အခုလို Miss
တွေပေါများလာနဲ့အချိန်ကာလ။ ဟိုကလည်း Miss ၊ ဒီကလည်း Miss ဖြစ်နေတဲ့အချိန်မှာ Miss ဖြစ်ချင်နေတဲ့
မမတို့အတွက် ဆောင်ရန်ရှောင်ရန် အခြေခံနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ ဒီနည်းလမ်းလေးတွေက
Miss တစ်ယောက်အနေနဲ့မှ မဟုတ်ပါဘူး။ လူတကာအလယ်မှာ ၀င့်ဝင့်ကြွားကြွား နဲ့ ပေါ်လွင်ထင်ရှားလှပနိုင်စေမယ့်
နည်းလမ်းလေးတွေဖြစ်ပါတယ်။
ပေါ်လွင်ထင်ရှားပြီး
ဆွဲဆောင်မှုရှိစေတဲ့ Miss တစ်ယောက်ရဲ့ အရေးကြီးဆုံးလက်နက်က ဘာများဖြစ်မလဲ။ အဲဒါကတော့
နှစ်လိုဖွယ်ရှိတဲ့ အပြုံးတစ်ခုဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတာလေးတွေ
ရှိပါသေးတယ်။ ဘာလေးတွေဖြစ်မလဲကြည့်ကြရအောင်…
- ဘယ်နေရာရောက်ရောက်
စင်ပေါ်မှာဖြစ်ဖြစ် လမ်းလျှောက်တဲ့အခါ ကိုယ့်ရဲ့ဦးခေါင်းထက်မှာ သရဖူတင်ထားပြီးသကဲ့သို့
ဦးခေါင်းကိုမတ်မတ်ထားပြီး လမ်းလျှောက်ပါ။
- ကိုယ့်ကိုယ်
လေ့လာစောင့်ကြည့်နေတဲ့ အကဲဖြတ်ဒိုင်လူကြီးတွေ၊ ပရိသတ်တွေနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပါ။
လျှောက်လမ်းမှာ အသွား/ပြန်တိုင်းကြည့်ပါ။
- တကယ်လို့
အကဲဖြတ်ဒိုင်တွေ၊ ပရိသတ်တွေကိုကြည့်ရတာ ကြောက်ရွံ့တဲ့အခါ စိုးရိမ်ထိပ်လန့်တဲ့အခါ ၄င်းတို့နဲ့
နဖူးပိုင်းကိုသာကြည့်ပါ။
- ဒီလိုအရည်အချင်းပြတဲ့
ပြိုင်ပွဲဆိုတာ အရည်အချင်းအရှိဆုံးမိန်းကလေးကသာလျှင် Miss ဆုကြီးကိုရတာမဟုတ်ပါဘူး။
စင်ပေါ်မှာတင်ဆက်ပြသမှုအကောင်းဆုံးသူကသာ အားလုံးလိုချင်နေကြတဲ့ Miss ဆုကြီးကိုရရှိတယ်ဆိုတာ
စိတ်ထဲမှာမှတ်သားထားဖို့ လိုအပ်ပါတယ်။
- ကိုယ့်ကိုယ်ကိုယ်
တခြားမိန်းကလေးတွေ၊ တခြားပြိုင်ပွဲဝင်တွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ကိုယ်သာလျှင် ကိုယ့်ကိုယ်ကိုယ်
အဆုံးအဖြတ်ချရမယ့်သူဖြစ်ပါတယ်။
- Miss ပြိုင်ပွဲဝင်တွေထဲမှာ
အလှပဆုံးအတောက်ပဆုံး ဘယ်သူမဆို ဖြစ်ချင်ကြတာချည်းပါပဲ။
အဲဒီအတွက်နဲ့တော့ အ၀တ်အစားတွေပေါ်မှာ
ပိုက်ဆံတွေပုံအောပြီး သုံးစရာမလိုပါဘူး။ ကိုယ်နဲ့ လိုက်ဖက် တဲ့ဝတ်စုံကို သေချာရွေးချယ်ဝတ်ဆင်တတ်ဖို့သာလိုအပ်ပါတယ်။
ကိုယ်ရွေးချယ်လိုက်တဲ့ဝတ်စုံက ကျော့ ရှင်းပြီး ကိုယ့်ခန္ဓာကိုယ်မှာ တလက်လက်တောက်ပနေမယ်ဆိုရင်တော့
ဒီဝတ်စုံက ကိုယ်နဲ့ လိုက်ဖက်တဲ့ ၀တ်စုံဆိုတာသေချာပါပြီ။
- အားလုံးအားပေးကြတဲ့
Swimsuit (ရေကူးဝတ်စုံ)ဆိုတာလည်း ခန္ဓာကိုယ်အလှပဆုံး Sexy အကျဆုံးပါ ဆိုတဲ့ မိန်းကလေးအတွက်မှ
မဟုတ်ပါဘူး။ Swimsuit ဆိုတာ လူအများကြည့်နေတဲ့ စင်မြင့်ပေါ်မှာ အတွင်းခံဝတ်စုံဝတ်ဆင်ပြီး
ကိုယ့်ခန္ဓာကိုယ်အချိုးအစားကို ဘယ်လောက် ယုံကြည်မှုရှိသလဲဆိုတာ ပြသခြင်းဖြစ်ပါတယ်။
- တကယ်လို့
ပထမဆုံးအကြိမ်မှာ ရှုံးနိမ့်တဲ့အခါ နောက်ထပ်တစ်ကြိမ်ကြိုးစားဖို့ မတွန့်ဆုတ်ပါနဲ့။ အောင်မြင်တဲ့
Miss တိုင်းနီးပါးက ပြိုင်ပွဲပေါင်းများစွာကို အကြိမှ်ကြိမ်ဖြတ်သန်းခဲ့ကြခြင်းဖြစ်ပါတယ်။
- မယ်ပြိုင်ပွဲတစ်ခုမစတင်ခင်နဲ့
စတင်နေစဉ်အတွင်းမှာ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့နဲ့ ပုံမှန်စားသောက်နေ ထိုင် မှုက အရေးကြီးပါတယ်။
ကိုယ့်ခန္ဓာကိုယ်အရွယ်အစားအတွက်နဲ့ အစာငတ်ခံလေ့ကျင့်နေစရာမလိုပါဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ယုံကြည်မှုနဲ့
တင်ဆက်ပြသနိုင်စွမ်းတွေကသာ ပြိုင်ပွဲမှာ ကိုယ့်ကိုယ်တစ်ဆင့်ပြီး တစ်ဆင့်အောင်မြင်မှုရစေမှာဖြစ်ပါတယ်။
- ကိုယ်လုပ်ခဲ့တဲ့အရာတွေပေါ်မှာ
ဘယ်တော့မှ လိမ်ညာဖို့မကြိုးစားမိပါစေနဲ့။
- ကိုယ့်ရဲ့
ရပ်တည်မှု၊ ဖြစ်တည်မှုကိုသာပြသပါ။ အကဲဖြတ်ဒိုင်လူကြီးတွေနဲ့ အားပေးနေတဲ့ပရိသတ်တွေ အလိုရှိတာက
ဟန်ဆောင်နေတဲ့မိန်းကလေးတစ်ယောက်ထက် ကိုယ့်ကိုယ်ကိုယ်ပြသနိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။
- လက်တွေ့လေ့ကျင့်မှုများများလုပ်လေ
ကိုယ့်အနေနဲ့ ပိုပြီးများများပြင်ဆင်နိုင်လေ ကိုယ့်ရဲ့အားနည်းချက်တွေ၊ အားသာချက်တွေကို
ပိုပြီးသိရှိနိုင်လေဖြစ်ပါတယ်။
- အကဲဖြတ်ဒိုင်လူကြီးတွေ
ကိုယ့်ကိုအထင်ကြီးစေဖို့အတွက်နဲ့ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို အလွန်အကျွံ အမွမ်းတင်နေစရာမလိုပါဘူး။
ကိုယ့်ကိုအသိအမှတ်ပြုထင်ရှားစေမှာက ဘယ်သူမှမလုပ်ဆောင်နိုင်ခဲ့တဲ့ ဘယ်သူမှသတိတရမလုပ်နိုင်ခဲ့တဲ့
အမှတ်တရလေးတွေပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုလေးတွေအကြောင်း ရေးသားတဲ့အခါမှာလည်း ကိုယ်ရေးသားထားတဲ့အကြောင်းအရာကို
စာလုံးပေါင်းသတ်ပုံ၊ အကြောင်းအရာ အစီအစဉ်တကျ ဆီလျော်ခြင်းရှိမရှိဆိုတာ အပြန်အလှန်စစ်ဆေးဖို့လိုအပ်ပါတယ်။
- အကြောင်းအရာ
Topic တစ်ခုကိုဆွေးနွေးတဲ့အခါ အကဲဖြတ်ဒိုင်တွေ ကိုယ့်အပေါ်အထင်ကြီးသွားစေမယ့် အကြောင်းအရာထက်
ကိုယ့်အတွက်အဓိပ္ပာယ်ရှိတဲ့ အကြောင်းအရာတွေကို တင်ဆက်ပြသပေးပါ။
- ဒါက ပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက်
တကယ်လို့ သရဖူမရခဲ့ရင်တောင်မှ စိတ်ပျက်အားငယ်ပြီး ကိုယ့်ကိုယ်ကိုယ် အရှုံးသမားတစ်ယောက်လို့
သတ်မှတ်ထားစရာမလိုပါဘူး။ ကိုယ့်အရည်အချင်းကို စမ်းသပ်ခွင့်ရတဲ့ ပြိုင်ပွဲတစ်ခုအနေနဲ့သာ
သတ်မှတ်ထားလိုက်ပါ။
- နားပေါက်
၂ ပေါက်ကလွဲပြီး ခန္ဓာကိုယ်က ကျန်တဲ့တက်တူးတွေ၊ ခန္ဓာကိုယ်မှာဖောက်ထားတဲ့ အပေါက်တွေကို
ဖုံးကွယ်ထား၊ ဖျက်ဆီးထားဖို့ လိုအပ်ပါတယ်။
- ပြိုင်ပွဲမှာအနိုင်ရဖို့အတွက်
အကဲဖြတ်ဒိုင်လူကြီးတွေကိုလည်း လာဘ်ထိုးစရာမလိုပါဘူး။
- ပြိုင်ပွဲမ၀င်ခင်မှာ
ပြိုင်ပွဲနဲ့ဆိုင်တဲ့ သမိုင်းတွေ၊ ယခင်နှစ်တွေက Miss ရသွားသူတွေရဲ့ သမိုင်းတွေ၊ လှုပ်ရှားမှုတွေကိုလည်း
လေ့လာထားဖို့လည်းလိုအပ်ပါတယ်။
0 comments:
Post a Comment