အိမ်တွင်းပုန်းလုပ်နေပြီး
ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေကို ဖြုန်းတီးနေတာက ဘယ်လောက် ဆိုးရွား သလဲဆိုတာ သိပါသလား။
မိဘတွေအနေနဲ့ အရွယ်မရောက်သေးတဲ့ကလေးတွေကို အိမ်အပြင် သိပ်မပေး ထွက်တာ မိဘမေတ္တာအရဖြစ်သင့်တဲ့ကိစ္စလို့သတ်မှတ်ရပါမယ်။
ဒါပေမဲ့ အရွယ်ရောက်လူလားမြောက်လာတဲ့အချိန်မှာတော့ အိမ်တွင်းပုန်းလုပ်ပြီး အချိန်တွေကို
ဖြုန်းတီး ရင်တော့ နှမြောစရာကောင်းလွန်းလှပါတယ်။ နေရောင်အောက်မှာ လန်းဆန်းတက်ကြွစွာ
အချိန်ကုန်ဆုံးပြီး သဘာဝအလှတရားကြီးကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခံစားရတာက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုသာမက
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေမှာ သေချာပါတယ်။ ဒီတော့ ကိုယ်လည်း
ဦးထုပ်ကိုဆောင်း၊ ကုတ်အင်္ကျီဝတ်၊ ဖိနပ်စီးပြီး အိမ်အပြင်ဘက်ထွက်ကာ လန်းဆန်းလှတဲ့လေထုကို
ရှူရှိုက်လိုက်ပါ။ ဒီစာစုမှာ သဘာဝအလှတရားကြီးကို ခံစားသင့်တဲ့အဓိကအကြောင်းတရားတွေကို
ဖော်ပြပေးသွားမှာပါ။
ပိုမိုပျော်ရွှင်ရမှာက
အသေချာဆုံး
ပြီးခဲ့တဲ့
၂၀၁၃ ခုနှစ်အတွင်း ကနေဒါနိုင်ငံမှာ စာရင်းပြုစုချက်အရ ပြည်သူ(၁၀,၀၀၀)ဟာ နေ့တိုင်း မိနစ်(၃၀)လောက်
သဘာဝအလှတရားကို ခံစားခဲ့တယ်လို့သိရပါတယ်။ အဲဒီစာရင်းပြုစုချက်အရ သူတို့ဟာ သဘာဝတရားရဲ့အလှအပတွေကို
နေ့တိုင်းခံစားနေလို့ စိတ်အေးချမ်းပျော်ရွှင်ရသလို လူတွေအပေါ်အမြင် အကောင်းဘက်ရောက်လာခဲ့ပြီး
ညဘက်ကောင်းကောင်းအိပ်ပျော်သလို လုပ်ငန်းခွင်မှာလည်း ကုန်ထုတ်စွမ်းအားပမာဏပိုမိုများပြားလာတယ်လို့
သိရပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment