မိတ်ကပ်အောက်ခံဘာကြောင့်သုံးသင့်သလဲ …











''မိတ်ကပ်အောက်ခံမသုံးတာက အရေပြားအတွက် အပြစ်ကြီးတစ်ခု ကျူးလွန်လိုက်တာပါပဲ''
မိန်းကလေးအတော်များများက မိတ်ကပ်အောက်ခံကို မျက်နှာပြင်ပေါ်မှာ မိတ်ကပ်အထူကြီး ဖြစ်သွားမှာ စိုးတဲ့အတွက် အရေပြားအသက်ရှုမှုကို ပိတ်ဆို့လိုက်မှာစိုးတဲ့အတွက် ရှောင်ရှားလေ့ရှိကြပါတယ်။ တကယ်တော့ မိတ်ကပ်အောက်ခံ ရွေးချယ်စရာမျိုးစုံအောင် ပေါများလာတဲ့ ဒီနေ့ခေတ်ကြီးထဲမှာတော့ အဲဒီအထင်အမြင်တွေက လုံးဝမမှန်ကန်တော့ပါဘူး။ တကယ့် နားလည်တက်ကျွမ်းတဲ့ မိတ်ကပ်ပညာရှင်ကြီးတွေတောင်မှ မိတ်ကပ်အောက်ခံမသုံးတာကို အရေပြားအတွက် အပြစ်ကြီးတစ်ခု ကျူးလွန်လိုက်တယ်လို့မှတ်ယူပြီး မိတ်ကပ်အောက်ခံကို သုံးစွဲနေကြပါတယ်။ အဲဒါဘာကြောင့်လဲ …။

အဆီထုတ်လုပ်မှုကို ထိန်းချုပ်ပေးတယ်
ဖောင်ဒေးရှင်းမလိမ်းခင်၊ ဘာမှမလိမ်းခင်မှာ မိတ်ကပ်အောက်ခံသုံးပေးခြင်းက အရေပြားရဲ့ အဆီအိတ်လေးတွေမှ အဆီထုတ်လုပ်မှုကို ကူညီပေးတဲ့အဆီအိတ်လေးတွေကို ထိန်းချုပ်ပေးပါတယ်။ ရလာဒ်အနေနဲ့ကတော့ အဆီကို ထိန်းထားပေးနိုင်တဲ့အတွက် မိတ်ကပ်ကိုတာရှည်ခံစေပြီး မျက်နှာပြင်ကို ပိုကြည့်ကောင်းစေပါတယ်။

အသားအရေကို ချောမွေ့စေတယ်
ပန်းချီဆရာတစ်ယောက် ပန်းချီရေးဆွဲမယ့်ကင်းဗတ်စကြီးကို စိတ်ကူးယဉ်ကြည့်ကြပါစို့။ ပန်းချီရေးဆွဲဖို့အတွက် ၄င်းပတ္တူစက ချောမွေ့နေဖို့လိုတယ်။ ထိုနည်းတူပဲ မိတ်ကပ်လိမ်းတဲ့အခါ အသားအရေချောမွေ့နေပြီး အရေးအကြောင်းတွေ အသားရောင်မညီညာမှုတွေကို ဖုံးအုပ်ပေးနိုင်ဖို့အတွက် မိတ်ကပ်အောက်ခံလည်း လိုအပ်ပါတယ်။

ရေဓာတ်ဖြည့်ပေးတယ်
မိတ်ကပ်အောက်ခံက အရေပြားက နဂိုရှိရင်းစွဲရေဓာတ်ကိုအန္တရာယ်မရှိစေရုံသာမက ၄င်းကိုပါ ကူညီထိန်းသိမ်းပေးပါတယ်။  မိတ်ကပ်အောက်ခံမှာ Silicon ပါဝင်တဲ့အတွက် ၄င်းက ရေဓာတ်ကို အရေပြားအတွင်းပိုင်းအထိ အချိန်ကြာမြင့်စွာ ပျံ့နှံ့စိမ့်ဝင်စေပါတယ်။ ချွေးပေါက်တွေကို တင်းရင်းစေပါတယ်။ ၄င်းအပြင် မိတ်ကပ်မှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတွေကိုလည်း တစ်ခါတည်း ကာကွယ်တားဆီးပေးပြီးသား ဖြစ်ပါတယ်။

ဝက်ခြံကိုသက်သာစေတယ်
အရေပြားနဲ့ မိတ်ကပ်အကြား အလွှာပါးလေးနဲ့ အားဖြည့်ကာကွယ်ပေးထားတဲ့ မိတ်ကပ်အောက်ခံက Comestics ပစ္စည်းဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ဝက်ခြံပြဿနာတွေ အသားအရေ ယားယံခြင်းတွေကို တစ်ခါတည်း ကာကွယ်ပေးပြီးသားဖြစ်ပါတယ်။ အရေပြား ထိလွယ်ရှလွယ်သူတွေအနေနဲ့ ဓာတ်မတည့်သူများ အသုံးပြုနိုင်ပါတယ်ဆိုတဲ့ မိတ်ကပ်က အရေပြားကို ယားယံစေပါတယ်။ မိတ်ကပ်အောက်ခံသုံးလိုက်ရင်တော့ ဒီပြဿနာကို တစ်ခါတည်းကာကွယ်ပေးပြီးသားဖြစ်ပါတယ်။

Eye Shadow ကိုပိုပြီး တောက်ပပေါ်လွင်စေတယ်
မျက်နှာပြင်အတွက် အသုံးပြုတဲ့ မိတ်ကပ်အောက်ခံလိုပဲ မျက်ဝန်းအတွက် သီးသန့်လုပ်ထားတဲ့ မိတ်ကပ်အောက်ခံတွေပါ ထုတ်လုပ်လာပါပြီ။ မျက်နှာသုံးမိတ်ကပ်အောက်ခံတွေလိုပဲ ၄င်းတို့က မျက်ဝန်းမှာသုံးတဲ့ Eye Shadow ကိုပိုပြီး တောက်ပပေါ်လွင်စေပါတယ်။ ဒါပေမဲ့ မျက်ဝန်းအတွက် ထုတ်လုပ်ထားတာက မျက်ဝန်းအတွက်ဖြစ်ပြီး မျက်နှာအတွက်ထုတ်လုပ်ထားတာက မျက်နှာအတွက်သီးသန့် ဖြစ်ပါတယ်။
အသားအရေကို နူးညံ့စေပါတယ်
မိတ်ကပ်အောက်ခံက အသားအရေကို နူးညံ့စေပါတယ်။ မိတ်ကပ်အောက်ခံပါဝင်တဲ့ Silicon က အသားအရေကိုပိုပြီး နုပျိုသွားစေပါတယ်။ ဒါတင်မကပါဘူး။ မိတ်ကပ်အောက်ခံ မသုံးခင်က ချွေးပေါက်များတင်းကျပ်သွားစေခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အသားရေယားယံခြင်းရဲ့အကျိုးဆက်ဖြစ်တဲ့ အရေပြားနီရဲခြင်းကိုလည်း သက်သာစေပါတယ်။ တနည်းအားဖြင့် အလှအပအတွက်သာ မဟုတ်ဘဲ အသားအရေထိန်းသိမ်းမှုပစ္စည်းအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။
အရောင်များခွဲခြားထားတယ်
မိတ်ကပ်အောက်ခံအများစုက  အရောင်မပါဝင်ခဲ့ပေမယ့် ယခုလက်ရှိ ဈေးကွက်ထဲ ဝင်လာတဲ့အခါမှာတော့ အရောင်များနှင့်ပါ ပေါင်းစပ်ထုတ်လုပ်လာကြပါတယ်။ အရောင်ကွဲသွားသလို၊ အသားအရေအပေါ် အကျိုးသက်ရောက်မှုလည်း ကွဲပြားသွားကြပါတယ်။ အသားအရေမွဲခြောက်သူများအတွက် ပန်းရောင်၊ အဝါရောင်အသားအရေပိုင်ရှင်များအတွက် ခရမ်းရောင်၊ အသားအရေနီမြန်းသူများအတွက်  အစိမ်းရောင်ဆိုပြီး ခွဲခြားထုတ်လုပ်လာကြပါတယ်။
မျက်တောင်ကော့ဆေး အောက်ခံအဖြစ်လည်းသုံးနိုင်
မိတ်ကပ်အောက်ခံက စွယ်စုံရပစ္စည်းတစ်ခုလို့ ပြောနိုင်ပါတယ်။ မျက်တောင်လေးတွေကို ပိုပြီးထူထဲ ရှည်လျားလာစေဖို့အတွက် မိတ်ကပ်အောက်ခံကို မျက်တောင်ကော့ဆေးမသုံးခင်မှာ သုံးပေးနိုင်ပါတယ်။
မိတ်ကပ်ပမာဏ ချွေတာရာရောက်တယ်
နောက်ဆုံးအနေနဲ့ မိတ်ကပ်အောက်ခံ အပြစ်အနာအဆာ အားလုံးနီးပါး ဖုံးကွယ်ပေးထားပြီးသား ဖြစ်တဲ့အပြင် အသားအရေထိန်းသိမ်းမှုကိုပါ တစ်ပြိုင်နက်စွမ်းဆောင်ပေးတဲ့အတွက် မိတ်ကပ်သုံးစွဲမှု ပမာဏကိုပါ တစ်ခါတည်း လျော့ချပေးပြီးသားဖြစ်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment