ဖက်ရှင်ပိုင်းမှာဆိုရင်
ပုံမှန်ဝတ်ဖြစ်တာ ၀ိုင်းလေးက ဂါဝန်ဝတ်ရတာ အရမ်းသဘောကျတယ်။ ဂါဝန် အရှည်လေးတွေပေါ့။ ပြီးတော့
ဂျင်းဘောင်းဘီတွေဝတ်ဖြစ်နေတယ်။ ပေါ့ပေါ့ပါးပါးလေးတွေ။ ဥပမာ ဂျင်းဘောင်းဘီနဲ့ အပေါ်ကတီရှပ်လေး၊
တစ်ခါတလေကျရင် ဘာမှမလိုအပ်ရင်တောင်မှ အဲဒါလေးတွေ အပေါ် ကုတ်အင်္ကျီလေးထပ်လိုက်တယ်။ ကုတ်အင်္ကျီဆိုတာလည်း
formal ကျတယ်။ cute ဆိုတာထက် formal ကျတဲ့ ပုံစံလေးတွေကိုပိုကြိုက်ပါတယ်။
ပွဲတွေမှာဆိုရင်
evening dress ၀တ်ဖြစ်တယ်။ ကိုယ်ဆိုတဲ့သီချင်းအပေါ်မူတည်ပြီးတော့ ၀တ်တာများ တယ်။ ပွဲကြီးတယ်ဆိုရင်
သီချင်းအနေအထားကိုအရင်ကြည့်တယ်။ ပြီးတော့မှ အ၀တ်အစားကိုရွေး ချယ်တယ်။ ခုန်ရပေါက်ရမယ့်သီချင်းဆိုရင်
သားရေဘောင်းဘီ၊ ဂျင်းဘောင်းဘီတို့၊ တစ်ခါတလေကျရင် ထွင်ထားတာလေးတွေရှိတယ်။ ထွင်ထားတဲ့
ဂျင်းဘောင်းဘီလေးတွေဝတ်တယ်။ ဒီဇိုင်နာနဲ့လည်းချုပ်ဖြစ်တယ်။
ဝိုင်းလေး
ဒီဇိုင်နာသျှတ္တရနဲ့ ချုပ်ဖြစ်တယ်။ ၀ိုင်းလေးအစ်မကလည်း ဒီဇိုင်နာသင်တန်းတက်ထားတော့ တစ်ခါတလေ
သူနဲ့တိုင်ပင်တယ်။ သူချုပ်တဲ့အင်္ကျီလေးတွေလည်းရှိပါတယ်။ တစ်ခါတလေကျရင် ၀ိုင်းလေးအတွက်
evening dress လေးတွေလည်းချုပ်ပေးတယ်။
Fashion ပိုင်း
ဝါသနာပါလားဆိုတော့ အများအားဖြင့် Shopping ထွက်တာပိုသဘောကျတယ်။ Shopping မထွက်ခင်မှာ
အရင်ဆုံးလေ့လာဖြစ်တယ်။ အဲဒီလိုမျိုးတော့ fashion ပိုင်းကိုလေ့လာဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment