သီတင်းကျွတ်ဆိုတဲ့အရာကို ဖွေးဖွေးအနေနဲ့
ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချင်ပါလဲ၊ သီတင်းကျွတ်ဆိုတာကို ဘယ်လို ပုံစံနဲ့သိထားပါလဲ။
ဖွေးသိထားတာကတော့ မြန်မာတို့ရဲ့ (၁၂)လရာသီပွဲတော်တွေထဲမှာ
သင်္ကြန်ပွဲတော်ပြီးရင် သီတင်း ကျွတ်မီးထွန်းပွဲတော်က ဒုတိယအစည်ကားဆုံးပွဲတော်လို့ သိထားတယ်။
ပြီးတော့ မြန်မာတို့ရဲ့ ထုံးတမ်းအစဉ် အလာအရ သီတင်းကျွတ်ကာလမတိုင်ခင် ၀ါတွင်းကာလမှာ
ထိမ်းမြားမင်္ဂလာမပြုရဘဲ ၀ါထွက်ကာလ သီတင်း ကျွတ်ပွဲတော်ပြီးမှ ထိမ်းမြားလက်ထပ်ခွင့်ရှိတယ်လို့တော့
ဒီလိုပဲ ဖွေး သိထားတယ်။
သီတင်းကျွတ်ကာလကို ရောက်လာပြီဆိုတော့
သီတင်းကျွတ်နဲ့ပတ်သက်လို့ ခံစားချက်လေးတွေ ပြောပြပေးပါဦး။
ဖွေးဖွေးငယ်ငယ်တုန်းက သီတင်းကျွတ်ဆိုတာကို
တော်တော်ပျော်ရွှင်ခဲ့ပါတယ်။ အိမ်မှာ ရှိသ မျှနေရာ တွေ အားလုံးကို ဖယောင်းတိုင်တွေထွန်းပြီး
ဆုတောင်းတယ်။ ပြီးရင် မိသားစုအလိုက် ဘုရားတွေ သွားဖူးတယ်။ ဘုရားမှာလည်း ဆီမီးတွေ၊ အမွှေးတိုင်တွေထွန်းပြီး
စည်းကားလိုက်တာမှ ကြိတ်ကြိတ်တိုး ပါပဲ။ မီးပုံးတွေ၊ မီးပန်း တွေ၊ ပေသီးတွေပစ်ကြ ဖောက်ကြတယ်။
ပြီးတော့ ကိုယ့်ထက်တစ်နှစ် တစ်လ တစ်ရက်ကြီးတဲ့ ညီအစ်ကို၊ မောင်နှမအားလုံးကို လိုက်လံကန်တော့ရတယ်။
အဲဒီလိုဆို လူကြီးတွေက မုန့်ဖိုးတွေပေးတယ်။ ငယ်ငယ်တုန်း က သီတင်းကျွတ်ကတော့ ပျော်စရာကောင်းပါတယ်။
လက်ရှိအရွယ်ရောက်တဲ့အချိန်မှာ သီတင်းကျွတ်ကာလအပေါ်
ခံစားမှုလေးတွေရော ဘယ်လိုကွဲပြား သွားပါလဲ။
လက်ရှိမှာကျတော့ မိသားစုတွေအကုန်လုံးက ကိုယ့်အလုပ်နဲ့ကိုယ်
ကိုယ့်အကြောင်းနဲ့ကိုယ် အလုပ်ရှုပ် တဲ့သူတွေ များလာတော့ မိသားစုစုံတဲ့ သီတင်းကျွတ်က
ရှားသွားပြီလေ။ ဒါကြောင့် ငယ်ငယ် တုန်းက သီတင်း ကျွတ်ကို ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့
သီတင်းကျွတ်လို့တော့ ထင်တယ်။ ပကာ သနတွေနဲ့မဆိုင်ဘူး၊ အဓိကက သီတင်းကျွတ်ဆိုတာ နိုင်ငံခြားမှုဆိုရင်တော့
ခရစ်စမတ်ပေါ့၊ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ တူတူ ရှိနေသင့်ပါတယ်။
ဝါလကင်းလွတ် သီတင်းကျွတ်အလျောက် မင်္ဂလာအခမ်းအနားတွေက
ပေါ်လာတော့မှာဆိုတော့ ဖွေးဖွေးရဲ့ စိတ်ထဲမှာ စိတ်ကူးပုံဖော်ထားတဲ့ မင်္ဂလာအခမ်းအနားပုံစံလေးများရှိပါလား။
ဖွေးက ဒီနှစ်မှာတော့ သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေပဲ
လိုက်တက်ဖြစ်နေမှာပါ။ ကိုယ် ကိုယ် တိုင်တော့ ဆောင်ဖို့စိတ်ကူး မရှိသေးပါဘူး။ စိတ်ကူးပုံဖော်ကြည့်တာလဲ
မရှိပါဘူး။
ဒီနှစ်အတွက် မင်္ဂလာသတို့သမီးအ၀တ်အစားလေးတွေက
