ချစ်သူများနေ့အတွက် အထူးမိတ်ကပ်











သိပ်မကြာခင်မှာ ကျရောက်တော့မယ့် ဖေဖော်ဝါရီလ ၁၄ရက်နေ့ ချစ်သူများနေ့ကို ယောက်ျားလေး၊ မိန်းကလေးချစ်သူစုံတွဲတွေ အားလုံးရင်ခုန်မျှော်လင့်နေကြမှာ သဘာဝပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို ဘာလက်ဆောင်ပေးမယ်၊ သူများတကာနဲ့မတူ ထူးခြားအောင် ဘာဝတ်မယ်၊ ဘယ်လို ပြင်ဆင်ကြမယ် ဆိုတာ ရင်ထဲမှာ အစီအစဉ်တွေကအပြည့်ပါ။ ချစ်သူများနေ့မှာ ဘယ်လိုပြင်ဆင်ကြမလဲ။ ချစ်သူများနေ့ အတွက် အဓိကထားပြီးပြင်ဆင်ရမှာကတော့ နှုတ်ခမ်းသားလေးတွေဖြစ်ပါတယ်။

တကယ်လို့ ကိုယ်အနေနဲ့ အချစ်နဲ့ရဲရင့်ခြင်းကို ကိုယ်စားပြုတဲ့ နှုတ်ခမ်းဆိုးဆေးအနီရောင်သုံးဖို့ တုံ့ဆိုင်းနေတဲ့အခါ အနီရောင်ရောင် ဖျော့ဖျော့ Lip Gloss အမျိုးအစားကို ရွေးချယ်သုံးစွဲပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို နမ်းကြမှာ သေချာတဲ့ကိစ္စတစ်ခုပါ။ အဲဒီအတွက် ဆွဲဆောင်မှုရှိပြီး နူးညံ့ပျော့ပျောင်းတဲ့ နှုတ်ခမ်းသားလေးတွေဖြစ်နေစေဖို့ နှုတ်ခမ်းသားကို ရေဓာတ်ပြည့်ဝနေပါစေ။ Shea Butter ကိုသုံးပြီး နှုတ်ခမ်းသားလေးတွေကို အစိုဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။

နှုတ်ခမ်းသားကို ဦးစားပေးချယ်သပါ
တိကျသပ်ရပ်တဲ့နှုတ်ခမ်းလေး ပိုင်ဆိုင်နိုင်စေဖို့အတွက် Lip Liner ကိုသုံးပေးဖို့မမေ့ပါနဲ့။ Lip Liner သုံးပေးခြင်းက နှုတ်ခမ်းဆိုးဆေးတွေ နှုတ်ခမ်းကနေ ပျံ့နှံ့ခြင်းတွေ၊ မသေမသပ် မညီမညာဖြစ်နေခြင်းတွေ ကို သက်သာသွားစေပါတယ်။ နှုတ်ခမ်းဆိုးဆေးသုံးပြီးတဲ့အခါ အပေါ်ကနေ Lip Liner သုံးပြီး အနားသတ်ပေးပါ။

ဆွဲဆောင်မှုရှိပြီး ချိုမြတဲ့နှုတ်ခမ်းသားလေးပိုင်ဆိုင်ဖို့အတွက် သဘာဝသစ်သီးရနံ့လေးတွေ၊ ချစ်စရာကောင်း တဲ့ ရနံ့လေးတွေပါဝင်တဲ့ နှုတ်ခမ်းဆိုးဆေးမျိုးသုံးစွဲပေးပါ။ နှုတ်ခမ်းသား ပါးလွှာသူတွေအနေနဲ့ကတော့ တင်းရင်းပြည့်ဝတဲ့ နှုတ်ခမ်းလေးတစ်စုံ ရရှိပိုင်ဆိုင်စေဖို့အတွက် နှုတ်ခမ်းသားအတွင်းပိုင်းလေးတွေကို အရောင်လက်လေးများ ထည့်သွင်းသုံးစွဲပေးပါ။

မျက်ဝန်းကို ဘယ်လိုပြင်ဆင်မလဲ
နှုတ်ခမ်းသားလေးတွေကို သေချာကိုင်တွယ်ပြီးနောက်မှာတော့ မျက်ဝန်းလေးကို ဆွဲဆောင်မှု ရှိအောင် ပြင်ဆင်တက်ဖို့လိုပါတယ်။ အနက်ရောင် Eye Liner ပေါ်က ခြယ်သထားတဲ့ တောက်ပတဲ့ Eye Shadow အရောင်လေးနဲ့ အတောင်ပံပုံသဏ္ဍာန် ကြောင်မျက်ဝန်းလေးက ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုရှိပြီး ထင်ရှားပေါ်လွင်နေစေတဲ့ အသွင်အပြင်ဖြစ်ပါတယ်။ ချစ်သူများနေ့အတွက်တော့ အနီရောင် နှုတ်ခမ်းသားလေးတွေနဲ့ အလိုက်ဖက်ဆုံးမျက်ဝန်းလေးပေါ့။ မျက်ခွံပေါ်မှာ အဝါရောင် Eye Shadow တောက် တောက်ကို မနှစ်သက်သူတွေအနေနဲ့ကတော့ ခရမ်းရောင်ဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်ခပ်ဖျော့ဖျော့လေးကို သုံးစွဲပေးနိုင်ပါတယ်။

မိတ်ကပ်လိမ်းခြယ်တဲ့အခါ သတိထားပါ
ဘယ်သူမဆိုချစ်သူများနေ့မှာ ကိုယ့်ချစ်သူအတွက် အစွမ်းကုန်လှပချင်နေကြမှာသေချာပါတယ်။ အဲဒီ အတွက် အသေအချာပြင်ဆင်ကြမှာပါပဲ။ ဒါပေမယ့် ကိုယ့်ချစ်သူကို ကိုယ့်ကိုယ်ကိုယ်ပြချင်တာလား၊ ကိုယ်ပြင်ဆင်ထားတဲ့ မိတ်ကပ်ကို ပြချင်တာလား ကွဲကွဲပြားပြားသိနေဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် ကျန်းမာတောက်ပပြီး ရေဓာတ်စိုပြည့်ဝနေတဲ့အသားအရေအတွက် မိတ်ကပ်မလိမ်းခြယ်မီမှာ အစိုဓာတ် ဖြည့်ပေးဖို့ လုံးဝမမေ့ပါနဲ့။ ပြီးမှ မိတ်ကပ်ကို ပုံမှန်အတိုင်းလိမ်းခြယ်ပါ။ ထူးခြားတောက် ပနေစေချင်ရင်တော့ Bronzer, Highlighter တို့ကို သူ့နေရာနဲ့သူ သုံးစွဲပေးပါ။

မျက်တောင်လေးတွေကလည်း အရေးကြီးတယ်
ကြောင်မျက်ဝန်းသဏ္ဍာန် ဆွဲဆောင်မှုရှိရှိ မျက်ဝန်းပုံစံကလေး ပြင်ဆင်ပြီဆိုမှတော့ မျက်တောင်လေး တွေကိုလည်း မပါမဖြစ် ဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ။ လှပတဲ့ မျက်ဝန်းလေးတစ်စုံဖြစ်နေဖို့အတွက်ကတော့ မျက်တောင်ကလေးတွေက ကော့ညွတ်နေဖို့လိုအပ်ပါတယ်။ အဲဒီအတွက် မျက်တောင်လေးတွေကို ရှည်လျားကော့ညွတ်ပြီး ခပ်ထူထူလေးဖြစ်နေစေဖို့ မျက်တောင်ကော့ဆေးကို ရွေးချယ်သုံးစွဲပါ။ သုံးစွဲတဲ့အခါမှာလည်း မျက်တောင်ကော့တံဖြင့် ဦးစွာကော့ပါ။ ပြီးမှ မျက်တောင်ကော့ဆေး အသုံးပြုပေးပါ။

လေးကိုင်းသဏ္ဍာန်မျက်ဝန်းတစ်စုံ
မျက်နှာလေးကိုပိုပြီး ပြည့်စုံလှပသွားစေဖို့ လိမ်းခြယ်ထားတဲ့ မိတ်ကပ်ကိုပိုပြီး ပြည့်စုံစေဖို့အတွက်တော့ မျက်ခုံးလေးတွေကိုလည်း ခြယ်သတက်ဖို့လိုပါတယ်။ ပြီးပြည့်စုံတဲ့ မျက်ဝန်းတစ်စုံက မျက်ဝန်းကို သာမက မျက်နှာကိုပါ တိကျစွာ ပုံဖော်ပေးပါတယ်။ ခြယ်သတဲ့အခါ အနက်ရောင်ဆံကေသာပိုင်ရှင်တွေက မျက်ခုံးကို ခပ်ပြေပြေလေး ခြယ်သပေးပါ။ ရွှေဝါရောင်ဆံကေသာပိုင်ရှင်တွေအနေနဲ့ကတော့ ခပ်နက်နက်ခပ်ထူထူ ခြယ်သပေးနိုင်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment