ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေမှာ
ထွက်ငွေကပိုများနေပြီး ပိုက်ဆံမစုဖြစ်တဲ့အချိန်တွေများနေတာ အားလုံးနီးပါး ရင်ဆိုင်ကြဖူးမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ၀င်ငွေခြင်းမတူညီနိုင်ပေမယ့် လူတိုင်းတော့ ပိုက်ဆံစုနိုင်ကြပါတယ်။
ပိုက်ဆံသုံးတာက လူတိုင်းအတွက်လွယ်ကူတဲ့ကိစ္စဖြစ်ပေမယ့် ငွေစုဖို့ကတော့ အတော်လေးခက်ခဲနိုင်ပါ တယ်။
အဲဒီအချိန်မှာ ကိုယ်ကငွေမစုနိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်လငွေနည်းနည်းစုမယ် ဆိုရင်
ကိုယ်တကယ်လိုအပ်ချိန်မှာ အဲဒီငွေက ကိုယ့်အတွက်အကျိုးရှိလာနိုင်ပါတယ်။ ငွေစုဖို့အတွက်
အရေးတကြီးလိုအပ်နိုင်တဲ့အချက်တွေကို ဖော်ပြရမယ်ဆိုရင်ဖြင့်…။
အလုပ်မှအနားယူခြင်း
အလုပ်ကနေအနားယူရင်
သုံးစွဲဖို့အတွက် ငွေစုတာက ကိုယ့်အတွက်အလွန်အရေးကြီးပါတယ်။ ကိုယ်က တစ်လမှ သောင်းဂဏန်းလောက်ပဲ
ဝင်ငွေရှိရင်တောင် ဘာမှမစုတာထက်စာရင် နည်းနည်းစုဖြစ်တာက အကျိုးရှိနိုင်ပါတယ်။ အလုပ်ကနေအနားယူပြီးသွားရင်
ငွေမရှိဘဲဆက်လက်ရပ်တည်ဖို့ခက်ခဲနိုင်ီပြီး သက်ပြည့်ပင်စင်ဆိုရင် သားသမီးတွေရဲ့ထောက်ပံ့မှုကို
မျှော်ကိုးနိုင်ပေမယ့် သားသမီးမရှိတဲ့ သူတွေအတွက် ကြိုတင်ငွေစုထားခြင်းက အလုပ်ကနေအနားယူတဲ့အချိန်ရောက်ရင်
ကိုယ့်အတွက် စိုးရိမ်စရာတွေဖြစ်မလာနိုင်တော့ပါဘူး။ တကယ်လို့ ကိုယ်က အသက်(၂၀) အရွယ်လောက်ပဲရှိသေးတယ် ဆိုရင်
အဲဒီအချိန်ကတည်းက ကိုယ့်ရဲ့တစ်လလုပ်ခလစာကို အချိုးချပြီးစုထားမယ်ဆိုရင် ကိုယ်အသက်ကြီး လို့
အလုပ်ကနေအနားယူတော့မယ်ဆိုရင် အသုံးဝင်လာနိုင်ပါတယ်။
အရေးပေါ်ကိစ္စများ
လတိုင်းငွေစုတာက
ကိုယ်ရည်မှန်းထားတဲ့ပစ်မှတ်ရောက်ဖို့ အရေးကြီးပါတယ်။
အရေးပေါ်ကိစ္စတွေဆိုတာ ဘယ်အချိန်ဖြစ်မလဲဆိုတာ ခန့်မှန်းလို့မရတာကြောင့် အဲဒီကိစ္စတွေအတွက်ရည်ရွယ်ပြီး
ပိုက်ဆံစုဖို့က ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အရေးပေါ်ကိစ္စဖြစ်လာဖို့ ကိုယ့်မှာပိုက်ဆံမရှိဘူးဆိုရင်
ပိုအခက်တွေ့နိုင်ပြီး သူများဆီက ပိုက်ဆံချေးရတာမျိုးနဲ့ အလွယ်တကူဖြေရှင်းတာမျိုးပြုလုပ်နိုင်ပါတယ်။
တကယ်လို့ ကိုယ်ကသာတစ်နေ့နည်းနည်းပိုက်ဆံစုထားမယ်ဆိုရင် တကယ်အရေးကြုံလာတဲ့အခါ အဲဒီပိုက်ဆံတွေက
ကိုယ့်ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
ဖျော်ဖြေတင်ဆက်မှု
ဒီလိုအရေးပါတဲ့ကိစ္စတွေအတွက်
ပိုက်ဆံစုရမယ့်စာစုမှာ ဖျော်ဖြေတင်ဆက်မှုတွေပါဝင်နေလို့ အံ့အားသင့်နိုင်ပါတယ်။ ဒါပေမဲ့
ဒီအချက်ကိုလည်း မေ့ထားလို့မရပါဘူး။ ကိုယ့်ကို စိတ်ရွှင်လန်းလာအောင် ဖျော်ဖြေပေးနိုင်တဲ့အရာတွေက
ဈေးပေါပေါနဲ့မရပါဘူး။ သူငယ်ချင်းတွေနဲ့အတူ ညစာစားပွဲသွားတာမျိုးတို့၊ ရုပ်ရှင်ကြည့်တာမျိုးတွေက
ကုန်ကျစရိတ်များပါတယ်။ ဒီတော့ အဲဒီကိစ္စတွေအတွက်လည်း ကိုယ့်ဘက်က ငွေစုထားဖို့လိုအပ်ပါတယ်။
တကယ်လို့ ကိုယ်ကတစ်လ၀င်ငွေများနေမယ်ဆိုရင်တော့ ဒီအကြောင်းအရာကို ကျော်သွားလို့ရပါတယ်။
ဈေးကြီးသောအရာများ
ဈေးကြီးတဲ့အရာတွေကို
လူချမ်းသာတွေကပဲ ၀ယ်ယူသုံးစွဲတယ်လို့ အများစုကလက်ခံယူဆထားပါတယ်။ ဒါပေမဲ့ ဒီယူဆချက်က
မှားနေပါတယ်။ လူတိုင်းဟာ အနည်းဆုံး တစ်နှစ်မှာတစ်ခါလောက်တော့ ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ယူလေ့ရှိပြီး
ပိုက်ဆံကြိုတင်စုတတ်တဲ့သူတွေက ဒီလိုသုံးစွဲလေ့ရှိပါတယ်။ အများစုက ကိုယ်ပင်ပန်းတကြီးရှာဖွေထားတဲ့ငွေကြေးကို
ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ယူခြင်းဖြင့် ဖြုန်းတီးရာရောက်တယ်လို့ ယူဆထားပေမယ့် တကယ်တမ်းမှာတော့
တစ်နှစ်မှာ တစ်ခါလောက် သုံးစွဲတာကသင့်တော်မျှတပါတယ်။ နောက်ပြီး ကိုယ်နေ့စဉ်သုံးစွဲနေတဲ့
ကော်ဖီသောက်တာတို့ စတဲ့ကိစ္စတွေကလည်း တစ်နေ့ဆိုရင် သိပ်မသိသာပေမယ့် ကြာလာရင် ငွေကုန်တာသိသာနိုင်ပါတယ်။
တကယ်လို့ ကိုယ့်အနေနဲ့ဈေးကြီး တဲ့အ၀တ်အစားတို့၊ လက်ပ်တော့တို့လို ပစ္စည်းတွေလိုချင်တယ်ဆိုရင်
ကြိုတင်ငွေစုဖို့လည်းလိုအပ်ပြီး ဒီလိုမှသာ လအနည်းငယ်အကြာမှာ လိုချင်တာဝယ်ယူနိုင်မှာဖြစ်ပါတယ်။
လက်ဆောင်များ
တကယ်လို့
ကိုယ့်အဖေနဲ့ အမေက အလုပ်တွေပင်ပင်ပန်းပန်းလုပ်နေရပေမယ့် အပန်းဖြေခရီးတောာင် မထွက်နိုင်ဘူးဆိုရင်
သားသမီးဖြစ်တဲ့ကိုယ်က မိဘတွေအတွက် အပန်းဖြေခရီးထွက်နိုင်အောင် ကြို တင်ငွေစုထားဖို့လိုအပ်ပါတယ်။ သားသမီးတွေအနေနဲ့
မိဘတွေအတွက် ဘယ်လိုပဲဖြစ်ဖြစ် အပန်းဖြေ ခရီးထွက်နိုင်အောင် ငွေကြေးကြိုတင်စုထားသင့်ပါတယ်။
နောက်ပြီး သူငယ်ချင်းတွေဆီကနေ လက်ဆောင်တွေဝယ်ယူဖို့အတွက်လည်း ကိုယ့်ဘက်ကကြိုတင်ငွေစုထားရမှာဖြစ်ပြီး အလှူအတန်း လုပ်ဖို့အတွက်လည်း
ငွေစုတာကအရေးပါနေပါတယ်။
အဆင့်မြှင့်တင်ခြင်း
တကယ်လို့
ကိုယ်က အိမ်သစ်တစ်လုံး ဒါမှမဟုတ် ကားသစ်တစ်စီးဝယ်မယ်ဆိုရင် ကြိုတင်ငွေစုထားဖို့က အရေးကြီးပါတယ်။
ဒါမှမဟုတ် ကိုယ့်ရဲ့လက်ရှိအိမ်ကို အကြီးစားပြုပြင်မယ်၊ ကားကို ဒီထက် ပိုကောင်းအောင်
အဆင့်မြှင့်မယ်ဆိုရင်လည်း လက်ထဲမှာငွေတစ်လုံးတစ်ခဲတည်းရှိနေဖို့က မဖြစ်မနေ အရေးပါနေပါတယ်။
ကိုယ့်ရဲ့လစာကနည်းနေရင်တော့ တစ်လအတွင်း ဒါတွေလုပ်နိုင်ဖို့ အတော်လေး ခက်ခဲနိုင်တာကြောင့်
အဲဒါတွေမလုပ်ခင် ကိုယ်ကကြိုတင်ငွေစုထားဖို့လိုအပ်ပါတယ်။ ကိုယ့်ဘက်က အသုံးအဆောင် ပစ္စည်းတွေအဆင့်မြှင့်တင်ဖို့အတွက်
လိုအပ်တဲ့ငွေကြေးပမာဏကို သတ်မှတ်ထား ရမှာဖြစ်ပြီး အဲဒီအခါကျမှ ကိုယ်ရတဲ့ဝင်ငွေထဲက ဘယ်လောက်စု၊
ဘယ်အချိန်မှာ ရည်မှန်းချက်ပြည့်နိုင်မလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။
မွန်လေးမောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment