အလှအပနဲ့ပတ်သက်လာရင်
မိန်းကလေးတိုင်း လိုချင်ကြတာက ရှည်လျားလှပတဲ့ဆံကေသာ၊ ကော့ညွတ်နေတဲ့မျက်တောင်တစ်စုံ၊
ဆွဲဆောင်မှုရှိတဲ့မျက်ဝန်း၊ လှပတဲ့ အသားအရေ၊ နီထွေးပြီးဖူးငုံနေတဲ့ နှုတ်ခမ်းလေးတစ်စုံပေါ့။
အသားအရေအတွက် Skin Care တွေ၊ မိတ်ကပ်တွေရှိတယ်။ မျက်ဝန်းအတွက် လည်း ရှိတယ်။ အဲဒီထဲကမှ
လူတကာကြား ထင်ရှားပေါ်လွင်နေတာကတော့ ဖူးငုံလှတဲ့ နှုတ်ခမ်းသားလေး တစ်စုံပေါ့။ အဲဒီအတွက်
နှုတ်ခမ်းဆိုးဆေးလေးတွေ သုံးကြတယ်။ ဒါပေမဲ့ နှုတ်ခမ်းဆိုတာ ရေသောက် လည်းသူ၊ အစာ စားလည်းသူ၊
နောက်ဆုံးအပြင်းပြေ လက်သည်းကိုက်တက်တဲ့အကျင့်အထိ အားလုံးနဲ့ ထိတွေ့နေရတာ မဟုတ်ပါလား။
တစ်ခါတရံမေ့လျော့ပြီးတောင် နှုတ်ခမ်းကို ပွတ်သပ်ကြပါတယ်။ အဲဒီတော့ နှုတ်ခမ်းဆိုးဆေး လှလှလေးတွေကလည်း
ပျက်ကုန်တာပေါ့။ အဲဒီအတွက် လှပတဲ့နှုတ်ခမ်း သားလေး တစ်နေကုန်ပိုင်ဆိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေ
တင်ဆက်ပေးလိုက်ရပါတယ်။
ပုံမှန်ကြေးချွတ်ပါ
နှုတ်ခမ်းခြောက်တတ်သူများအနေနဲ့
နှုတ်ခမ်းဆိုးဆေးသုံးတဲ့အခါ ခြောက်သွေ့ကွဲအက်ပြီး မညီမညာမှုကင်းဝေးစေဖို့အတွက် နှုတ်ခမ်းသားကို
ပုံမှန်ကြေးချွတ်ပေးဖို့ လိုပါတယ်။ သကြား၊ သံလွင်ဆီ ဒါမှမဟုတ် ထောပတ်ဆီကိုသုံးပြီး
နှုတ်ခမ်းသားလေးတွေကို ညင်သာစွာပွတ်လိမ်းပေးပါ။ ဒါက ကြေးချွတ်ပေးရုံသာမက နှုတ်ခမ်းကိုပါ
အစိုဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။
နှုတ်ခမ်းဆိုးဆေးမပျံ့နှံ့စေဖို့
တစ်ချို့သော
နှုတ်ခမ်းဆိုးဆေးတွေက အရည်အသွေးကြောင့်ဖြစ်စေ၊ တစ်ခါတရံမှာ နှုတ်ခမ်းသားကြောင့်ဖြစ်စေ
ဘေးဘက်အရေပြားကို ပျံ့နှံ့တတ်ပါတယ်။ အဲဒီ ပြဿနာအတွက် နှုတ်ခမ်းဆိုးဆေးမသုံးခင်မှာ နှုတ်ခမ်းသားကို
ဖောင်ဒေးရှင်းခပ်ပါးပါးလေးလိမ်းပေးဖို့ လိုပါတယ်။ ဖောင်ဒေးရှင်းသုံးပေးတဲ့အတွက် နှုတ်ခမ်းက
အရေးအကြောင်းတွေကိုပါ ဖုံးကွယ်ပေးပြီး အရောင်ပျံ့နှံ့မှုကို တားဆီးပေးပါတယ်။
နှုတ်ခမ်းဆိုးဆေးနှစ်ထပ်သုံးတဲ့အခါ
နှုတ်ခမ်းဆိုးဆေးတာရှည်ခံဖို့
အရောင်နှစ်ထပ်သုံးတဲ့အခါ တစ်ရှူးစလေးနဲ့ နှုတ်ခမ်းဆိုးဆေးကို ခပ်ဖွဖွဖိထားပေးဖို့လိုပါတယ်။
အရောင်တစ်ထပ်တိုးပြီးတိုင်း တစ်ရှူးသုံးပေးတဲ့အတွက် နှုတ်ခမ်းက ပိုလျှံနေတဲ့အဆီကို ဖယ်ရှားပေးပြီး
နှုတ်ခမ်းဆိုးဆေးကို တာရှည်ခံစေပါတယ်။
ဗူးခွံနဲ့ နှုတ်ခမ်းဆိုးဆေး အရောင်မတူတဲ့အခါ
ဗူးခွံမှာပြထားတဲ့အရောင်နဲ့
နှုတ်ခမ်းဆိုးဆေးအရောင် ကွဲပြားနေတဲ့အခါမှာ အကြောင်းရင်းကတော့ နှုတ်ခမ်းသားရဲ့သဘာဝအရောင်ကြောင့်
ဖြစ်ပါတယ်။ နှုတ်ခမ်းသား ပင်ကိုအရောင်ရင့်သူတွေ၊ ဥပမာ ပန်းရောင်၊ အညိုရောင်သန်းသူတွေအနေနဲ့
နှုတ်ခမ်းဆိုးဆေးမခြယ်သခင်မှာ ကွန်ဆယ်လာသုံးပေးဖို့ လိုပါတယ်။
နှုတ်ခမ်းဆိုးဆေးကျိုးပဲ့သွားတဲ့အခါ
ကျိုးပဲ့သွားတဲ့
နှုတ်ခမ်းဆိုးဆေးကို အလွယ်တကူ ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ နှုတ်ခမ်းဆိုးဆေးကို အနည်းငယ်အပူပေးပြီး
နေသားတကျ ပြန်လည်ပုံဖော်နိုင်ပါတယ်။ အချိန်အကြာကြီး အပူမပေးဖို့တော့ သတိပြုပါ။ အချိန်အတော်ကြာ
အပူပေးခြင်းက နှုတ်ခမ်းဆိုးဆေးကို ပျော့သွားစေသလို အရောင်ပါလွင့်ပျယ်စေပါလိမ့်မယ်။
သွားမှာ နှုတ်ခမ်းဆိုးဆေးပေကျံတဲ့အခါ
ဒါက
မိန်းကလေးတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ ဒီ ပြဿနာအတွက် အဖြေကတော့ နှုတ်ခမ်းဆိုးဆေးသုံးပြီးတိုင်း
နှုတ်ခမ်းကို ‘အို’ ပုံသဏ္ဍာန်ဝိုင်းပြီး နှုတ်ခမ်းမှ လက်ညှိုးကိုထုတ်လိုက်ပါ။ သွားကိုပေကျံမယ့်
နှုတ်ခမ်းဆိုးဆေးတွေက လက်ကို ကပ်ညိလာပါလိမ့်မယ်။
တာရှည်ခံစေတဲ့ နှုတ်ခမ်းဆိုးဆေးပိုင်ဆိုင်ဖို့
နှုတ်ခမ်းဆိုးဆေးအသုံးပြုပြီးတိုင်း
နှုတ်ခမ်းသားကို Translucent Powder လေး အနည်းငယ် သုံးပေးလိုက်ပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment