ဝါဆိုမိုးဦးရဲ့ Life Style
ဝါဆိုငယ်ငယ်လေးကတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ အနုပညာရှင်တွေ အများကြီးရှိပါတယ်။ အနုပညာ ရှင်တစ်ယောက်ချင်းစီကို ကြိုက်ပါတယ်… ၀ါဆိုမိုးဦး
 ၀ါဆို ထိန်းသိန်းစောင့်ရှောက်တဲ့ အလှအပရေးရာ အကြောင်းလေးလည်း ပြောပြပေးပါဦး။
ဝါဆိုက ငယ်ငယ်တုန်းကဆိုရင် အသားဖြူတာ အရမ်းသဘောကျတယ်။ အသားဖြူချင်တာပေါ့နော်။ အဲဒီတော့ ကိုယ့်အသားကို ကိုယ်အရမ်းဂရုစိုက်တယ်။ အိမ်ထဲကနေ အိမ်အပြင်မထွက်ဘူး။ တကယ့် Psycho ကြီး နီးပါးလောက်ပဲ။ နောက်ပိုင်းကျတော့လည်း ကိုယ်ကအနုပညာလုပ်လာတော့လည်း ရှောင်လို့ မရတော့ ဘူးလေ။ ကိုယ်က နေဒဏ်၊ လေဒဏ်၊ မီးဒဏ်တွေခံရတော့လည်း အသားအရေက ပျက်စီး တာပေါ့။ ကိုယ့် အသားကိုယ် သေချာတော့ ဂရုစိုက်ဖြစ်ပါတယ်။ ၀ါဆိုက ဆံပင်ဆိုလည်း ရှေ့အတိလေးနဲ့ ဆာမူရိုင်းကေလေး ထားရတာ ကြိုက်တယ်။ ငယ်ငယ်တုန်းကဆို အဲလိုဆံပင်ပုံစံမျိုးပဲထားတယ်။
 ဒါပေမဲ့ အခု နောက်ပိုင်းကျတော့ ဆံပင်အရှည်ထားရတာပဲ ကြိုက်တော့တယ်။ ဆံပင်တွေ၊ အသား အရေတွေအတွက် ငယ်ငယ်လေးတုန်း ကတော့ သနပ်ခါးတွေ၊ Lotion တွေလောက်ပဲ လိမ်းဖြစ် တာပေါ့နော်။ အခုနောက်ပိုင်းမှ Body Scrubs တို့၊ ဘာတို့က ခေတ်စားလာတာလေ။ ၀ါဆိုတို့တုန်းက အဲဒါတွေက သိပ်မရှိသေးဘူး၊ သိပ်မလုပ်ဖြစ်ဘူး။ ငယ်ငယ် တုန်းကတော့ ကိုယ့်ဘာသာကိုယ် Lotion တွေ လိမ်းတယ်။ ပေါင်းတင်တယ်။ Scrubs ဘူးတွေဝယ်ပြီး Scrubs လုပ်တယ်။ အိမ်မှာပဲ Sweaner ထိုင်တာတို့ ဘာတို့ လုပ်ဖြစ်တယ်ပေါ့။ ၀ါဆိုကလေ ရှုတင်တွေ၊ ဓာတ်ပုံရိုက် တွေအတွက် ပြင်ရတာ အရမ်း သဘော ကျတယ်။ ကိုယ့်ဘာသာကိုယ် မျက်ကပ်မှန် လေးတပ်မယ်။ မျက်လုံး လေး နည်းနည်းဆိုးမယ်။ ၀ါဆို ကိုယ့်ဘာသာကိုယ် အဲလိုမျိုးပြင်ရတာကြိုက်တယ်။ ရှုတင်မိတ်ကပ်ကျတော့ အပြင်သွားရင်လိမ်းတဲ့ မိတ်ကပ်မျိုးနဲ့ မတူဘူး။ ညှိပြီးတော့ လိမ်းရတာရှိတယ်။ ထင်း ထင်းကြီးတွေ လိမ်းရတာ ရှိတယ်။ ၀ါဆိုက အပြင်မိတ်ကပ် ကိုယ့်ကိုယ်ကိုယ်လိမ်းရတာမျိုးကိုပဲ ပိုကြိုက်တယ်။
Traffic Jam တွေနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။
အဲဒီ Traffic Jam အကြောင်းတော့ ပြောမနေပါနဲ့တော့ ကိုယ့်ကိုယ်ကိုယ် တိုင်နဲ့ခေါင်းနဲ့တောင် ပြေးဆောင့် ပစ်ချင်တယ်။ အရမ်းစိတ်တိုတယ် တစ်ခါတလေကျရင် ကိုယ်က အမြန်ရောက်ချင်တဲ့ အခါ မျိုးတွေ ရှိတယ်။ ပြီးတော့ ကားတွေကလည်း ကားတွေအလျောက် လူတွေကလည်း လူတွေအလျောက် စည်းမရှိ ကမ်းမရှိတွေ ဖြစ်နေကြတယ်လို့ပဲ ထင်တယ်။ တခြားနိုင်ငံက အဲလိုတွေမရှိဘူး။ ၀ါဆိုတို့ နိုင်ငံကို အဲဒါလေး တစ်ခုတော့ တိုးတက်စေချင်တယ်။ နည်းစနစ်လေးနဲ့ စည်းကမ်းတကျလေး ဖြစ်စေချင်တယ်။
ဝါဆိုရဲ့နေ့စဉ်ဘ၀မှာ ဖုန်းရဲ့အရေးပါပုံလေးက။
ဖုန်းမရှိရင် သေသွားနိုင်တယ်။ ၀ါဆို့အတွက်ကတော့ ဘာမှမလိုဘူး၊ ကင်မရာလည်း မလိုဘူး၊ iPad တို့ ဘာတို့လည်း မလိုဘူး။ ၀ါဆို့အတွက် အဓိက Phone ပဲ။ Phone က ဘာလုပ်လို့ရမလဲဆိုတော့ ၀ါဆို ပျင်းရင် Game ကစားလို့ရမယ်။ Selfie တွေ ဘာတွေလည်း ရိုက်လို့ရမယ်။ Facegook၊ Internet ၊ Instagram  တွေ ဘာတွေက သုံးလို့ရမယ်။ Phone ပြောလို့ရမယ်၊ Message ပို့လို့ရမယ်။ ၀ါဆို့အတွက် မရှိမဖြစ်လိုအပ် တယ်။ ၀ါဆို့အတွက် ဘာမှမရှိလဲ ဖြစ်တယ်။ ဖုန်းရှိနေရင် ရပြီ။ ၀ါဆိုက iPhone အရမ်း ကြိုက်တယ်။ အခု iPHone 6 ကို စောင့်နေတာ။ Samsung တွေ ဘာတွေ သိပ်မကြိုက်ဘူး။ iPhone က တစ်ခါတလေကျရင်တော့ လိုင်းတွေ ဘာတွေ သိပ်မကောင်းဘူး။ Samsung ကျတော့ အဲဒါ နည်းနည်းသာတယ်၊ လိုင်းကောင်းတယ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲတော့ မသိဘူး၊ iPhone ကိုပဲ ကြိုက်တယ်။ ၀ါဆိုတို့နိုင်ငံကို ၀ါဆို အရမ်းတိုးတက်စေချင်ပါ တယ်။ နိုင်ငံခြားကိုသွားရင် အင်တာနက် ဖွင့်ကြည့်လိုက်တာနဲ့ ရွီး ရွီး ရွီး ဆိုပြီး တက်လို့တက်သွားမှန်းတောင် မသိလိုက်ရဘူး။ ဒီမှာကျတော့ လိုင်းမြန်မြန်တက်ဖို့ မပြောနဲ့ ဟိုထောက်၊ ဒီထောက်နဲ့ တင်သမျှလေးတွေ ဖတ်လို့ရနိုင်အောင်ပဲ မနည်းဆုတောင်းနေရတယ်။ ကိုယ်တွေနိုင်ငံကို သူများ တွေနည်းတူ ဖြစ်စေချင်တယ်။ တိုးလည်း တိုးတက်စေချင်တယ်။ အဓိက နည်းပညာပိုင်းမှာ တိုးတက်ရင် ပိုကောင်းမယ်။ စည်းကမ်းတွေလည်း ရှိစေချင်တယ်။ စင်ကာပူမှာဆို တစ်ကိုယ်တည်း ညဘက်ကြီးတွေ လျှောက်သွားနေလည်း ကိုယ့်ကို ဘယ်သူမှ ဆွဲမယ့်လူမရှိဘူး။ သူတို့နိုင်ငံမှာ ဘာဥပဒေရှိလဲဆိုတော့ ကိုယ့် ကိုယ် မျက်လုံးတစ်ချက်နဲ့ ကြည့်လိုက်ရင် တောင် ကိုယ့်ကိုယ်မလုံမခြုံဖြစ်စေတယ်ဆိုပြီး ရဲတိုင်လို့ရတယ်။ သူတို့နိုင်ငံမှာက မိန်းကလေးတွေကို အဲလိုမျိုး တွေ ဘာတွေကြည့်လို့မရဘူး။
ညီမလေး Facebook သုံးရတဲ့အပေါ် ဘယ်လိုမြင်လဲ။
Facebook က အပျင်းပြေသုံးရင်တော့ အဆင်ပြေပါတယ်။ ၀ါဆိုတို့ ည Facebook သုံးပြီဆို မအိပ်တော့ဘူး။ အမှန်တကယ်က ဘာမှမဟုတ်ဘူး။ New Feeds က တက်လာတဲ့ သတင်းလေး တွေ၊ ဗီဒီယိုလေးတွေကြည့်မယ်၊ သူများပုံလေးတွေကြည့်မယ်၊ ဟာသတွေရှိတယ်။ Fashion တွေ ကြည့်မယ်၊ အဲဒီလောက်ပါပဲ။ Facebook ကောင်းကျိုးတွေလည်း ရှိတယ်။ နောက်တစ်ခု Facebook က မကောင်းတာက အရမ်းငယ်သေးတဲ့ ကလေးတွေကို Facebook မသုံးစေ ချင်ဘူး။ သူတို့ရဲ့စိတ်က ဒီ Facebook ပေါ်မှာပဲ တအားနှစ်ပြီး လေသွားမှာ စိုးရတယ်။ ကိုယ့်ကိုယ် ကိုယ် Control လုပ်နိုင်တဲ့ အရွယ်ဆိုလည်း တော်သေး တယ်။ သူတို့ကျတော့ အဲလိုမဟုတ်နိုင်တဲ့အချိန် ဆိုတော့ ကလေးတွေ စိတ်ကစားတာပဲဖြစ်ဖြစ်၊ အပျော် သဘောနဲ့ပဲဖြစ်ဖြစ် လျှောက်လုပ်မိကြမှာစိုးတယ်။ ၀ါဆိုတို့ကျောင်းတက်နေတုန်းက ဒါမျိုးတွေရှိလည်း မရှိဘူး။ သိလည်း မသိဘူး။ အခု ၀ါဆိုတို့ ညီမလေးတွေ ခေတ်ကျတော့ င်ခေနဘသသု ခေတ်ကိုဖြစ်နေတယ်။ အိမ်ကလူကြီးတွေရဲ့ဖုန်းတွေကို ယူတယ်။ ဓာတ်ပုံတွေ ရိုက်ပြီးတင်၊ အဲလိုမျိုးတွေ ရှိတယ်။ ဒီ Facebook ကို ၀ါဆို့ညီမလေး မသုံးစေချင်ဘူး။ ဒါပေမဲ့ ၀ါဆိုသိတယ် သူခိုးသုံးတယ်။
Comment တွေနဲ့ပတ်သက်ပြီးတော့လည်း ပြောပြရမယ်ဆိုရင်ကော။
Comment တွေနဲ့ပတ်သက်ပြီး ၀ါဆို ဘာမှပြန်ပြောတာတွေ၊ ဘာတွေမလုပ်ဘူး။ Comment တွေလာရင် ၀ါဆိုကြည့်တယ်။ ကြည့်ပြီး တချို့ကျတော့လည်း ကောင်းစေချင်လို့ ဝေဖန်တာရှိတယ်။ တချို့ကျ တော့လည်း အဲဒီဝေဖန်မှုကိုပဲ သူတို့အတွက် အားရပါးရ နှမချင်းကိုယ်ချင်းမစာနာပြောတဲ့သူမျိုးတွေရှိတယ်။ ၀ါဆို အဲလိုမျိုးတွေကို မပြောစေချင်ဘူး။ ဝေဖန်ပါ၊ အကြံပေးပါ၊ အကုန်လုံးကို လက်ခံတယ်။ ကောင်းစေချင်လို့ ပြောတဲ့စိတ်နဲ့၊ သူတစ်ပါးကို ဝေဖန်ပြောဆိုချင်လွန်းလို့ပြောတဲ့ စိတ်နဲ့က လုံးဝမတူဘူး။ တချို့ဆို မြန်မာ အင်္ကျီဝတ်ထားပြီး တင်လိုက်ရင်တောင် ဟင်… ဟန်ဆောင်နေတာပါဆိုပြီးတော့ ပြောကြသေးတယ်။ ဒါတွေက တမင်လုပ်ယူပြီးပြောတာကို ဖြစ်သွားပြီ။ အဲလိုမျိုးတွေတော့ မလုပ်စေချင်ဘူး။ မပြောစေချင်ဘူး။
ကိုရီးယားကားတွေ ကြိုက်လား၊ K-Pop တွေလည်း ကြိုက်တယ်ထင်တယ်နော်။
ဟုတ်၊ ၀ါဆိုကြိုက်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် အရမ်းကိုရူးတာ။ တစ်နေ့တစ်နေ့ K-Pop ကြည့်ဖို့ပဲ ခေါင်းထဲမှာရှိတယ်။ အဲဒီလောက်ထိကို အရမ်းရူးတာ။ ကျောင်းပြီးသွားလို့ ဒီအနုပညာအလုပ်လုပ်တော့မှသာ ဒီ Korea ဘက်ကို မလှည့်ဖြစ်တော့တာ။ Korea နဲ့ တော်တော် အဆက်အသွယ်ပြတ်သွားဖူးသေးတယ်။ စင်ကာပူမှာလုပ်မယ့် ရှိုးတစ်ခုကိုတောင် ၀ါဆိုသူငယ်ချင်းတွေနဲ့ သွားကြည့်ဖို့ စီစဉ်နေတယ်။ ဒီပွဲလေးက PSY လည်းပါတယ်။ နောက်ပြီးတော့ Big Band က ၀ါဆိုကြိုက်တဲ့အဖွဲ့ဆိုတော့ သွားကြည့်ဖြစ်မှာပါ။ အခုလိုက်မယ့် သူငယ်ချင်းတွေကို စုနေတယ်။ ဒီအနုပညာရှင်တွေပါပဲ။ သူငယ်ချင်းတွေ စုမယ်၊ သွားကြည့်ကြမယ်ဆိုပြီးတော့ အခု တော်တော်များများ စုမိနေပြီပေါ့။ ပျော်ပျော်ပါးပါး ကဲကြမယ်ပေါ့။ စိတ်လွတ်ကိုယ်လွတ်ပေါ့။
ဝါဆို့အင်္ကျီတွေက အရမ်းဆန်းတယ်နော်။ ၀ါဆို့စိတ်ကြိုက်တွေ ချုပ်ထားတာလား၊ ဘယ်သူ့ Idea တွေလဲ။
ဝါဆို အခန်းအလှဆင်ရတာမျိုးကို ကြိုက်လား။
အရမ်းစိတ်ဝင်စားတယ်။ ၀ါဆို Creation လုပ်ရတာ အရမ်းသဘောကျတယ်။ ၀ါဆို ကိုယ့်ကိုယ်ကိုယ် Creation လုပ်ရတာလည်း ကြိုက်တယ်။ တခြားအရာတွေကိုလည်း Creat လုပ်ချင်တယ်။ ၀ါဆိုဘာသာ ၀ါဆိုအိမ်လေးတစ်လုံးကို ဆင်ပါဆိုရင် ၀ါဆိုရှုပ်ရှုပ်ယှက်ယှက်ကြီး အိမ်ကိုဆင်ရတာမျိုး မကြိုက်ဘူး။ Classic ဖြစ်တဲ့ဟာမျိုးကို ပိုကြိုက်တယ်။ အိမ်လေးကို ကြည့်လိုက်လို့ရှိရင် Standard ဖြစ်နေရ မှာပေါ့နော်။ Hotel ပုံစံမျိုးလေးတွေ အိမ်ကိုဆောက်ချင်တယ်။ ကဗျာလည်း ဆန်ဆန်လေးဖြစ်ရမှာပေါ့နော်။ ၀ါဆို့ရဲ့ အိမ်ကလေးက ရေကန်လေးတစ်ခုခုနားမှာဆို ပိုကောင်းတာပေါ့။ အကြီးကြီးဖြစ်စရာမလိုဘူး။ တစ်ထပ် တိုက်ကလေး၊ ဒါမှမဟုတ် လုံးချင်းလေးဆိုလည်း မြင်လိုက်တာနဲ့ နေချင်စရာလေး ဖြစ်နေတာမျိုးလေးတွေကို အရမ်း သဘောကျတယ်။ အဲလိုမျိုးလေးလည်း နေချင်တယ်။
 မွန်မြတ်အောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus
0 comments:
Post a Comment