ယခင်နှစ်ကထက်စာရင် ထူးခြားဆန်းသစ်လာတယ်လို့ ဖွေးဖွေးမြင်ပါလား။
ဖွေး ဒါတွေ သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ ဖွေးသိတာတစ်ခုက
မြန်မာတို့ရဲ့ အယူအဆထုံးတမ်း အစဉ် အလာအရ မင်္ဂလာဝတ်စုံလေးဟာ မြန်မာဆန်ဆန် ထိုင်မသိမ်းလေးနဲ့မှ
သင့်တော်ခန့်ငြားတယ်လို့ ဖွေးထင် တယ်။ ဘယ်လို ဘယ်ပုံစံတွေပဲ ဆန်းသစ်တာတွေရှိရှိ မြန်မာတို့ရဲ့
ရှေးရိုးထုံးစံကိုတော့ မပစ်ပယ် သင့်ဘူးလို့ တော့ ဖွေးထင်တယ်လေ။
ဒီသီတင်းကျွတ်ကာလမှာ ဖွေးဖွေးရဲ့သူငယ်ချင်းတွေ၊
ဆွေမျိုးအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်ဖွယ်အစီအစဉ်လေး တွေကို စိတ်ကူးပုံဖော်ထားသေးလား။
သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ဖို့ စိတ်ကူးထားတာတော့
မရှိပါဘူး။ စိတ်ကူးထဲမှာကတော့ ငယ်ငယ် တုန်း က ကလေးဘ၀ကို ပြန်လိုချင်ပါတယ်။
မြန်မာတို့ရဲ့ ထုံးတမ်းအစဉ်အလာတစ်ရပ်ဖြစ်တဲ့
သီတင်းကျွတ်ပွဲတော်နဲ့ပတ်သက်လို့ ပရိသတ်တွေကို ဖွေးဖွေး အနေနဲ့ ဘယ်လိုစကားလေးပြောချင်ပါလဲ။
သီတင်းကျွတ်ရယ်မှ မဟုတ်ပါဘူး။ ဘယ်ပွဲလမ်းသဘင်မျိုးမဆို
တစ်ယောက်နဲ့တစ်ယောက် နား လည် မှုမေတ္တာတွေရှိနေလို့ရှိရင် အမြဲပျော်ရွှင်စရာကောင်းတဲ့ ဘ၀မျိုးတွေ
ပိုင်ဆိုင်နိုင်မှာပါ။ တိုတောင်းတဲ့ လူ့ဘ၀ လေးမှာ ပျော်စရာအကောင်းဆုံးအချိန်တွေကို
ဖြတ်သန်းနိုင်ပါစေလို့ ဖွေးဆုတောင်းပေးပါတယ်။
မိန်းကလေးတစ်ယောက်အတွက် အလှအပတရားက
အရေးကြီးတဲ့အတွက် ဖွေးဖွေးက ဘယ်လိုနေရာကို အလှပြင်ရတာကြိုက်ပါလဲ၊ နှစ်သက်ပါလဲ။
ဖွေးကတော့ ကိုယ်ကိုယ်ကိုယ် လှတယ်လို့တော့
မထင်ပါဘူး (ရယ်လျက်)။ ၀ါသနာပါတာကတော့ ဆံပင်ကို ပုံစံအမျိုးမျိုးပြောင်းရတာ ဖွေးကြိုက်တယ်။
နောက်ပြီးတော့ မျက်လုံးပြင်ရတာလေးကိုလည်း သဘော ကျတယ်။ ဖက်ရှင်ဘက်ကိုလည်း နည်းနည်း စိတ်ဝင်စားတယ်။
ဖွေးဖွေးကို ဆက်သွယ်ရတာ ခက်ခဲမှုတွေရှိတဲ့အပေါ်မှာ
ဖွေးဖွေးရှုတင်တွေကြောင့် မအားလို့လား၊ ဒါမှမဟုတ် အစ်ကိုတို့လို မီဒီယာသမားတွေကြောင့်
စိတ်အနှောင့်အယှက် ဖြစ်ရလို့လား။
မဟုတ်ပါဘူးရှင့်။ လောလောဆယ်မှာက ဒါရိုက်တာကိုဝိုင်း
ရိုက်မယ့် တီဗီစီးရီးမှာ ပါဖို့ရှိပါတယ်။ နောက်ပိုင်းမှာ ဗီဒီယိုတွေရိုက်ရတာ အားမရတဲ့အတွက်
သိပ်မရိုက်ချင်တော့ဘူး။ ကိုယ်ကိုယ်တိုင် အရမ်းရင်ခုန် ပြီးတော့ ကြည့်တဲ့သူအတွက်ရော၊
ထုတ်လုပ်တဲ့သူအတွက်ရော၊ ကိုယ့်အတွက်ရော ရင်ခုန်စရာကောင်းမယ့် ဇာတ်လမ်းတွေကိုပဲ ရိုက်ဖြစ်တော့မှာပါ။
မိုးစက် (လေပြေ)
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment