လိင်ဆွဲဆောင်မှုရှိတယ်
(Sexy ကျတယ်) ၊ အမျိးသမီးဆန်ဆန်လှပနေတယ်ဆိုတဲ့စကားလုံးတွေက ကိုယ့်ရဲ့ အတွင်းစိတ်ကနေဖြစ်ပေါ်လာတဲ့အရာတွေပါ။
ကိုယ်ဘယ်လို ခံစားရတယ်။ ဘာခံစားချက်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ယုံကြည်မှုအပြည့်ရှိတယ်ဆိုတာတွေနဲ့သာသက်ဆိုင်ပါတယ်။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် Sexy ကျနေတယ်လို့ ယုံကြည်မှုရှိနေရင် ကိုယ်ကိုယ်တိုင်လည်း
ယုံကြည်မှုရှိနေပါလိမ့်မယ်။ အဲဒီတော့ အမျိုးသမီးဆန်ဆန်နဲ့ Sexy ကျနေတဲ့ အလှအပပိုင်ဆိုင်ဖို့
ဘယ်လိုနေထိုင်ကြမလဲ။
စိတ်ခံစားချက်အတိုင်းဝတ်ဆင်ပါ
ပထမဆုံးအနေနဲ့
အမျိုးသမီးဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ အလှမျိုးပိုင်ဆိုင်နိုင်ဖို့အတွက်ကတော့ ကိုယ့်ကိုယ်ကိုယ်
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဆန်ဆန် ၀တ်စုံတွေဝတ်ဆင်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ၀တ်ဆင်တဲ့အ၀တ်အစားက
သက်သောင့်သက်သာဖြစ်နေဖို့တော့ လိုအပ်ပါတယ်။ ၀တ်ဆင်တဲ့အခါမှာလည်း ဒီဇိုင်းတစ်မျိုးတည်း
ဝတ်ဆင်တာထက် မ၀တ်ဆင်ဖူးသေးတဲ့ ဒီဇိုင်းတွေကို အမျိုးမျိုးစမ်းသပ်ဝတ်ဆင်ကြည့်တက်ဖို့လိုပါတယ်။
ရေမွှေးကောင်းကောင်းတစ်လုံး
အနံ့ကောင်းတဲ့ရေမွှေးတစ်လုံးကလည်း
ဆွဲဆောင်မှုရှိစေပြီး အမျိုးသမီးဆန်ဆန်လှပနေစေချင်တဲ့ လူတစ်ယောက်အတွက် အဓိကအရေးပါပါတယ်။
အနံ့အသက်ကောင်းကောင်းရေမွှေးဆွတ်ထားတဲ့အတွက် ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာနေမယ်။
ပတ်ဝန်းကျင်ကလူတွေကလည်း ကိုယ့်ကိုရေမွှေးရနံ့နဲ့အတူ သတိရနေမယ်။ တကယ်လို့ ရေမွှေးမသုံးဖြစ်တဲ့အခါ
ရေမွှေးရနံ့ပါဝင်တဲ့ ခန္ဓာကိုယ်လိမ်း Lotion လိုမျိုး သုံးစွဲပေးနိုင်ပါတယ်။
မျက်လုံးအကြည့်ကိုပျော်မွေ့ပါ
ကိုယ့်ကိုယ်ကိုယ်လှပအောင်
ပြင်ဆင်ပြီဆိုမှတော့ ယောက်ျားလေး၊ မိန်းကလေး ဘယ်သူမဆို ကြည့်ကြမှာအသေအချာပါပဲ။ လူတစ်ယောက်က
ကိုယ့်ကိုကြည့်နေတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်သလို မခံစားပါနဲ့။ မျက်လုံးအကြည့်ကို
ခံနိုင်ရည်ရှိဖို့ ကြိုးစားပါ။ ၄င်းအကြည့်ကို ပျော်မွေ့ပါ။
မျက်လုံးအကြည့်ကို
ရှောင်လွှဲဖို့မကြိုးစားပါနဲ့
နောက်ထပ်
Sexy ကျပြီး မိန်းကလေးဆန်ဆန်လှပနေဖို့အတွက်ကတော့ မျက်ဝန်းအကြည့်က ရဲရင့်ဖို့လိုအပ်ပါတယ်။
ကိုယ့်ရဲ့မျက်ဝန်းတွေကို လှပပြီးဆွဲဆောင်မှုရှိတယ်လို့ ခံယူထားပါ။ ဘယ်သူနဲ့မဆို မျက်လုံးချင်းဆုံဖို့ရဲဝံ့ပါ။
ကိုယ့်ရဲ့မျက်ဝန်းက လူတစ်ယောက်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ထားပါ။ မျက်လုံးအကြည့်နဲ့အတူ
အပြုံးကိုပါဆင်မြန်းထားပါ။
အ၀တ်အစားကလည်းအရေးကြီးတယ်
ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့
အ၀တ်အစားပိုင်းဆိုင်ရာကလည်း အရေးပါလာပါပြီ။ ပြင်ပအ၀တ်အစားထက် အတွင်းပိုင်းအ၀တ်အစားကို
ဦးစားပေးပါ။ ဆွဲဆောင်မှုရှိဖို့ကတော့ စွဲမက်ဖွယ်ကောင်းတဲ့ ပိုးသား၊ ချည်သား အတွင်းခံက
လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်
ဖူးဖူးမှုတ်ထားပါ
နောက်ထပ်ဆွဲဆောင်မှုရှိစေမယ့်
မိန်းကလေးတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ပိုးမွေးသလို တယုတယမွေးမြူတတ်ဖို့ပဲဖြစ်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်ရဲ့ ခေါင်းအစခြေအဆုံး အရာရာတိုင်းက ပြီးပြည့်စုံသွားပြီလို့ခံစားရတဲ့အခါမှာ
ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးတစ်ယောက်လို့ ခံစားသွားရပြီး တပြိုင်နက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပါ
တိုးလာပါလိမ့်မယ်။
ကိုယ်နေဟန်ထား
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ
ခန္ဓာကိုယ်အလေးချိန်ကိုလျှော့ချပေးရုံသက်သက်သာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေမယ့်အပြင်
ကိုယ့်ရဲ့ကိုယ်နေဟန်ထားကိုလည်း တိုးတက်စေပါတယ်။ ခန္ဓာကိုယ်တင်းတင်းရင်းရင်းနဲ့ ကျစ်ကျစ်လျစ်လျစ်ရှိခြင်းကလည်း
ဆွဲဆောင်မှုရှိစေတဲ့ သင်္ကေတတစ်ခုပါ။
အပြောအဆိုသတိပြုပါ
နောက်ထပ်အမျိုးသမီးဆန်ဆန်
ဆွဲဆောင်မှုရှိစေဖို့ နည်းလမ်းကောင်းတစ်ခုကတော့ စကားအပြောအဆို အမူအယာပဲဖြစ်ပါတယ်။ ခပ်တည်တည်နဲ့
ဣနြေ္ဒကြီးတစ်ခွဲသားနဲ့နေထိုင်တာထက် ပြီတီတီအမူအယာကသာ ကိုယ့်ကိုယ်ကိုယ် ပေါ့ပေါ့ပါးပါးနဲ့ဆွဲဆောင်မှုရှိနေစေပါလိမ့်မယ်။
ကိုယ့်ရဲ့ပင်ကိုယ်အရည်အချင်းကိုသာ
ဂရုစိုက်ပါ
ကိုယ့်ရဲ့ပြင်ဆင်လို့မရတဲ့
အားနည်းချက်တွေကို ထပ်တလဲလဲတွေးတောပြီး ကိုယ့်ကိုယ်ကိုယ် တဖန်အပြစ်တင်နေတာထက် ကိုယ့်မှာရှိတဲ့အားသာချက်တွေရှာဖွေဖော်ထုတ်ပါ။
၎င်းအချက်လေးတွေကို ပိုပြီးကောင်းသည်ထက် ပိုကောင်းလာအောင်ပြုမူဆောင်ရွက်ပါ။ အဲဒါမှ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေပြီး လူအများအကြား ဆွဲဆောင်မှုရှိရှိ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတတ်ပါ
ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိနေခြင်းကသာ ကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်မှုရှိရှိလှပစေနိုင်ပါတယ်။ ကိုယ်ကထင်ပေါ်ကျော်ကြားသူတစ်ယောက်လည်းမဟုတ်တဲ့အတွက်
၎င်းတို့လိုလူမျိုးတွေကိုအားကျပြီး သိမ်ငယ်နေစရာမလိုပါဘူး။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊
ကိုယ်လျှောက်လှမ်းနေတဲ့ခြေလှမ်းတိုင်းကို ယုံကြည်မှုရှိမှသာ ဆွဲဆောင်မှုရှိရှိနဲ့ လှပနေနိုင်စေမှာဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment