နာတာရှည်ရောဂါတစ်ခုလိုစွဲကပ်နေတဲ့
နောက်ကျလွန်းတတ်တဲ့ အကျင့်ဆိုးကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီလား။ ကိုယ့်သူငယ်ချင်းတွေနဲ့
ချိန်းထားတဲ့အချိန်ထက် မိနစ် ၂၀ နာရီ ၀က်လောက်နောက်ကျပြီးမှရောက်လာတဲ့ ကိုယ့်ကို သူတို့တွေ
စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေတာ တကယ်စိတ်ရောပါရဲ့လား။ အသေချာဆုံးကတော့ အဲဒီနောက်ကျတတ်တဲ့
အကျင့်ဆိုးကြောင့် ကိုယ်ကိုယ်တိုင် စိတ်မချမ်းမသာဖြစ်နေမှာပါပဲ။
ဒီလိုနောက်ကျတတ်တဲ့လူတွေကို
ပတ်ဝန်းကျင်က အဓိပ္ပာယ်နှစ်မျိုးနဲ့ ခွဲခြားသတ်မှတ်ထားလေ့ရှိပါတယ်။ အချိန်ရဲ့ တန်ဖိုးကြီးမားပုံကို
ဂရုမစိုက်တဲ့ အမျိုးအစားနဲ့ တစ်ဖက်သားကို ကိုယ်ချင်းမစာတဲ့ အမျိုးအစား အဖြစ် သတ်မှတ်ထားပါတယ်။
အဲဒီလို နောက်ကျတတ်ခြင်းရဲ့ အကျိုးဆက်အဖြစ် ကိုယ့်ကိုယ်ပါ ဒုက္ခတွေ့စေလာနိုင်ပါတယ်။
တကယ်လို့ နာတာရှည်ရောဂါလိုစွဲကပ်နေတဲ့ အဲဒီအကျင့်ဆိုးကို တစ်ဘ၀လုံး မဖျောက်ဖျက်နိုင်ဘူးဆိုရင်တော့
အလုပ်အကိုင်ကောင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ကြီးကျယ် တဲ့ အခွင့်အရေးတွေကို
လက်လွှတ်ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒီတော့ နောက်ကျလွန်းတတ်တဲ့ အကျင့်ဆိုးကို ဖြေဖျောက်နိုင်ဖို့အတွက်
အသင့်တော်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အမှန်တကယ်
လုပ်ဆောင်ပါ
တကယ်လို့
ကိုယ်က စည်းမဲ့ ကမ်းမဲ့၊ စီစဉ်ညွှန်ကြားမှုညံ့နေမယ်ဆိုရင်လည်း ဒီပြဿနာကနေ အလျင်မြန် ဆုံး
ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။ ပထမဆုံး လုပ်ဆောင်ရမှာကတော့ လက်တွေ့ဆောင်ရွက် ရမှာဖြစ်ပြီး
မနက်ကတည်းက လုပ်ဆောင်မယ်ဆိုရင် တစ်နေ့တာလုံး လုပ်ဆောင်ရန် လျင်မြန်လာပါလိမ့်မယ်။ အလုပ်မသွားခင်
တတ်နိုင်ရင် ညကတည်းက အလုပ်တက်မယ့်ဝတ်စုံကို ကြိုတင်စီစဉ်ထားသင့်ပြီး ကိုယ်အလွယ်တကူ
ရှာတွေ့လို့ရနိုင်မယ့်နေရမျိုးမှာ ထားသင့်ပါတယ်။ တကယ်လို့ နောက်ဆုံး အချိန်ရောက်မှ ကပ်လုပ်မယ်ဆိုရင်
ကိုယ်လည်းနောက်ကျ သံသရာထဲကရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။
နောက်ကျတတ်တာတွေကိုခွင့်ပြုပါ
လူတော်တော်များများက
မလွဲမရှောင်သာနောက်ကျတတ်တဲ့ကိစ္စတွေကို လက်သင့်မခံချင်ကြပါဘူး။ တကယ်လို့ ကိုယ်ကကားမောင်းနေမယ်ဆိုရင်
ကားမောင်းတဲ့ကြာချိန်ကို လက်သင့်ခံရပါမယ်။ ဒီလိုခေတ်ကြီးထဲမှာ ကားလမ်းပိတ်တဲ့ပြဿနာက
မဖြစ်မနေရင်ဆိုင်ရမှာဖြစ်လို့ အဲဒီကားလမ်းပိတ်တဲ့အချိန်အတွက် ကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။
အိပ်ရေး၀၀အိပ်ပါ
အလုပ်ကို
အမြဲတမ်းနောက်ကျမှရောက်လေ့ရှိသူတွေဟာ ညဘက်တွေမှာအိပ်ရေးပျက်ခံကြတဲ့သူတွေ ပိုများပါတယ်။
ညတိုင်းမှာ အိပ်ယာဝင်နောက်ကျရင် နောက်တစ်နေ့ မနက်စောစော အိပ်ယာကထဖို့ဆိုတာကလည်း အတော်လေးခက်ပါလိမ့်မယ်။
အဲဒီအကျင့်ဆိုးကိုဖျောက်ဖို့အတွက် ပထမဆုံးလုပ်ရမှာကတော့
အလုပ်ရှုပ်မယ့်နေ့မတိုင်ခင် တစ်ရက်အလိုမှာ ၈ နာရီလောက် အိပ်ရမှာဖြစ်ပြီး ဒီလိုလုပ်ပေးခြင်းအားဖြင့်
အလုပ်ပိတ်ရက် စနေ၊ တနင်္ဂနွေ မတိုင်ခင် သောကြာညတွေမှာ ညဘက်ပါတီပွဲတက်တာမျိုးတွေကို အလိုလိုရှောင်ပြီးသားဖြစ်သွားပါလိမ့်မယ်။
နာတာရှည် နောက်ကျလွန်းတဲ့ အကျင့်ဆိုးကို ဖြေဖျောက်ရာမှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ
လန်းဆန်းတက်ကြွနေမှ အဆင်ပြေပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်အားပေးပါ
ဒီလို ကိုယ့်ကိုယ်ကိုယ်
ပြန်လည်အားပေးတာက အနာဂတ် ဘ၀တစ်ခုလုံးအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
အထူးသဖြင့် အပျင်းထူခြင်းနဲ့ ဆိုးရွားတဲ့အလေ့အကျင့်တွေကို တားဆီးရာမှာ ကိုယ့်ကိုယ်ကိုယ်
အားပေးချီးမြှောက်တာက အဓိကကျလာနိုင်ပါတယ်။ ကိုယ့်အနေနဲ့ ဒီအလေ့အကျင့်ဆိုးတွေကိုဖျက်ဆီးရာမှာ
ပြင်းပြင်းထန်ထန်လုပ်ဆောင်ဖို့ မလိုအပ်ပေမယ့် သေးငယ်တဲ့အောင်မြင်မှုတွေမှာလည်း ကိုယ့်ကိုယ်ကိုယ်
အားပေးတာက နောက်ကျလွန်းတဲ့အကျင့်ဆိုးကို ခက်ခက်ခဲခဲဖြေဖျောက်နေရတဲ့ ကိုယ့်အတွက် အားဆေးတစ်ခွက်ဖြစ်လာနိုင်ပါတယ်။
ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပါ
ကိုယ်က ဆိုးဆိုးရွားရွားနောက်ကျလွန်းနေရင်
ပတ်ဝန်းကျင်ကလူတွေကလည်း ကိုယ့်ကို ကိုယ်ချင်းမစာသူနဲ့ တာဝန်မဲ့လွန်းသူအဖြစ် သတ်မှတ်နိုင်ပါတယ်။
ကိုယ့်ကိုမျှော်လင့်မဲ့ စောင့်ဆိုင်းနေသူတွေရဲ့နေရာမှာ လူစားဝင်ခံစားကြည့်ရင် ပိုမိုသိနိုင်ပါလိမ့်မယ်။
ဒါနဲ့မှ မခံစားရသေးဘူးဆိုရင်တော့ ကျေနပ်မှုမရှိဘဲ ဒေါသထွက်နေတဲ့ သူတို့ရဲ့မျက်ဝန်းတွေကိုကြည့်ရင်
သိနိုင်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ်သာနောက်ကျလွန်းတဲ့ သူငယ်ချင်းကြောင့် စိတ်ခံစားရရင်
သူတို့လည်း ကိုယ့်ကြောင့်ဘယ်လောက်ခံစားကြရမလဲဆိုတာကို ကိုယ်ချင်းစာနိုင်ပါတယ်။
အကျိုးဆက်ကိုစဉ်းစားပါ
အဲဒီပြဿနာရဲ့
အဓိကဗဟိုချက်ကို နားလည်ချင်တယ်ဆိုရင်တော့ အကျိုးဆက်ကိုလည်း အရင်ဆုံးစဉ်းစားမှ သင့်တော်ပါလိမ့်မယ်။
စိတ်ပျက်စရာကောင်းလွန်းတဲ့ ဒီအကျင့်ဆိုးက တခြားသူတွေနဲ့ ဆက်ဆံရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။
အမြဲတမ်းနောက်ကျတတ်တဲ့လူမျိုးဟာ ပတ်ဝန်းကျင်မှာမကောင်းတဲ့သတင်းနဲ့ ကျော်ကြားလေ့ရှိပါတယ်။
အဲဒီထက်ပိုဆိုးတာက ကိုယ့်မှာ သားသမီးတွေရှိနေရင် သူတို့ဆီကိုပါ အဲဒီအကျင့်ဆိုးတွေကူးစက်နိုင်တဲ့အချက်ပါပဲ။
ကိုယ်သာ ကိုယ့်ရဲ့အချိန်တွေကို တန်ဖိုးထားလေးစားရင် တခြားသူတွေကလည်း ကိုယ့်ကိုတန်ဖိုးထား
လေးစားလာပါလိမ့်မယ်။
နောက်ကျလွန်းတတ်တဲ့အကျင့်ဆိုးကိုပြင်ဖို့ဆိုတာ
ကိုယ်ထင်ထားသလောက် သိပ်အခက်ကြီးမဟုတ်ပါဘူး။ အထူးသဖြင့် အရမ်းအရေးကြီးတဲ့ပွဲမျိုးနဲ့
အစည်းအဝေးမျိုးတွေမှာ နောက်မကျအောင် ကြိုတင်စီစဉ်ထားရမှာဖြစ်ပြီး ကိုယ့်ဘ၀ရဲ့အစောပိုင်းကာလတွေမှာ
ပြင်ထားနိုင်မယ်ဆိုရင် လှပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment