အလှအပအတွက်
ပစ္စည်းအသစ်အဆန်းတွေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပေါ်လာသလို လှချင် ပချင်စိတ်ကလည်း
ဘယ်တော့မှ ရိုးအီသွားတယ်ဆိုတာ မရှိပါဘူး။ လူ့အလိုနတ်မလိုက်နိုင်ဆိုတဲ့ စကား အတိုင်း
လူအမျိုးမျိုး စိတ်အထွေထွေကွဲပြားကြပြီး လိုအင်ဆန္ဒတွေကလည်း ကွဲပြားကြပါတယ်။ အဲဒါ ကိုတော့
အနုပညာရှင်တို့အတွက် မိတ်ကပ်ပြင်ဆင်ပေးနေရတဲ့ မိတ်ကပ်ဖန်တီးရှင်၊ မိတ်ကပ်ပညာရှင်တွေ
အသိဆုံးပါ။ ကိုယ်က ဒီလိုလေး ပြင်ပေးလိုက်မယ်၊ သူက ဒီလိုလေးပြင်ချင်တယ်။
ကိုယ်နဲ့လိုက်မှန်းမသိ
မလိုက်မှန်းမသိတဲ့ လိုအင်ဆန္ဒတွေကို မိတ်ကပ်ပညာရှင်တွေက ဖြည့် ဆည်းပေးနေကြရပါတယ်။ မိတ်ကပ်ပစ္စည်း
အသစ်အဆန်းပေါ်လာတဲ့အခါ ဒီပစ္စည်း ဘယ်လိုသုံးရတယ်၊ ဘယ်နေရာအတွက် အသုံးဝင်တယ်ဆိုတာ စမ်းသပ်ကြည့်ကြတယ်။
ဒီလိုပြင်ပေးတာမကြိုက်ဘူးဆိုလည်း အချိန်နဲ့တစ်ပြေးညီ ပြန်လည်ပြင်ဆင်နိုင်အောင် ကြိုးစားကြရပါတယ်။
အဲဒါကြောင့် ဒီတစ်ပတ်မှာကတော့ နိုင်ငံတကာအနုပညာရှင်တွေနဲ့ မိတ်ကပ်ပညာရှင်တို့ရဲ့ လက်စွဲလျှို့ဝှက်ချက်လေးကို
ဖော်ပြပေးလိုက် ရပါတယ်။
Blush ကို နှစ်ရောင်အသုံးပြုပါ
မိတ်ကပ်ပညာရှင်
ဂျိမ်း(စ်)ကင်းဘင့်ကတော့ ငယ်ရွယ်နုပျိုတဲ့ လှပမှုပိုင်ဆိုင်ဖို့ Blush ကို နှစ်ရောင် အသုံးပြုပါတဲ့။
Blush က ပါးပြင်မှာ သဘာဝအတိုင်းပုံစံကျနေစေဖို့အတွက် ပန်းရောင် ဒါမှမဟုတ် အနီရောင်ကို
ပါးမို့မို့လေးမှာ ခြယ်သပေးပါ။ ပြီးမှ လိမ္မော်ရောင် ဒါမှမဟုတ် မက်မွန်သီးအရောင်လေးကို
ပါးရိုးတစ်လျှောက် ခပ်ပါးပါးလေးခြယ်သပေးပါ။
မျက်ဝန်းအောက်မှာ ကွန်ဆယ်လာဘယ်လိုသုံးမလဲ
ဒါကတော့
မိတ်ကပ်ပညာရှင်တိုင်းနီးပါး သိထားကြပြီးသားပါ။ မျက်ဝန်းအောက်က မျက်အိတ်တွေ မျက်ကွင်းညိုတာတွေကို
ဖုံးဖိပေးဖို့အတွက် ကွန်ဆယ်လာကို အဲဒီညိုနေတဲ့မျက်ဝန်းပေါ်မတင်ပါနဲ့။ အဲဒီ မျက်အိတ်၊
ညိုနေတဲ့မျက်ကွင်းရဲ့ အောက်ခြေမှာ သုံးမြှောင့်တြိဂံပုံစံ လိမ်းခြယ်ပါ။အဲဒါမှသာ ကွန်ဆယ်လာ
အပေါ် အလင်းပြန်ပြီး မျက်အိတ်၊ မျက်ကွင်းညိုခြင်းတွေကို လျော့ပါးသွားသယောင် ထင်ရစေပါတယ်။
မျက်တောင်လေးတွေ ဘယ်လိုခြယ်သမလဲ
မိတ်ကပ်ပညာရှင်
ကာရာယိုရှီမိုတိုက မျက်တောင်ခြယ်သတဲ့ပညာနဲ့ပတ်သက်ပြီး သူ့ရဲ့နည်းလမ်း ကို ဝေမျှခဲ့ပါတယ်။
မျက်တောင်ကော့ဆေးသုံးတာက လွယ်ကူသယောင်ထင်ရပေမယ့် တကယ်တမ်း ခြယ် သတဲ့အခါ မျက်တောင်တွေ
ရှုပ်ထွေးသွားစေတတ်သလို တစ်ခါတရံ မျက်တောင်ပေးမှာ ပျစ်ခဲပြီး ကြည့်ရ ဆိုးစေပါတယ်။ အဲဒါကြောင့်
မျက်တောင်အရင်းကနေ အဖျားအထိ သာမန်ဆွဲတင်ပြီး ခြယ်သတာထက် မျက်တောင်ကော့ထဲကို မျက်တောင်အောက်ခြေကနေ
အထက်ကို လိပ်တင်သလိုပုံစံ အသုံးပြုဖို့ အကြံပြု ထားပါတယ်။
Eye Liner ဘယ်လိုသုံးမလဲ
Eye
Liner ကိုသုံးတဲ့အခါ အရောင်ကို သတိပြုရွေးချယ်ပေးဖို့ လိုအပ်ရုံသာမက ကိုယ်အသုံးပြုတဲ့
Eye Liner က မျက်ဝန်းကိုတိကျစွာ ပုံဖော်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့
ကိုယ့်ရဲ့မျက်ဝန်း မှာ ခပ်ပါးပါးလေးခြယ်မလား၊ ခပ်ထူထူလေးခြယ်မလား။ ဦးစွာစဉ်းစားပါ။ မျက်ဝန်းက
နီးကပ်နေသူများ အနေနဲ့ မျက်ဝန်းရဲ့အပြင်ထောင့်မှာ Eye Liner ကို ခပ်ထူထူခြယ်သပေးရုံနဲ့
မျက်အိမ်က ပိုမိုကျယ်ပြန့်သွား စေနိုင်ပါတယ်။ မျက်အိမ်ကျယ်သူများအနေနဲ့ မျက်ဝန်းရဲ့အတွင်းထောင့်မှာ
Eye Liner ကို ခပ်ထူထူခြယ်သပြီး မျက်ဝန်းကို ကျဉ်းသွားသယောင်ဖန်တီးနိုင်ပါတယ်။
မျက်တောင်ကော့ဆေး တာရှည်အသုံးခံဖို့
Becca
Comestics ရဲ့ မိတ်ကပ်ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ ကယ်ရီကိုလ်းကနေပြီး မျက်တောင်ကော့ဆေး
တာရှည်ခံစေဖို့ နည်းလမ်းကောင်းလေးဝေမျှခဲ့ပါတယ်။ မျက်တောင်ကော့ဆေး ခမ်းခြောက်စပြုလာတဲ့အခါမှာ
အစိုဓာတ်ပြန်ပြီးရရှိစေဖို့ ဆလိုင်းဖျော်ရည်ကို မျက်တောင်ကော့ဆေးထဲမှာ အနည်းငယ်ရောပြီး
သုံးပေးနိုင်ပါတယ်။
တာရှည်ခံတဲ့ အနီရောင်နှုတ်ခမ်းသားလေးပိုင်ဆိုင်ဖို့
မိတ်ကပ်ပညာရှင်ချားဝက်(စ်)ကနေပြီး
အနီရောင်နှုတ်ခမ်းဆိုးဆေး တာရည်ခံမယ့်နည်းလမ်းလေး ဝေမျှခဲ့ပါတယ်။ အနီရောင်နှုတ်ခမ်းဆိုးဆေး
တာရှည်ခံဖို့ ပထမဆုံးအနေနဲ့ အနီရောင် Lip Liner ကို နှုတ်ခမ်းပြည့် ခြယ်သပေးပါ။ ပြီးမှ
အပေါ်ကနေ အနီရောင်နှုတ်ခမ်းဆိုးဆေးကို သုံးစွဲပေးနိုင်ပါတယ်။
မျက်ခွံတွေဖောင်းအစ်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းမလဲ
ဆက်လက်ပြီး
ချားဝက်(စ်)က မိတ်ကပ်ပြင်ဆင်တဲ့အခါ အနှောင့်အယှက်ဖြစ်စေတဲ့ မျက်ခွံတွေ ဖောင်းအစ်တဲ့ပြဿနာ
ဖြေရှင်းပုံလေး ပြောပြခဲ့ပါသေးတယ်။ ဖောင်းအစ်တဲ့မျက်ခွံပေါ်မှာ မျက်စဉ်းခပ်ဆေး တစ်စက်နှစ်ဆက်ခန့်ချပေးလိုက်ခြင်းက
အရေပြားကိုကျစ်လျစ်သွားစေပြီး မျက်ခွံဖောင်းအစ်ခြင်းကို သက်သာစေပါတယ်။
မိတ်ကပ်မလိမ်းခင် ပြင်ဆင်ပါ
ဒါကတော့
မိတ်ကပ်ပညာရှင်တိုင်း ထောက်ခံထားတဲ့နည်းလမ်းဟောင်းတစ်ခု ဖြစ်ပါတယ်။ မိတ်ကပ်မခြယ်သခင်မှာ
အသားအရေကို ပုံစံကျစေဖို့အတွက် အစိုဓာတ်ထိမ်းခရင်မ် လိမ်းပေးပါ။ အနည်းငယ်ကြာမှ ဖောင်ဒေးရှင်း၊
ပေါင်ဒါတို့ကို အဆင်သင့်အသုံးပြုပေးပါ။
ဖောင်ဒေးရှင်းသုံးတဲ့အခါ
မိတ်ကပ်ပညာရှင်တွေ ထောက်ခံထားတာကတော့
ဖောင်ဒေးရှင်းသုံးတဲ့အခါ မျက်နှာပေါ်မှာ ညီညာနေစေဖို့အတွက် လက်၊ ရေမြှုပ်နဲ့ အသုံးပြုတာထက်
ဘရပ်ရှ်ကို အသုံးပြုပေးပါ။ ဘရပ်ရှ်သုံးပေးခြင်းက ဖောင်ဒေးရှင်းကို မျက်နှာရဲ့အစိတ်အပိုင်းတိုင်းမှာ
ညီညာလှပစေပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment