အခုလို ဆိုရှယ်ခေတ်ကြီးထဲမှာ
အွန်လိုင်းစာမျက်နှာတွေထက် သူငယ်ချင်းမိတ်ဆွေဖွဲ့ရတာ ပိုမို လွယ်ကူချောမွေ့လာတာအမှန်ပါပဲ။
ဒါပေမဲ့ အပြင်မှာကိုယ်နဲ့ပေါင်းသင်းဆက်ဆံရမယ့် အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေးကောင်းဖို့လည်း
လိုအပ်နေပါတယ်။ နောက်ပြီး ရန်ကုန်မြို့လို အိမ်ခြံမြေဈေးနှုန်းတွေမြင့်မားပြီး အိမ်ခန်းငှားရမ်းခတွေ
ခေါင်ခိုက်နေတဲ့နေရာမျိုးမှာအများစုဟာ မွေးဖွားရာကနေ သေဆုံးသွားတဲ့အထိ တစ်နေရာတည်းမှာနေနိုင်ဖို့ဆိုတာ
ပိုမိုခက်ခဲလာပါတယ်။ အထူးသဖြင့် အိမ်ငှားနေထိုင်သူတွေအတွက် ကိုယ့်ရဲ့ဝင်ငွေနဲ့ လိုက်လျောညီထွေဖြစ်အောင်
ကြိုးစားနေထိုင်လာရပြီး မကြာခဏ အိမ်ပြောင်းရတဲ့ အဖြစ်တွေလည်း ကြုံနေရပါတယ်။ အဲဒီအတွက်ကြောင့်
ပတ်ဝန်းကျင်အသစ်နဲ့ မကြာခဏရင်ဆိုင်နေရပြီး အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင်
ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို အကြံပေးချင်ပါတယ်။
အိမ်တွင်းပုန်းမနေပါနဲ့
တကယ်လို့
အိမ်ထဲမှာပဲနေမယ်ဆိုရင် ကိုယ့်အနေနဲ့ အိမ်နီးနားချင်းတွေကို ပြောဆိုဆက်ဆံဖို့ အခွင့်အရေး ရမှာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို အိမ်အပြင်ထွက်ပြီး စိတ်ဝင် တစားစောင့်ကြည့်ဖို့လည်းအချိန်ပေးပါ။
အဲဒီလိုနဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေပိုဖြစ်လာပြီဆိုရင်တော့ ရပ်ကွက်ထဲတစ်ပတ်လောက်လမ်းလျှောက်ပြီး
အိမ်နီးနားချင်းတွေနဲ့ မျက်မှန်းတန်းအောင်ပြုလုပ်ပေးပါ။ အဲဒီလိုတစ်ယောက်နဲ့တစ်ယောက်
အမြင်နဲ့ရင်းနှီးလာပြီဆိုရင်တော့
ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးရပါမယ်။ အဲဒီလို မိတ်ဆက်ရာမှာ…
- ရှင်တို့
ဒီမှာနေတာဘယ်လောက်ကြာပြီလဲ။
- ကျွန်မတစ်ခုခုများ
ကူညီပေးလို့ရမလား။
- ကျွန်မကိုလည်း
ကိုယ့်ရဲ့အိမ်နီးနားချင်းကောင်းတစ်ယောက်လိုသဘောထားပါ။
ဒါတွေကို
မမေ့မလျော့မေးဖို့လိုအပ်ပါတယ်။ အဲဒီနောက် အိမ်ခေါ်ပြီး လက်ဖက်ရည်တိုက်တာတို့၊ နောက်ဆုံး
ညစာကျွေးတာတို့ လုပ်ပေးသင့်ပါတယ်။
ဒါတွေမလုပ်ပါနဲ့
ပတ်ဝန်းကျင်အသစ်မှာ
အိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေဖွဲ့ချင်တယ်ဆိုရင် ရှောင်ရှားရမယ့်အရာတွေလည်း ရှိနေပါတယ်။
အဲဒါတွေကတော့…
- ကိုယ့်ရဲ့ခွေး
သို့မဟုတ် ကြောင်တွေကို သူများအိမ်သို့မဟုတ် ခြံဝန်းထဲဝင်စေတာမျိုး။
- သီချင်းကို
လိုတာထက်ပိုမိုကျယ်လောင်စွာဖွင့်ခြင်း။
- အိမ်ထဲ၊
ခြံထဲမှာ ပါတီပွဲကျင်းပခြင်း။
- ကိုယ့်ခြံထဲမှာ
အ၀တ်အစားမပါဘဲ လမ်းလျှောက်ခြင်း။
- ကိုယ့်ကလေးတွေ
သူများအိမ်ထဲခြံထဲဝင်ထွက်ဆော့ကစားခြင်း။
အဲဒီအချက်တွေကိုသာ
ကိုယ့်ဘက်ကမရှောင်ဘူးဆိုရင်တော့ ပတ်ဝန်းကျင်ကအိမ်နီးနားချင်းတွေကလည်း ကိုယ့်အကြောင်းကို
ဒီထက်ပိုမိုသိအောင် ကြိုးစားချင်ကြမှာမဟုတ်ပါဘူး။
အိမ်နီးနားချင်းတွေနဲ့
အပြင်ထွက်လည်ဖို့ မမေ့ပါနဲ့
တကယ်လို့
အထက်ပါအကြောင်းအရာတွေကို ရှောင်နိုင်ပြီဆိုရင်တော့ အိမ်နီးနားချင်းတွေကို အိမ်မှာ ထမင်းဖိတ်ကျွေးတာမျိုး
လုပ်ပေးသင့်ပါတယ်။ တစ်ခါတလေကျရင် ပိုမိုလွတ်လပ်တဲ့ အပြင်မှာ စားသောက် ဖို့လိုအပ်ပြီး
အဲဒီလိုအိမ်နီးနားချင်းတွေနဲ့ အပြင်ထွက်လည်ပြီး စားသောက်မယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို
ပိုမိုသိလာမှာသေချာပါတယ်။ နောကပြီး ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ကြား က ဆက်ဆံရေးကလည်း အရင်ကထက်
ပိုမိုချောမွေ့လာနိုင်ပါတယ်။
ဒါပေမဲ့ ကိုယ့်ဘက်ကလည်း
လိုတာထက်ပိုပြီး အလောတကြီး စီစဉ်တာမျိုးတွေကို ရှောင်သင့်ပါတယ်။ တကယ်လို့ အိမ်မှာကော်ဖီတိုက်ဖို့
ဖိတ်ခေါ်တာမျိုးတွေကို အိမ်နီးနားချင်းတွေက ငြင်းဆန်ခဲ့မယ်ဆိုရင် လည်း စိတ်ဓာတ်ကျဖို့မလိုပါဘူး။
အဲဒီလိုမျိုးဆိုရင် ရပ်ကွက်အတွင်း သာရေးနာရေးတွေမှာ ၀င်ရောက် ကူညီတာမျိုးတို့၊ ရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံမှာ
အသင်းဝင်တစ်ဦးအဖြစ် အလှူငွေထည့်ဝင်လှူဒါန်းနိုင် သလို လုပ်အားဒါနပါပေးဖို့ လိုအပ်ပါတယ်။
အဲဒီလို အသင်းအဖွဲ့မျိုးနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ် လာပြီ ဆိုရင် ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေနဲ့
ပိုမိုပေါင်းသင်းဝင်ဆံ့လာမှာဖြစ်ပြီး အိမ်မှာ လက်ဖက်ရည် နဲ့ ဧည့်ခံတာမျိုးထက်တောင် ဆက်ဆံရေးက
ပိုမိုခိုင်မြဲတတ်ပါတယ်။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment