နှင်းဆီဖူးလိုလှတဲ့နှုတ်ခမ်းတစ်စုံဖြစ်ဖို့










လှပတဲ့နှုတ်ခမ်းလေးတစ်စုံ ...။ အဲဒါက ဘယ်လိုနှုတ်ခမ်းမျိုးလေးလဲ။ လှပပြီး နှင်းဆီပန်းပွင့်လေးလို ဖူးငုံနေတဲ့ နှုတ်ခမ်းသားလေးက ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလေးတစ်စုံဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ မိန်းကလေးတွေ မိတ်ကပ်ပြင်တဲ့အခါ နှုတ်ခမ်းသားလေးတွေကို ဂရုတစိုက်နဲ့ အချိန်ပေးနေကြတာ မဟုတ်ပါလား။ ပါးလျတဲ့နှုတ်ခမ်းသားလေးတွေရှိလို့လည်း စိတ်မပူပါနဲ့။ နှင်းဆီပန်းတစ်ပွင့်လို ဖူးငုံလှပတဲ့ နှုတ်ခမ်းသား ထူထူလေးတစ်စုံပိုင်ဆိုင်ဖို့ မိတ်ကပ်ပညာလှည့်ကွက်လေးတွေရှိပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်နေပါစေ
နီနီထွေးထွေး တင်းတင်းရင်းရင်း နှုတ်ခမ်းသားလေးပိုင်ဆိုင်ဖို့အတွက် သွေးလည်ပတ်မှုက အရေးကြီးပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းသားလေးတွေကို ကြေးချွတ်ပေးပါ။ ကြေးချွတ်ဖို့အတွက် ပျားရည် (ဒါမှမဟုတ်) သံလွင်ဆီအနည်းငယ်ကို နှုတ်ခမ်းသားလေးတွေပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပြီး နှိပ်နယ်ပေးပါတယ်။ ဒီလိုနှိပ်နယ်ပေးခြင်းက နှုတ်ခမ်းသားကို သွေးလည်ပတ်မှုကောင်းစေပြီး ပြည့်ပြည့်တင်းတင်းလေး ဖြစ်နေစေပါတယ်။ တစ်ကြိမ်တစ်ခါတည်း လုပ်နေရုံနဲ့တော့ မပြီးပါဘူး။ ပုံမှန် လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုနှုတ်ခမ်းသားလေးတွေ ကြေးချွတ်ပြီးတဲ့အခါမှာလည်း အစိုဓာတ်ထိမ်းခရင်မ် အလှဆီတို့ လိမ်းပေးဖို့မမေ့လျော့ပါနဲ့။ နှုတ်ခမ်းသားကို ရေဓာတ်၊ အစိုဓာတ်ပုံမှန်ဖြည့်ပေးခြင်းက နှုတ်ခမ်းသားရဲ့အရောင်ကို ပိုပြီး တောက်ပရွှန်းစိုစေပါလိမ့်မယ်။

Lip Liner ကို အသုံးပြုဖို့ လိုပါတယ်
နှုတ်ခမ်းသားလေးတွေကို ပြည့်ပြည့်တင်းတင်းလေးဖြစ်စေဖို့ နောက်ထပ်အလွယ်ကူဆုံး နည်းလမ်းကတော့ နှုတ်ခမ်းသားနဲ့အရောင်ဆင်တူတဲ့ Lip Liner ကို အသုံးပြုဖို့ပါပဲ။ ပထမဦးစွာတော့ ကွန်ဆယ်လာကို နှုတ်ခမ်းတစ်ဝိုက်မှာ ခပ်ပါးပါးလေးလိမ်းပေးပါ။ ပြီးမှ  Lip Liner ကိုသုံးပြီး နှုတ်ခမ်းသား လေးတွေကို လိုအပ်သလို ပုံဖော်နိုင်ပါတယ်။ အလွန်အကျွံ မသုံးမိစေဖို့တော့ သတိပြုပါ။ နှုတ်ခမ်းသားလေးတွေဆိုတာ သဘာဝအတိုင်း လှပနေမှ ပေါ်လွင်ထင်ရှားနေမှာဖြစ်ပါတယ်။ Lip Liner သုံးပြီး နှုတ်ခမ်းသားကို ပုံဖော်ပြီးနောက်မှာတော့ နှုတ်ခမ်းအတွင်းသားကို Lip Liner နဲ့ ဆင်တူအရောင်နဲ့ ခြယ်သနိုင်ပါပြီ။

အလင်းအမှောင်ချိန်ညှိပါ
နှုတ်ခမ်းသားလေးတွေကို အလင်းအမှောင်ချိန်ညှိတက်ခြင်းကလည်း နှုတ်ခမ်းသားလေးကို ပြည့်ပြည့်တင်းတင်းလေးဖြစ်သွားစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ Eye Shadow ဒါမှမဟုတ် Highlighter ကို အနည်းငယ် ထည့်ပေးလိုက်တဲ့အတွက် နှုတ်ခမ်းသားလေးက ပြည့်ပြည့်ဖူးဖူးလေးနဲ့ လှပလာပါလိမ့်မယ်။ နောက်ထပ် အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း အတွင်းလိုင်းကို Lip Gloss လေး အနည်းငယ် ထည့်သုံးပေးခြင်းက နှုတ်ခမ်းသားအလှကို ပိုပြီး ကြွရွလာစေပါလိမ့်မယ်။ 

နှုတ်ခမ်းဆိုးဆေးအရောင် ရွေးချယ်ရာဝယ်
နှုတ်ခမ်းဆိုးဆေးအရောင် ရွေးချယ်မှုကလည်း အဓိကအရေးပါပါတယ်။ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်တွေက နှုတ်ခမ်းကို ပိုမိုသေးငယ်သွားသယောင် ဖြစ်စေပါတယ်။ အရောင်နုများကတော့ နှုတ်ခမ်းသားကိုနူးညံ့ပြီး ဖောင်းဖောင်းကြွကြွလေးဖြစ်နေစေပါလိမ့်မယ်။ အဲဒီအတွက် အရေးကြီးဆုံးက နှုတ်ခမ်းဆိုးဆေးအရောင် ရွေးချယ်တဲ့အခါ အရောင်နုကိုသာ ရွေးချယ်တတ်ပါစေ။

နှုတ်ခမ်းဆိုးဆေးရဲ့ဂုဏ်သတ္တိ
နှုတ်ခမ်းသားကို ခြောက်သွေ့သွားစေတဲ့ Matte နှုတ်ခမ်းဆိုးဆေးတွေက နှုတ်ခမ်းကို ကျုံ့ဝင်သွားသယောင် ထင်ရစေပါတယ်။ တောက်ပတဲ့ Glassy နှုတ်ခမ်းဆိုးဆေးတွေကတော့ နှုတ်ခမ်းသားကို ပိုပြီးဖူးကြွသွားစေပါလိမ့်မယ်။

သဘာဝအတိုင်းလှပတဲ့ နှုတ်ခမ်းသားလေးပိုင်ဆိုင်ဖို့
သစ်ကြမ်းပိုးခေါက်မှုန့်နဲ့ ပျားရည်အနည်းငယ်ကို ရောစပ်ပြီး နှုတ်ခမ်းသားမှာ ငါးမိနစ်ခန့် သုတ်လိမ်းပေး ထားပါ။ ပြီးမှ ရေဖြင့်ဆေးချလိုက်ပါ။ ဒီသဘာဝနည်းလမ်းက နှုတ်ခမ်းသားကို စိုပြေပြီး တင်းရင်းလှပစေပါ လိမ့်မယ်။ 

Vaseline သုံးပေးပါ
တကယ်လို့ အရေးပေါ်လိုအပ်နေတဲ့အခါ နှုတ်ခမ်းသားလေးကို ပြင်ဆင်ဖို့ အချိန်မရတဲ့အခါမှာ Vaseline ကို သုံးပေးနိုင်ပါတယ်။ Vaseline က နှုတ်ခမ်းသားလေးကို နူးညံ့ပြီးဖောင်းဖောင်းကြွကြွလေး ဖြစ်သွားစေပါလိမ့်မယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment