နွေရာသီဆိုတာ
သင်္ကြန်ကာလရဲ့ရာသီတစ်ခုပေါ့။ သင်္ကြန်ကတော့ မြန်မာလူမျိုးတွေအနေနဲ့ တစ်နှစ်မှတစ်ခါ ပျော်ပျော်ပါးပါး
ရေသဘင်ဆင်နွှဲကြတဲ့ပွဲ။ ပြီးတော့ မိန်းကလေးတွေအနေနဲ့ ရှိရှိသမျှ အလှအပတို့ကို အစွမ်းကုန်ထုတ်ပြကြတဲ့ပွဲတစ်ခုပေါ့။
နွေရာသီရဲ့သင်္ကြန်ပွဲက ပျော်ဖို့တော့ကောင်းပါရဲ့။ လိမ်းထားတဲ့မိတ်ကပ်တွေ၊ Color
Comestics တွေက ရေနဲ့အတူ ပျော်ဝင်နစ်မြုပ်သွားတော့ မလန်းဆန်းနိုင်တော့ဘူးပေါ့။ အဲဒီတော့
သင်္ကြန်ရေကို အံတုနိုင်ဖို့ ခပ်လန်းလန်းမိတ်ကပ် လျှို့ဝှက် ချက်လေးတွေကိုတင်ဆက်ပေးလိုက်ရပါတယ်။
အရေးကြီးဆုံးက မိတ်ကပ်အောက်ခံ
အိမ်တစ်အိမ်ရဲ့သုတ်ဆေးတွေ
ချောမွေ့ညီညာစေဖို့ အောက်ခံသုတ်ဆေးလိုသလို မျက်နှာပြင်အတွက်လည်း မိတ်ကပ်အောက်ခံ လိုပါတယ်။
မျက်နှာကိုအစိုဓာတ်ထိန်းခရင်မ် သုံးပြီးတဲ့အခါ မိတ်ကပ်အောက်ခံသုံးပေးပါ။ မျက်နှာကို
အထပ်ထပ်သုံးနေတဲ့အတွက် မျက်နှာကြီးထူထဲသွားမှာ စိတ်မပူပါနဲ့။ မိတ်ကပ်အောက်ခံက ပေါ့ပါးပြီး
မျက်နှာပြင်ပေါ်မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်တွေကွက်မသွားအောင် ပျက်ယွင်းမသွားအောင် ကူညီပေးပါတယ်။
မိတ်ကပ်ရွေးချယ်ရာဝယ်
ပထမဆုံးအနေနဲ့
အစိုဓာတ်ထိန်းခရင်မ်နဲ့ မိတ်ကပ်သားတစ်ပါတည်းပါဝင်တဲ့ Tinted Moistorizer လို ပုံစံမျိုး
ရွေးချယ်နိုင်ပါတယ်။ အဲဒီလိုမိတ်ကပ်မျိုးက မျက်နှာပြင်ကို ချောမွေ့ညီညာပြီး မိတ်ကပ်ထူပျစ်ခြင်း
ကင်းစေပါလိမ့်မယ်။ တကယ်လို့ နှာခေါင်းနားတစ်ဝိုက် ပါးပြင်တစ်ဝိုက်က အမဲစက်တို့ကို အသားရောင်မညီညာ
တာတွေကို ဖုံးအုပ်ပေးဖို့အတွက်ကတော့ Tinted Moistorizer ပေါ်မှာ Powder Foundation ကို
ဘရပ်ရှ်လေးဖြင့် လိမ်းပေးနိုင်ပါတယ်။
အရောင်ရွေးချယ်ရာဝယ်
တစ်ချိန်က
သဘာဝဆန်ဆန် မိတ်ကပ်အရောင်တွေနဲ့ အရိုးစွဲနေသူဖြစ်ပါစေ။ အခုလိုသင်္ကြန်ချိန်ခါမှာ လူတကာကြား
ထင်ရှားပေါ်လွင်နေစေဖို့ကတော့ တောက်ပတဲ့အရောင်လေးတွေ စမ်းသပ်ကြည့်ဖို့ အချိန်ရောက်ပါပြီ။
တောက်ပတဲ့အရောင်တွေက မျက်နှာပြင်ကို ပိုပြီးထင်ရှားပေါ်လွင်စေသလို ငယ်ရွယ်နုပျို သွားသယောင်
ဖြစ်စေပါတယ်။ ပန်းနုရောင်၊ လိမ္မော်ရောင်၊ အနီရောင်တို့လို အရောင်နုကလေးတွေ ရွေးချယ်သုံးပါ။
သတိထားဖို့ကတော့ ရေစိုခံအရောင်လေးတွေ ဖြစ်ဖို့လိုအပ်ပါတယ်။
အဓိကအသားပေးပြင်ဆင်ရမှာက
T-Zone လို့
ခေါ်တဲ့ နှာတံရိုးနဲ့ နဖူး၊ မျက်ခုံးရိုးတစ်လျှောက်က မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်မှုရှိစေတဲ့
အဓိကအချက်ပါ။ အဲဒီ T-Zone လိုနေရာမျိုးကို Highlighter လေး အသုံးပြုပြီး ပေါ်လွင်အောင်
ဖန်တီးပေးနိုင်ပါ တယ်။ တကယ်လို့ T-Zone အဆီပြန်တတ်သူတွေအနေနဲ့ကတော့ အဆီကိုစုပ်ယူပေးနိုင်တဲ့
တစ်ရှူးလိုမျိုး သုံးပေးပါ။
နှုတ်ခမ်းဆိုးဆေးရွေးချယ်ရာဝယ်
ထူထဲပြီးရဲတောက်တဲ့
အရောင်တွေက နွေရာသီအတွက် မျက်စိနောက်စရာဖြစ်တဲ့အတွက်ကြောင့် မိန်းကလေးအများစုက နှုတ်ခမ်းကို
အရောင်နုလေးတွေလောက်သာ သုံးကြပါတယ်။ အခုလို နွေရာသီသင်္ကြန်ကာလမှာတော့ အရောင်ခပ်တောက်တောက်လေးတွေ
စမ်းသပ်ကြည့်ဖို့အချိန်ပါ။ သတိပြုရမှာကတော့ နှုတ်ခမ်းဆိုးဆေးအရောင်ရင့်ရင့် အသုံးပြုသူတွေက
မျက်ဝန်းကိုခပ်ဖျော့ဖျော့လောက်သာ ခြယ်သဖို့ပါပဲ။ ဒါမှမဟုတ် နေကာမျက်မှန်ကောင်းကောင်းတစ်လက်
ရွေးချယ်တပ်ဆင်နိုင်ပါတယ်။
မျက်ဝန်းလေးတွေခြယ်သရာမှာ
မိတ်ကပ်အောက်ခံက
မိတ်ကပ်သားကို စွဲစေတယ်ဆိုတာကြောင့် မျက်ဝန်းကိုအရောင်ခြယ်ဖို့ မျက်ဝန်းအောက်ခံမိတ်ကပ်ဆိုတာ
လိုအပ်ပါတယ်။ လူအများစုကတော့ မျက်ဝန်းအောက်ခံမိတ်ကပ်နဲ့ Eye Cream ကို မှားယွင်းနေကြခြင်းပါ။
မျက်ဝန်းအောက်ခံ မိတ်ကပ်သုံးတဲ့အတွက် Colour Comestics တွေ အရောင်မလွင့်စေဘဲ တာရှည်ခံစေပါတယ်။
Eyeliner ၊ မျက်တောင်ကော့ဆေး သုံးတဲ့အခါ ရေစိုခံတဲ့ပစ္စည်းမျိုး ဖြစ်နေဖို့က အရေးကြီးပါတယ်။
မိတ်ကပ်ပိုင်းပြီးတဲ့အခါ
သင်္ကြန်မှာ မိန်းကလေးရော၊ ယောကျာ်းလေးပါ အပျက်စီးဆုံးအရာတစ်ခုကို ပြောပါရစေ။ အဲဒါကတော့
ဆံပင်ပါပဲ။ ပူပြင်းတဲ့နေရောင်ခြည်ကြောင့် အရောင်ဆိုးဆေးတွေရယ် နေပူပူအောက်မှာ ဆံပင်တွေရေစိုတဲ့အခါ
ဆံပင်ကပျက်စီးလာပါတော့တယ်။ ဆံပင်ပျက်စီးမှုသက်သာဖို့ ဘယ်လိုလုပ်မလဲ။ နည်းလမ်းကောင်းလေးတွေရှိပါတယ်။
ပြေလျော့စွာစီးနှောင်ပါ
သင်္ကြန်ဆံပင်ဖက်ရှင်နဲ့
ပတ်သက်ပြီး အများစုက ဆံပင်ကိုကျစ်ဆံမြီး ခပ်သေးသေးလေးတွေ ကျစ်လေ့ရှိပါတယ်။ အချိန်ကြာမြင့်လာတာနဲ့
ဦးရေပြားက တင်းကြပ်လာပါတယ်။ ပူပြင်းတဲ့နေရောင်ခြည် ကြောင့် ဆံပင်ကခြောက်သွေ့ပြီး ဆံသားပျက်စီးခြင်းဖြစ်ရပါတော့တယ်။
ဆံပင်ခြောက်ခံစက်သုံးခြင်းရှောင်
နေ့စဉ်လွန်ကဲတဲ့အပူဒဏ်ကို
ထိတွေ့နေရပြီးသား ဆံကေသာကို ဆံပင်အခြောက်ခံစက်ရဲ့အပူကော်နဲ့ ထိတွေ့လိုက်တဲ့အခါ ပိုပြီးပျက်စီးဖို့
အကြောင်းဖန်လာပါတော့တယ်။
ဘယ်လိုကုသမလဲ
အုန်းဆီ၊
သံလွင်ဆီနဲ့ ထောပတ်သီးတို့က ဆံကေသာအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ခေါင်းမလျှော်ခင်မှာ
အဲဒီအဆီတစ်မျိုးမျိုးကို လိမ်းထားပေးပါ။ ပြီးမှ လျှော်နေကျအတိုင်း လျှော်ပေးပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment