့ ရာထူးနေရာနဲ့ ကိုယ်ကအသင့်တော်ဆုံးဆိုတာကိုလည်း အင်တာဗျူးစစ်မယ့်သူတွေလက်ခံသွားအောင် စွမ်းဆောင်ချင်ကြတာ မထူးဆန်းပါဘူး။ အင်တာဗျူးဖြေဆိုတဲ့ အချိန်တိုလေးအတွင်း ကိုယ့်မှာရှိတဲ့စွမ်းရည်တွေအကုန်ထုတ်ဖော်ပြသဖို့ဆိုတာ ခက်ခဲနိုင်ပေမယ့် ကြိုတင်ပြင်ဆင်မှုလုပ်သွားမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ အင်တာဗျူးဖြေဆိုတဲ့ကာလအတွင်း ကိုယ့်ဘက်က ရုတ်တရက်ထိန်းမရအောင် ကြောက်လန့်တာမျိုးမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အင်တာဗျူးကောင်းကောင်းဖြေဆိုနိုင်ဖို့အတွက် လိုက်နာသင့်တာလေးတွေကိုဖော်ပြပေးချင်ပါတယ်။
ကြိုတင်ပြင်ဆင်ခြင်း
ကြိုတင်ပြင်ဆင်ခြင်းက အလုပ်အင်တာဗျူးဝင်မယ့်သူတွေအတွက် အရေးပါပြီး အလုပ်နဲ့ပတ်သက်တဲ့ ကိုယ်ရှာဖွေလေ့လာထားသမျှတွေကို အချိန်တိုအတွင်း ပြသနိုင်ဖို့ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ အလုပ်အင်တာဗျူးဖြေဆိုသူတိုင်း အခန်းထဲကအထွက်မှာ ကျဆင်းနေတဲ့စိတ်ဓာတ်နဲ့ လက်မှိုင်ချထွက်ချင်ကြမှာမဟုတ်သလို အဲဒီလိုမဖြစ်ဖို့အတွက် အရေးကြီးဆုံးက ကြိုတင်ပြင်ဆင်မှုပါပဲ။

မေးခွန်းများ
အလုပ်အင်တာဗျူးထိုင်မယ့်သူတွေဆီက မေးခွန်းတွေအတွက် အကောင်းဆုံးအဖြေပေးနိုင်ဖို့ ပြင်ဆင်တာ ကလည်း အရေးကြီးပါတယ်။ အဲဒီအင်တာဗျူးမှာ သူတို့ဘက်က ဘာမေးလာမလဲဆိုတာ အတိအကျမ သိနိုင်ပေမယ့် ကိုယ့်ဘက်ကအလုပ်နဲ့ပတ်သက်လို့ စေ့စေ့စပ်စပ်ရှာဖွေ စုဆောင်းထားမယ်ဆိုရင်တော့ ကိုယ့်ဘက်ကအလုပ်အင်တာဗျူးအတွက် ကြောက်လန့်နေစရာအကြောင်းမရှိပါဘူး။ ဒီအလုပ်က ကိုယ့်အတွက်သင့်တော်မှန်ကန်တဲ့ နေရာအဖြစ်ခံစားနေရပြီဆိုရင် အလုပ်အင်တာဗျူးဝင်ရတာကို ကြောက်လန့်တာမျိုးလည်း မရှိတော့ပါဘူး။

ခန္ဓာကိုယ်ရွေ့လျားမှု
ခန္ဓာကိုယ်လှုပ်ရှားမှုတွေက စကားလုံးတွေထက်ပိုမိုထိရောက်တယ်ဆိုတာ လက်ခံထားရမှာဖြစ်ပြီး ညင်သာသိမ်မွေ့တဲ့လှုပ်ရှားမှုတွေက အလုပ်အင်တာဗျူးမေးမယ့်သူတွေကို ဆွဲဆောင်ရာလည်းရောက်ပါတယ်။ 

ဗွီဒီယိုအင်တာဗျူး
အခုနောက်ပိုင်းမှာ ဗွီဒီယိုအင်တာဗျူးတွေက ပိုမိုပေါ်ပြူလာဖြစ်လာပြီး ကိုယ့်ဘက်ကလည်း သာမန် အင်တာဗျူးတွေနဲ့ မတူညီတဲ့ပြင်ဆင်မှုတွေ ပြုလုပ်ထားရမှာဖြစ်ပါတယ်။ ဗွီဒီယိုအင်တာဗျူးက မျက်နှာခြင်းဆိုင်အင်တာဗျူးရတာနဲ့ မတူညီပေမယ့် ကိုယ့်ဘက်ကတည်ငြိမ် ရင့်ကျက်မှုမျိုးပြသဖို့လိုအပ်ပါတယ်။ 

ဘာဝတ်ရမလဲ
ဒါကတော့ သပ်သပ်ရပ်ရပ်ဝတ်ဖို့က အရေးကြီးဆုံးပါပဲ။ တစ်ခါတလေမှာ အလုပ်အင်တာဗျူးသွားဖို့အတွက် ကိုယ့်ဘက်က ဘာဝတ်လို့ဝတ်ရမှန်းမသိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အလုပ်အင်တာဗျူးဆိုတာ ကိုယ့်အတွက်အရမ်းအရေးပါလို့ သာမန်အချိန်တွေထက် အလုပ်အင်တာဗျူးဝင်ချိန်မှာ သပ်သပ်ရပ်ရပ်ဖြစ်နေတာမျိုးလိုအပ်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment