ကံကောင်းခြင်းဆိုတာ အခွင့်အလမ်းတွေကို ကြိုတင်ပြင်ဆင်ခြင်းကနေရလာတာ Marc Jacobs











ကံကောင်းခြင်းဆိုတာ အခွင့်အလမ်းတွေကို ကြိုတင်ပြင်ဆင်ခြင်းကနေရလာတာ Marc Jacobs
- လူတိုင်းက ကိုယ်နဲ့နီးစပ်တဲ့လူတစ်ယောက်အနေနဲ့ ဒီဖက်ရှင်ကို ဖန်တီးတဲ့ဒီဇိုင်းနာတွေရဲ့အကြောင်းကို သိချင်နေမယ်ဆိုရင် သိသင့်တယ်ပြောရင် မမှားပါဘူး။ ဒီတစ်ပတ်မှာတော့ အားလုံးသိတဲ့ Louis Vuitton (LV)ရဲ့ ဒီဇိုင်နာချုပ်လည်းဖြစ်၊ ဒီဇိုင်းလောကမှာ မိန်းကလေး၊ ယောက်ျားလေးတွေအတွက် အ၀တ်အစား၊ လက်ကိုင်အိတ်ကအစ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ဒီဇိုင်နာ Marc Jacobs နဲ့ New York Fashion Week ရဲ့ ဖန်တီးတီထွင်သူ Fashion Designeis Of America ကောင်စီရဲ့ ဒါရိုက်တာအဖွဲ့ဝင် Fern Mdlis နဲ့ Seventeen မဂ္ဂဇင်းရဲ့ အင်တာဗျူးဖြစ်ခဲ့ပုံအကြောင်း ဖော်ပြရေးသားဖော်ပြရေးသားလိုက်ရပါတယ်။
Q: ခင်ဗျားရဲ့အသက် (၁၇) နှစ်အရွယ်တုန်းက ဘ၀လေးကိုပြောပြပေးပါဦး။
A: ၁၇ နှစ်တုန်းကလား။ အဲဒီအချိန်ကတည်းက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ တကယ်တော့ ၁၅ နှစ်လား၊ ၁၃ နှစ်လား အဲဒီတုန်းကတည်းကပါ။ ကျွန်တော်က ဒီဇိုင်းနဲ့ အနုပညာအထက်တန်းကျောင်းမှာ ကျောင်းသားတစ်ယောက်ပေါ့။ ဖက်ရှင်ပိုင်းကို အဓိကမေဂျာယူတာပါ။ သာမန်လူတွေလိုပဲ နူးဟော့ခ်မှာ ကြီးပြင်းခဲ့တယ်။ သာမန်လိုပဲ ဘ၀ကိုပျော်ပျော်ရွှင်ရွှင်နေထိုင်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့လူတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေလေ့လာတယ်။ အဲဒီအချိန်မှာ လူတွေရဲ့ ၀တ်ပုံစားပုံ နေထိုင်ပုံတွေက ကျွန်တော့်ကိုလွှမ်းမိုးမှုရှိတယ်။ အခုချိန်အထိ အဲဒီအရာတွေက လွှမ်းမိုးမှုရှိနေဆဲပါပဲ။

LV ရဲ့ ဘ၀အစ
Q: ဖက်ရှင်လောကထဲ တကယ်အတည်တကျဝင်လာတဲ့အချိန်က ဘယ်အချိန်များဖြစ်နိုင်မလဲ။
ကျွန်တော့်အဘွားဖြစ်သူကိုပြောတယ်။ ဒီဇိုင်းနဲ့အနုပညာအထက်တန်းကျောင်းကို သွားတက်ခွင့်ပေးဖို့ပေါ့။ အဘွားကလည်း လူတွေကိုလိုက်ပြောတယ်။ 'ငါ့မြေးက နောင်တစ်ချိန် ခေတ်တစ်ခုရဲ့ Cdvin Klein ' တဲ့။ ကျောင်းမှာလည်း အ၀တ်အစားကိုထွင်ပြီးဝတ်ရတာနှစ်သက်တဲ့ Marc က Charivari ဆိုတဲ့ ဆိုင်ကလေးတစ်ဆိုင်မှာ အလုပ်လုပ်ရင်း ဒီဇိုင်နာပစ္စည်းတွေကို ၀ယ်ယူနိုင်ဖို့အတွက် ပိုက်ဆံစုဆောင်းခဲ့သူတစ်ဦးဖြစ်ပါတယ်။ ပိုက်ဆံစုဆောင်းသလောက်ရရှိတဲ့အခါ နာမည်ကြီး Brand တွေကို စွဲစွဲမြဲမြဲဝယ်ယူခဲ့သူတစ်ယောက်ပေါ့။ ခင်မင်ရင်းနှီးတဲ့အသိတွေ ဘယ်ခရီးထွက်ထွက် အဲဒီခရီးကနေပြီး အမှတ်တရပစ္စည်းလေးတစ်မျိုးမျိုးမှာလိုက်ရမှ ကျေနပ်တဲ့သူပါ။

ပထမဦးဆုံး မှတ်မှတ်ရရ အလုပ်
Q: အထက်တန်းကျောင်းပြီးတော့ Charivari မှာ လုပ်ခဲ့ရတဲ့အချိန်ကလေးကို ပြောပြပေးပါဦး။
A: ကုန်ပစ္စည်းစာရင်းကောက်တဲ့ ကောင်လေးတစ်ယောက်အနေနဲ့ စတင်ခဲ့တာပေါ့။ ဆိုင်က အ၀တ်အစားတွေကိုခေါက်တယ်။ သိမ်းတယ်။ နောက်ဆုံး သူတို့ကျွန်တော့်ကို အရောင်းဝန်ထမ်းအဖြစ် ရာထူးတိုးပေးလိုက်ကြတယ်။ အဲဒီအလုပ်မှာတင်ပဲ ဖက်ရှင်လောကထဲက အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ လူတွေ၊ အရာတွေကို တော်တော်များများစပြီး သတိထားမိလာတယ်။

သူ့ရဲ့အကြံဉာဏ်
Q: ခင်ဗျားအနေနဲ့ အခုခေတ်ဖက်ရှင်လောကထဲမှာ ဒီဇိုင်နာဖြစ်ဖို့ ကြိုးစားနေတဲ့လူတွေအတွက် အကြံဉာဏ် စကားလေးပြောပြပေးပါဦး။
Q: ဘယ်တော့မှ အကြံဉာဏ်မပေးဘူး။ ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပဲ မျှဝေဖြစ်တယ်။ ကျွန်တော့်အတွက် အလုပ်ဖြစ်တဲ့ အကြံဉာဏ်လေးတွေကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်က လူတစ်ယောက် ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို သူ့ရဲ့စွမ်းအင်၊ စိတ်အားထက်သန်မှုကိုပဲ အခြေခံတယ်။ ကျွန်တော်တစ်ခုခုလုပ်ဖို့ စိတ်အားထက်သန်နေတဲ့အခါ အဲဒီအရာကို စိတ်နှစ်ပြီးလုပ်ဖြစ်တယ်။ ဘယ်တော့မှ အရှုံးမပေးဘူး။ စိတ်နှလုံးသားအားလုံး မျြုပ်နှံပြီးမှလုပ်တယ်။ အဲဒါကြောင့် အရာရာပြောင်းလဲသွားတဲ့အတွက် ကျွန်တော့်အနေနဲ့ ကံကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းခြင်းဆိုတာကလည်း အခွင့်အလမ်းတွေကို ကြိုတင်ပြင်ဆင်နိုင်ခြင်းကနေလာတာ။ ဟုတ်တယ်မဟုတ်လား။

News Yourk Fashion Week ရဲ့ ဒါရိုက်တာ
၁၇ အရွယ်ဘ၀အစ
Q: ခင်ဗျားရဲ့ ၁၇ နှစ်အရွယ်လေးကို ပြောပြပေးပါဦး
A: ကျွန်မက ငယ်ငယ်ကတည်းက ဖက်ရှင်ကလွှမ်းမိုးမှုရှိတဲ့လူတစ်ယောက်လို့ ပြောလို့ရတယ်။ အဖေအပါအ၀င် မိသားစုဝင်တွေအားလုံးက ဖက်ရှင်လောကထဲကလူတွေချည်းပဲ။ ကျွန်မလည်း အ၀တ်အစားတွေကို မြတ်နိုးတယ်။ ကျွန်မကောလိပ်တက်တုန်းက Modemoiselle ဆိုတဲ့ မဂ္ဂဇင်းကိုဆက်သွယ်ခဲ့တာ။ ဒါကျွန်မရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဘ၀အစပေါ့။ ကျွန်မဘွဲ့ရတော့ အဲဒီကဧည့်သည် အယ်ဒီတာတစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတာ။

ကိုယ့်ကိုယ်လွမ်းမိုးမှုအရှိဆုံးလူ
ခင်ဗျား အဲဒီအရွယ်တုန်းက ခင်ဗျားကိုလွှမ်းမိုးမှုအရှိဆုံးလူကိုပြောပြပါဆိုရင်။
A: အဲဒီလိုမျိုးဆွဲထုတ်ပြဖို့ကခက်တယ်။ ဖက်ရှင်လောကထဲ လုံးဝကြီးရောက်သေးတာမဟုတ်သေးဘူးလား။ Mademoi မဂ္ဂဇင်းကနေထွက်လာတုန်းက ကျွန်မက ဗိသုကာနဲ့ ဒီဇိုင်းပညာရှင်အဆင့်ပဲရှိသေးတာ။ ကျွန်မနှစ်သက်တဲ့ ဗိသုကာပညာနဲ့ စတင်ရင်းနှီးကျွမ်းဝင်နေတာပိုများတယ်။

ကျောင်းသူဘဝ
ဗိသုကာပညာနဲ့ ပိုပြီးကျွမ်းဝင်မှုရှိတယ်ဆိုတော့ ဖက်ရှင်ကရော ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာ ပြောပြပေးပါဦး။
A: ကျွန်မကို ကျွန်မလည်း ဒီဇိုင်းနာတစ်ယောက်ဖြစ်လာမယ်ဆိုတာ မထင်ထားခဲ့ဘူးလေ။ အဖေက ကျွန်မကိုပြောတယ်။ ဖက်ရှင်တစ်ခုတည်းအတွက်နဲ့တော့ ကျောင်းတက်မနေနဲ့တဲ့။ ဖက်ရှင်ကိုချစ်ရင် အတန်းပညာလိုမျိုးကို အရင်သင်တဲ့။ ပညာရေးကို အရင်လုပ်၊ ပြီးမှ ဖက်ရှင်ကိုဦးတည်တဲ့။
ဒီဇိုင်းလောကအပေါ် သူမရဲ့အမြင်
Q: ခင်ဗျားအနေနဲ့ အောင်မြင်မှုအရှိဆုံး ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အတွက် အလိုအပ်ဆုံးဖြစ်မယ်ထင်တဲ့အချက်က။
A: လူတိုင်းက ကိုယ်နဲ့နီးစပ်တဲ့ပတ်ဝန်းကျင်မှာ ကျင်လည်စမြဲပါ။ ဒါပေမဲ့ အဲဒီလောကထဲမှာ နောက်ဆုံးဆန်ကာတင်ကျန်ခဲ့မယ့်လူတွေဆိုတာ သူတို့ရဲ့ယုံကြည်မှုတွေကို ဘယ်တော့မှအရှုံးမပေးတဲ့လူမျိုးတွေပေါ့။
သူမရဲ့အကြံပြုစကား
Q: ဒီဇိုင်နာလောကထဲမှာကျင်လည်ကြမယ့်သူတွေအတွက် ခင်ဗျားရဲ့ အကြံပြုစကားလေးပြောပြပေးပါဦး။
A: ကျွန်မပေးချင်တဲ့ အကြံပြုစကားဆိုတာက အားလုံးကြင်နာပြီး မာနတွေချထားကြဖို့ပါနော်။ တကယ်တမ်းကျတော့ အဲဒီလိုလူမျိုးတွေပဲ အောင်မြင်နိုင်တာကိုထင်ပါတယ်။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment