လူအများစုဟာ
ဘ၀ပင်လယ်ထဲကူးခတ်ရင်း အဲဒီဘ၀တစ်ခုရဲ့ စစ်မှန်တဲ့ရည်မှန်းချက်တွေပျောက် ဆုံးနေတတ်ပါတယ်။
အထူးသဖြင့် ငွေနောက်လိုက်ရင်း ဘ၀ရဲ့အစစ်မှန်ဆုံးသော အရသာတွေခံစားဖို့ ပျောက်ဆုံးနေတတ်ပြီး
ဒီစာစုမှာ အလုပ်ထက်ပိုမိုအရေးကြီးတဲ့ အကြောင်းလေးတွေကို ဆွေးနွေးချင်ပါတယ်။
လူသားတွေအားလုံးဟာ
ဘဏ္ဍာရေးဆိုင်ရာတာဝန်တွေ ခွဲယူထားရတာမှန်ပေမယ့် အလုပ်ထက် ပိုမိုအရေးကြီးတဲ့အရာတွေကို
အရသာခံစားတတ်ဖို့လည်း လိုနေပါတယ်။ အလုပ်ကိုချစ်မြတ်နိုးတာ ကောင်းမွန်တဲ့ကိစ္စဖြစ်ပေမယ့်
ဘ၀တစ်ခုလုံးကို အလုပ်ထဲမှာပဲနှစ်မြှပ်ထားရင်လည်း လူမပီသတဲ့သူဖြစ်လာမှာပါ။ အလုပ်ကိုဘယ်လောက်ပဲ
ချစ်တယ်ဆိုဆို အဲဒီအလုပ်ထက် ကိုယ့်ကို ပိုမိုပျော်ရွှင်မှုပေးစွမ်းနိုင်ပြီး ကျေနပ်နှစ်သိမ့်မှုအရသာခံစားရစေနိုင်တဲ့အရာတွေလည်း
အများအပြားရှိနေပါတယ်။
မိသားစု
ဒါကတော့ အလုပ်ထက်အရေးကြီးတဲ့အကြောင်းအရာတွေအနက်အထင်ရှားဆုံးနဲ့
အရေးပါဆုံးအချက်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုချစ်မြတ်နိုးပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို နားလည်လက်ခံပေးတဲ့
မိသားစုတစ်ခုပိုင်ဆိုင်ထားတာဟာ ကိုယ့်အတွက်ဘယ်လောက်ကံကောင်းသလဲဆိုတာ နားလည်ရမှာဖြစ်ပြီး
ဘယ်နေရာဘယ်အချိန်ပဲရောက်ရောက် ကိုယ့်အတွက်အလိုအပ်ဆုံးက ကိုယ့်ရဲ့မိသားစုပဲဖြစ်ပါတယ်။
မိသားစုအတွက်အချိန်ပေးတာက ကိုယ်လည်းအဲဒီအချိန်ကာလတွေမှာ ပျော်ရွှင်မှုတွေရရှိမှာဖြစ်သလို
မိသားစုအပေါ်ကိုယ် ဘယ်လောက်ဂရုစိုက်သလဲဆိုတာကိုလည်း မိသားစုဝင်တွေနားလည်လာမှာဖြစ်ပါတယ်။
ငွေကြေးကအရေးကြီးတယ်ဆိုပေမယ့် မိသားစုနဲ့အတူရှိနေတဲ့အချိန်တွေကလည်း ငွေကြေးလောက်အရေးပါတယ်ဆိုတာ
နားလည်ထားဖို့လိုအပ်ပါတယ်။
အချိန်ရဲ့စီးမျောမှုနောက်လိုက်ပါ
တကယ်လို့ကိုယ်က
အလုပ်နဲ့ လက်နဲ့ တရစပ်မပြတ်တဲ့အလုပ်များသူတစ်ဦးဖြစ်နေမယ်ဆိုရင် အရာရာတိုင်းအတွက် သင့်တော်တဲ့အချိန်ဖန်တီးနိုင်ဖို့
အလွန်ခက်ပါလိမ့်မယ်။ ဒီတော့ ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်ကို အစီအစဉ်တကျထားရှိရမှာဖြစ်ပြီး
ကိုယ့်ဘ၀မှာ တစ်ခုတည်းသောကိစ္စအတွက်နဲ့ အချိန်တွေကို ကုန်ဆုံးစေဖို့ ခွင့်မပြုပါနဲ့။
ဘ၀နဲ့အလုပ်ကြား ကိုယ့်ရဲ့အချိန်တွေကိုမျှတအောင်ထိန်းညှိနိုင်ပြီဆိုရင်တော့ ကိုယ့်ကိုပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေအတွက်
အချိန်ပိုမိုထွက်လာမှာ သေချာပါတယ်။
ပရဟိတလုပ်ပါ
အခုနောက်ပိုင်း
ပရဟိတလုပ်ငန်းတွေအပေါ် လူတွေရဲ့စိတ်ပါဝင်စားမှုက ပိုမိုများပြားလာပြီး ကိုယ့်အနေနဲ့ ဒီလိုတခြားသူတွေကို
ကူညီပေးခြင်းအားဖြင့် ကိုယ်တိုင်ဝမ်းသာပီတိအရသာ ခံစားရမှာဖြစ်သလို ကိုယ့်ရဲ့ကူညီမှုကြောင့်လည်း
တခြားသူမှာဘ၀အပြောင်းအလဲပါဖြစ်သွားနိုင်ပါတယ်။ ဒီလိုပရဟိတလုပ်ရာမှာ ငွေကြေးလှူဒါန်းတာအပြင်
လုပ်အားပေးအလှူအဖြစ်ပါဝင်ရင်လည်း ကျန်းမာပျော်ရွှင်တဲ့အချိန်ကာလတွေကို ပိုင်ဆိုင်နိုင်မှာပါ။
အပြင်ဘက်ထွက်လည်ပါ
ဒီနေ့ခေတ်လို
မိဘတွေနှစ်ယောက်စလုံး အလုပ်ထွက်လုပ်ကြတာများတဲ့ခေတ်ကြီးမှာ ကလေးတွေအနေနဲ့ အိမ်အပြင်ဘက်ထွက်ပြီး
ဆော့ကစားနိုင်ဖို့ဆိုတာ အတော်လေးရှားနေပါပြီ။ ဒီတော့ ကိုယ်ကလည်း တစ်နေ့ကိုအနည်းဆုံး
မိနစ် ၂၀လောက် အိမ်အပြင်ဘက်ထွက်ပြီး ကလေးတွေနဲ့အတူ ထွက်လည်သင့်ပါတယ်။ အဲဒီလိုထွက်လည်ခြင်းအားဖြင့်
ကိုယ့်ကလေးလည်း ကျန်းမာသန်စွမ်းပျော်ရွှင်နိုင်မှာဖြစ်သလို ကိုယ်ကိုယ်တိုင်လည်း ခံစားမှုပိုမိုလွတ်လပ်လာပြီး
အလုပ်ကြောင့်ဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်
တိုးတက်မှုရှိဖို့လိုအပ်တယ်
ကိုယ့်ပတ်ဝန်းကျင်မှာ
အသစ်အသစ်တွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေအကြောင်းကို စိတ်ဝင်တစားနဲ့ လေ့လာဖို့လည်းလိုအပ်ပါတယ်။
ကိုယ်ကအလုပ်ဘယ်လောက်များများ ကိုယ့်ရဲ့ပြင်ပဗဟုသုတတုံးမသွားစေဖို့နဲ့ ပတ်ဝန်းကျင်နဲ့အဆက်မပြတ်သွားစေဖို့လိုအပ်ပါတယ်။
အဲဒီလို အသစ်တွေလေ့လာခြင်းအားဖြင့် ကိုယ့်ရဲ့စိတ်ပါဝင်စားမှုက မြင့်တက်လာနိုင်ပြီး အကျိုးကျေးဇူးအဖြစ်
ပျော်ရွှင်မှုတွေလည်း ပိုမိုရရှိလာမှာသေချာပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့လည်း
မမေ့ပါနဲ့
အလုပ်များလွန်းသူတွေအတွက်
ကုန်ဆုံးသွားတဲ့အားအင်တွေ ပြန်လည်ဖြည့်ဆည်းနိုင်အောင် လေ့ကျင့်ခန်းလုပ်ဖို့လည်းလိုအပ်ပါတယ်။
ကိုယ်ကအရမ်းအလုပ်များနေတယ်ဆိုရင်တော့ နေ့တစ်နေ့မှာ လေ့ကျင့်ခန်းလုပ်နိုင်ဖို့အတွက်
စီစဉ်ရမှာဖြစ်ပြီး အပျော်တမ်းအားကစားနည်းတွေလည်း ကစားပေးဖို့သင့်ပါတယ်။ အဲဒီလိုကစားပေးခြင်းအားဖြင့်
အလုပ်ထဲမှာဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေ သက်သာသွားနိုင်ပါတယ်။
ကျန်းမာရေးအရ
ညီညွတ်မျှတစွာစားသုံးပါ
ကိုယ်ကအလုပ်ကြောင့်
စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေချိန်မှာ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အစားအသောက်စားသုံးရာမှာ
ကြုံသလို၊ ဖြစ်သလိုစားသုံးတတ်ပါတယ်။ တကယ်တမ်းအကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေးအတွက်
ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံနဲ့ ကိုယ့်ရဲ့ပင်ပန်းနွမ်းနယ်နေမှုတွေကို လျှော့ချပေးရမှာဖြစ်ပြီး
အဲဒီလိုလုပ်ပေးခြင်းအားဖြင့် အလုပ်ပိုလုပ်နိုင်မှာဖြစ်သလို ကျန်းမာရေးပိုကောင်းလာနိုင်တာကြောင့်
ပျော်ရွှင်တဲ့ဘ၀ကိုလည်း ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment