နွေ၊
မိုး၊ ဆောင်း သုံးရာသီအလီလီမှာ မိုးတွင်းဆိုလည်း စိုစွတ်သိပ်သည်းတဲ့လေထုနဲ့ အညစ် အကြေးကြောင့်
အသားအရေပျက်စီးလို့ ထိန်းသိမ်းရတယ်။ ဆောင်းရာသီရောက်ပြန်တော့ အေးမြကြမ်း တမ်းတဲ့လေ၊
နှင်းမှုန်လေးတွေနဲ့ နေရောင်ခြည်ကြောင့် အသားအရေထိန်းသိမ်းရပြန်တယ်။ အခုလည်း နွေရာသီရောက်လာပြီ။
တခြားရာသီဥတုတွေနဲ့မတူတာကတော့ နွေရာသီက အပြင်ထွက်လို့ ကောင်းတဲ့ရာသီတစ်ခုပေါ့။ ဒါပေမဲ့
နွေရာသီရဲ့ပူပြင်းတဲ့နေရောင်ခြည်က အသားအရေကို ပျက်စီးစေပြန်တယ်။ နေရောင်ခြည်က အရွယ်မတိုင်မီ
အိုမင်းရင့်ရော်ခြင်းတွေ၊ အရေးအကြောင်း၊ တင်းတိတ်၊ မှဲ့ခြောက်နဲ့ အဆိုးရွားဆုံးအနေနဲ့
အရေပြားကင်ဆာတို့ကိုတောင် ဖြစ်စေနိုင်ပါတယ်။ အဲဒီတော့ ပူပြင်းတဲ့နွေရာသီမှာ အသားအရေ
ဘယ်လိုထိန်းသိမ်းကြမလဲ။
နေရောင်ခြည်ရဲ့အန္တရာယ်ကို နားလည်ထားပါ။
နွေရာသီအတွက်အသားအရေထိန်းသိမ်းဖို့ပြင်ဆင်တဲ့အခါ
ပထမဆုံးနေရောင်ခြည်အကြောင်းကို သိထားဖို့လိုပါတယ်။ UVA ကတော့ အရေပြားရဲ့အတွင်းဆုံးအလွှာထိ
ဖောက်ထွင်းဝင်ရောက်နိုင်ပါတယ်။ UVA က Free Radical တွေနဲ့ အိုမင်းရင့်ရော်စေတဲ့ဆဲလ်လေးတွေကို
လှုံ့ဆော်ပေးပါတယ်။ UBA ကတော့ ဒုတိယအရှည်ဆုံးပါ။ UBA က အရေပြားအပေါ်ယံအလွှာကို ဖောက်ထွင်းဝင်ရောက်နိုင်ပြီး
နေလောင်ခြင်း၊ အရေပြားဓာတ်မတည့်မှုပြဿနာတွေနဲ့ အရေပြားကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။ IR(Infra-Red)
ကတော့ နေရောင်ခြည်က ထုတ်လွှင့်တဲ့ အပူပမာဏဖြစ်ပြီး ပမာဏများပြားတဲ့အခါ အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်စွမ်းကို
ထောက်ပံ့ပေးတဲ့ ကိုလာဂျင်နဲ့ ခန္ဓာကိုယ်ရဲ့ခုခံနိုင်စွမ်းအားကို လျော့ကျစေပါတယ်။
ကြေးချွတ်ပါ
နွေရာသီမှာ
အသားအရေက အဆီပြန်နေပြီး ကြမ်းတမ်းနေသယောင်ဖြစ်စေပါတယ်။ အဲဒီအတွက် ကြေးချွတ်ပေးပါ။ ကြေးချွတ်ပေးခြင်းက
အရေပြားဆဲလ်အသေတွေနဲ့ ခြောက်သွေ့မွဲခြောက်နေတဲ့ အရေပြားကို ဖယ်ရှားပေးပြီး တိုနာ၊ အစိုဓာတ်ထိန်းခရင်မ်တွေသုံးတဲ့အခါ
ပိုပြီးအစိုဓာတ်ကို ထောက်ပံ့ပေးပါတယ်။ နံနက်ပိုင်းမှာ ကြေးချွတ်ပြီးမှ တိုနာ၊ အစိုဓာတ်ထိန်းခရင်မ်၊
နေရောင်ကာလိမ်းဆေး၊ မိတ်ကပ်တို့ အသင့်တင့်သုံးပေးပါ။ မိတ်ကပ်သားကိုတာရှည်ခံစေပါတယ်။
ရေဓာတ်ပြည့်ဝနေပါစေ
အရေပြားက
ရေဓာတ်ပြည့်ဝနေဖို့ကလည်း အရေးကြီးပါတယ်။ ပူပြင်းတဲ့နေရောင်ခြည်က အသားအရေကို ခြောက်သွေ့စေပြီး
အစိုဓာတ်ကုန်ခမ်းသွားတဲ့အခါ ၄င်းနေရာကို အစားထိုးဝင်ရောက်လာတဲ့ အဆီတွေကြောင့် အသားအရေက
အဆီပြန်ပြီး ကပ်စေးစေးဖြစ်လာပါတယ်။ အဲဒီအတွက် အစိုဓာတ်ကို အစွမ်းကုန်ထောက်ပံ့ပေးနိုင်တဲ့
အသားအရေထိန်းပစ္စည်းမျိုး သုံးပေးပါ။
ရေလုံလောက်စွာသောက်ပါ
ပူပြင်းလှတဲ့နွေရာသီမှာ
ရေက အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။ ပူပြင်းနေတဲ့နေပူချိန်နဲ့ နေရောင်ခြည်အောက် အချိန်အတော်ကြာအောင်
လှုပ်ရှားသွားလာနေခြင်းက ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံးမှုကိုဖြစ်လာစေပါတယ်။
အဲဒါကြောင့် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။
နေရောင်ကာလိမ်းဆေး အသုံးပြုပါ
နေရောင်ကာလိမ်းဆေးက
တစ်ကြိမ်လိမ်းရုံဖြင့် မလုံလောက်ပါဘူး။ နေရောင်ထဲထွက်တဲ့ နေ့လယ် ၁၀ နာရီမှ ညနေ ၅ နာရီ
အတွင်း နှစ်နာရီတိုင်းတစ်ကြိမ် လိမ်းပေးပါ။ အခုလို နည်းပညာတွေထွန်းကားလာချိန်မှာ နေရောင်ကာလိမ်းဆေးကို
အသားအရေနဲ့ လိုက်ဖက်တဲ့ အဆီပြန်သူများအတွက်သီးသန့်၊ အသားအရေ ခြောက်သွေ့သူများအတွက်သီးသန့်၊
ထိလွယ်ရှလွယ် အသားအရေပိုင်ရှင်များအတွက် သီးသန့်ခွဲခြားပြီး ထုတ်လုပ်ထားပါတယ်။
အသားအရေနေလောင်တဲ့အခါ
နေရောင်ကာလိမ်းဆေးလိမ်းဖို့
မေ့သွားတဲ့အခါဖြစ်စေ၊ သင့်တော်တဲ့ပမာဏ မလိမ်းမိတာဖြစ်စေ၊ နေရောင်ခြည်ထဲအချိန်ကြာမြင့်စွာ
သွားလာနေရလို့ နေလောင်တဲ့အခါမှာ အသားအရေက နီရဲပြီး အဖတ်များကွာကျလောက်တဲ့အထိ နေရောင်ခြည်ဒဏ်ကို
ခံစားရနိုင်ပါတယ်။ အဲဒီလို နေလောင်တဲ့ဒဏ်ကို ကုသဖို့အတွက်ကတော့ သဘာဝရှားစောင်းလက်ပတ်ဂျယ်
ဒါမှမဟုတ် နေလောင်ဒဏ်ကို သက်သာစေမယ့် ဂျယ်လ်မျိုး သုံးစွဲပေးနိုင်ပါတယ်။
နေရောင်ကာလိမ်းဆေး ဘယ်လိုရွေးချယ်မလဲ
နေရောင်ကာလိမ်းဆေးအားလုံးက ပုံစံတစ်မျိုးတည်း
ဖော်စပ်ထုတ်လုပ်ထားတာမဟုတ်ပါဘူး။ တချို့က နေရောင်ခြည်ကို အလင်းပြန်စေတဲ့နည်းနဲ့ကာကွယ်ပေးပြီး
တချို့ကတော့ နေရောင်ခြည်ကို စုပ်ယူထားလိုက်ပါတယ်။ နေရောင်ကာလိမ်းဆေးဘူးတွေပေါ်မှာ ရေးသားထားတဲ့
SPA ဆိုတာက နေရောင်ဒဏ်ကာကွယ်ပေးနိုင်တာကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဥပမာ နေရောင်အောက်မှာ
၁၀ မိနစ် အတွင်း အသားအရေနီရဲပြီး နေလောင်သွားသူတွေအနေနဲ့ SPA ၁၅ ဆပါဝင်တဲ့ နေရောင်ကာလိမ်းဆေး
ရွေးချယ်နိုင်ပါတယ်။ အဲဒီ နေရောင်ဒဏ်ကာကွယ်နိုင်မှု ၁၅ ဆက နေရောင်ခြည်ကို ၁၅၀ မိနစ်ခန့်
ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ နေရောင်ကာကွယ်နိုင်ဆေးများတိုင်း နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တာမဟုတ်ပါဘူး။
တချို့သော နေရောင်ကာလိမ်းဆေးတွေက ဓာတုပစ္စည်းတွေများစွာပါဝင်ပြီး သုံးစွဲပါများလာတာနဲ့အမျှ
အရေပြားကိုပါ ထိခိုက်ပျက်စီးလာစေနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်များအနေနဲ့
နေရောင်ခြည်ကာကွယ်နိုင်ဆ ၂၀ ထက် ပိုပြီး မသုံးမိဖို့တော့သတိပြုပါ။ ထိလွယ်ရှလွယ် အသားအရေပိုင်ရှင်များအနေနဲ့ကတော့
ဓာတုပစ္စည်းများနဲ့ဖော်စပ်ထားတဲ့ နေရောင်ကာလိမ်းဆေးထက် နေရောင်ခြည်ကို အလင်းပြန်စေတဲ့နည်းနဲ့
ကာကွယ်ပေးတဲ့ Physical Suncream, Broad-Spectoum Protection Suncreen လိုမျိုးသုံးပေးနိုင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment