အိမ်ထောင်ပြုခြင်းက ကောင်းသော ပြောင်းလဲခြင်မျိုးတွေနဲ့ New Start













''တော်တော်များများက အိမ်ထောင်ပြုခြင်းအပေါ်မှာ “It is a life ending” လို့ သတ်မှတ်ကြတယ်လေ။ မမအတွက်တော့မှားတဲ့ Concret ပဲ''

အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး မမ ကိုယ့်ကိုယ်ကိုယ် တွေးတတ်ခေါ်တတ်ပြီလို့ထင်ရတဲ့ အသက် အရွယ်အပိုင်းအခြားကတည်းက အိမ်ထောင်ပြုခြင်းအပေါ် မမမြင်တဲ့ အမြင်က မမပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ ကွဲလွဲခဲ့တယ်။

 တော်တော်များများက အိမ်ထောင်ပြုခြင်းအပေါ်မှာ “It is a life ending” လို့ သတ်မှတ်ကြတယ်လေ။ မိန်းကလေးတော်တော်များများကို မှားတယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ အဲဒါက မမအတွက်တော့ မှားတဲ့ Concert ပဲ။ General False လို့တော့ ပြောတာမဟုတ်ဘူးနော်။ မမအတွက်ကတော့ မမရဲ့ စိတ်ကူးတွေ၊ မမခံယူချက်တွေနဲ့ ဆန့်ကျင်တဲ့အတွေးတစ်ခုပေါ့။ လူတစ်ယောက်မှာ ဖြတ်သန်းရတဲ့ အချိန်အပိုင်းအခြားတွေရှိတယ်။ ကလေးဘ၀၊ လူငယ်ဘ၀၊ လူကြီးဘ၀ အဲဒီထဲမှာမှ လူငယ်၊ လူကြီး စပ်ကူးမပ်ကူးအချိန်မှာ ဒီ Married Life ဆိုတာရှိကိုရှိလာရမယ်။

 ဒါမှလည်း Generation to Generation လူသားတွေဆိုတာဖြစ်လာတယ်။ ဒီသဘာဝတရားကြီးကို သဘာ ၀ တရားလို့မတွေးဘဲနဲ့ တစ်နည်းတစ်ဖုံဆန့်ကျင်ဖို့ ကြိုးစားနေကြတာကိုတော့ မမလုံးဝ လက် မခံနိုင်ဘူး။ အိမ်ထောင်ပြုခြင်းက မမအတွက်ဆိုလို့ရှိရင် “Kind of Challenge”  စိန်ခေါ်မှုတစ်ခု၊ ကိုယ်အသက် ရှင်သန်လှုပ်ရှားဖို့ စိတ်အားထက်သန်းမှုတစ်ခုလို့ မမကခံယူထားတယ်။ အိမ်ထောင်ပြုခြင်းက New Start ပဲ။ ကောင်းသောပြောင်းလဲခြင်းမျိုးတွေနဲ့၊ လူသစ် ခွန်အားအသစ်တွေနဲ့ ဘ၀တစ်ဆစ်ချိုးပြောင်းလဲတာကို စိန်ခေါ်မှုကောင်းကောင်းနဲ့ ရင်ဆိုင်ရတော့မယ့်ပွဲပဲ။ 

Life ဆိုတာ တစ်ကွေ့ပြီးတစ်ကွေ့ Booster ထိုးရတာရှိတယ်။ ဥပမာ အချိန်အပိုင်းအခြားတစ်ခုပြီးတစ်ခုပေါ့။ လူက ခြေကုန်လက်ပန်းကျလာပြီဆိုရင် နောက်ထပ်အင်အားသစ်တစ်ခုတိုးပြီးတော့ ခြေလှမ်းသစ်တွေ စရတာမျိုးရှိတယ်။ မမက အဲဒီလိုသတ်မှတ်ထားတာဖြစ်တဲ့အတွက် မမအတွက်ဘာမှမပြောင်းလဲဘူး။ မမရဲ့ Before and After Marriage Life မှာ ဘာမှ Changes တွေ မဖြစ်သွားဘူး။ ဘာဖြစ်လို့လဲဆိုတော့ မမ အဲဒီ ခံယူချက်နဲ့ ရှင်သန်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့လေ။ အိမ်ထောင်ပြုပြီးမှ မမ အလုပ်တွေတောင် ပိုလုပ်ဖြစ်သေးတယ်။ ဘယ်အရာမဆို အားအပြည့် မာန်အပြည့်နဲ့ New Step လိုမျိုးတောင် ထပ်ဖြစ်သွားသေးတယ်။ 

အဲဒီအတွက်ကြောင့်လည်း မမ ပရိသတ်က မမ ကို မပြောင်းလဲဘဲ ခုထက်ထိ ချစ်နေကြသေးတာပေါ့။ အရာအားလုံးက ခံယူတဲ့ သူနဲ့ပဲသက်ဆိုင်တယ်လို့ထင်တယ်။ အမျိုးသမီးတွေကိုလည်း အဲဒီလို မဖြစ်စေ ချင်ဘူး။ အဲလိုဖြစ်မနေသင့်ဘူး။ အိမ်ထောင်မှုကိုလုပ်တဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အလုပ်တွေလုပ်နေတဲ့ အိမ်ထောင်သည်အမျိုးသမီးပဲဖြစ်ဖြစ် တက်ကြွနေရမယ်။ တက်ကြွရွှင်လန်းပြီးတော့ စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်နိုင်ရမယ်။ မမလည်း အဲလိုခံယူထားတယ်။ အမျိုးသမီးအားလုံးကိုလည်း အဲလိုပဲဖြစ်စေချင်တယ်။ ဒီလိုပဲ သားသမီးရှိလို့ သားသမီးပဲ ဂရုစိုက်နိုင်ပြီး ဘာကိုမှခေါင်းထဲမှာမထားတော့ဘူးဆိုပြီး မဟုတ်ဘူး။ ဒီအမျိုး သမီးရဲ့ တစ်ထောင့်တစ်နေရာက လိုအပ်ချက်တွေ အကုန်လုံးကိုလည်း Balance ညီညီနဲ့ ထိန်းကွပ်ထားနိုင်ရမယ်။ ဂရုစိုက်ထားနိုင်ရမယ်။ သားသမီးက ရင်နှစ်သည်းချာဆိုတော့ ပိုရမယ်။ ဒါပေမဲ့ ဘယ်အရာမှ ဘ၀မှာပြီးဆုံးမသွားဘူး။ လူကသေဆုံးသွားရင်တောင်မှ ကိုယ့်အကြောင်းကို လူများတွေတွေးလို့မပြီးဆုံးနိုင်အောင် ချန်ထားနိုင်ခဲ့ရမယ်။ မမကတော့ အဲလိုခံယူထားတာပါပဲ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment