Android စမတ်ဖုန်းတွေဟာ Open source OS တစ်ခုလို့
အသုံးပြုသူအများစု သိထားကြပါ တယ်။ ဒါပေမယ့် စမတ်ဖုန်းဈေး ကွက်ထဲမှာ ထုတ်လုပ်သူအများစုရောင်းချ နေကြတဲ့ဖုန်းတွေမှာ ကန့်သတ်
ချက် အနည်းငယ်တော့ ရှိပါသေး တယ်။ ဒါဟာလည်း ဘာကြောင့် ကန့်သတ်တယ်ဆိုတဲ့ အချက်ရှိပါ တယ်။
Android OS ဟာ Open Source OS ဖြစ်တဲ့အတွက် စမတ် ဖုန်းထုတ်လုပ်သူ မည်သူမဆို စိတ် ကြိုက်ပြင် ဆင်ရေးသားနိုင်ပြီး
ထုတ် လုပ်မယ့် Hardware နဲ့ ကိုက်ညီတဲ့ ထိန်းချုပ်မှု Apps တွေကို တစ်ခါ တည်း အသေထည့်သွင်းတတ်ကြ
ပါတယ်။
ဥပမာ ဖုန်းမှာပါလာမယ့် ကင်မရာ၊ Bluetooth
နဲ့အပြင်အ ဆင် UI ပိုင်းတွေကို ကောင်းမွန် စွာ တိတိ ကျကျထိန်းချုပ်နိုင်မယ့်
Apps တွေကို တစ်ပါတည်းထည့် သွင်းပေးတတ်ကြပါတယ်။ ဒီလိုမျိုး ထည့်သွင်းပေး တတ်တဲ့
Apps တွေကို အသုံးပြုသူတွေအနေနဲ့ ပြင်ဆင်ခွင့်၊ ထုတ်ပယ်ခွင့်မရှိပါဘူး။ အဲဒီလိုမရှိအောင်
ဖုန်းမှာပါတဲ့ ROM (Read only memory) လို့ ခေါ်တဲ့ Storage မှာ ပုံသေအပိုင်း တစ်ပိုင်း
Partation အနေနဲ့ ထည့်သွင်းပေးလိုက်ပါတယ်။ တစ် နည်းအားဖြင့် ဒီအပိုင်းဟာ Android
OS တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။ ဒီအပိုင်းကို အသုံးပြု သူတစ်ယောက်အနေနဲ့ အလွယ်တ ကူမတွေ့မြင်နိုင်အောင်လည်း
ပြု လုပ်ပေးထားပါတယ်။
ဒီလိုပြုလုပ်ထားခြင်းဟာ အ သုံးပြုသူတွေက
စိတ်ကြိုက် Apps တွေ ထည့်သွင်းတဲ့အခါ မူလ Android OS မှာပါတဲ့ ထိန်းချုပ် Apps တွေနဲ့ ကိုက်ညီမှုမရှိခဲ့ရင်
ဖုန်းရဲ့ OS ကိုတစ်စုံတစ်ရာထိခိုက် မှုမရှိအောင်
ကာကွယ်ပြီးသား လည်း ဖြစ်စေပါတယ်။ ဥပမာ ဖုန်း ထဲကို Malware သို့မဟုတ် Virus တစ်ခုခုဝင်ရောက်ခဲ့ရင်လည်း
ဖုန်းရဲ့ OS ကို မထိခိုက်နိုင်တော့ပါဘူး။ Android ဖုန်းတိုင်းမှာ Factory data
reset (factory default) ဆိုတဲ့ လုပ်ဆောင်ချက်ကိုထည့် သွင်းပေးထားပါတယ်။
ဒီလုပ် ဆောင်ချက်ဟာ
ဖုန်းမှာရှိသမျှအ ချက်အလက်တွေအကုန်လုံးကို ဖျက်ပစ်ပြီး Android OS ထည့် သွင်းထားတဲ့ROM
ကို မူလစတင် ထုတ်လုပ်လိုက်စဉ်ကအတိုင်း ပြန် လည် Reset ပြုလုပ်ပေးပါလိမ့် မယ်။ ဒီလုပ်ဆောင်ချက်ကို ကိုယ့်ရဲ့ ဖုန်းမှာ Apps သွင်းလိုက်ထုတ်လိုက်
ခဏခဏ ပြုလုပ်တဲ့အတွက် လေးလံနေ ခဲ့ရင် ပုံမှန်အသုံးပြုနေကျ Apps တွေတောင် ပုံမှန်အလုပ်
မလုပ်နိုင်တော့ရင် အသုံးပြုကြတာ များပါတယ်။ ဖုန်းမှာ Virus မရှိဘူး ဆိုရင်တော့ ဒီလုပ်ဆောင်ချက်
မပြုလုပ်ခင် အရင်ဆုံး အရေး ကြီးတဲ့ အချက် အလက်တွေကို Backup ပြုလုပ်ရပါလိမ့်မယ်။
စမတ်ဖုန်းထုတ်လုပ်သူတွေ ဟာ ကိုယ်ထုတ်လုပ်လိုက်တဲ့
ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို ရေ ရှည်အသုံးပြုနိုင်ဖို့နဲ့ ပြင်ပ Apps တွေရဲ့ ထိခိုက်မှုကိုခံနိုင်ဖို့
ဖုန်းရဲ့ စွမ်းဆောင်ရည်ကို အသုံးပြုထားတဲ့ Hardware တွေရဲ့စွမ်းဆောင်နိုင်မှုထက် မသိမသာ
လျော့ချပေးထား ပါတယ်။ နောက်ပြီး ထုတ်လုပ်သူ တွေရဲ့ စံချိန်စံညွှန်းတွေကို ထိန်း ချုပ်နိုင်ဖို့လည်း
ရည်ရွယ်ပါတယ်။
ဒီအချက်ကို စမတ်ဖုန်းတွေ စတင်အသုံးပြုခဲ့စဉ်အခါက
သတိ ထားမိခဲ့ကြပေမယ့် အသုံးပြုသူတွေ ဟာ ထုတ်လုပ်သူတွေရဲ့ ညွှန်ကြား ချက်အတိုင်း လိုက်နာအသုံးပြုခဲ့
ကြပါတယ်။ အခုအချိန်အခါမှာ တော့ ဒီလိုမျိုး ထုတ်လုပ်သူတွေ ထည့်သွင်းပေးထားတဲ့ ကန့်သတ်
ချက်တွေကို အလွယ်တကူဖယ် ထုတ်ကာ ကိုယ့်ရဲ့စမတ်ဖုန်းကို ကိုယ်တိုင် အပြည့်အ၀ထိန်းချုပ်အ
သုံးပြုလာကြပြီဖြစ်ပါတယ်။ ဒီလိုမျိုး စမတ်ဖုန်းမှာ ထုတ်လုပ်သူတွေ ရဲ့ ကန့်သတ်ချက်တွေကိုဖယ်ထုတ်
တာကို Root လုပ်တယ်လို့ ခေါ်ပါ တယ်။ Root လုပ်မယ်ဆိုရင်
ပထ မဆုံးသိထားသင့်တဲ့အချက်က တော့ Root လုပ်ခြင်းဟာ ဖုန်းရဲ့ Warranty (ပြင်ဆင်လဲလှယ်ခွင့်
အာမခံ) ပျက်ပြယ်စေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ဒါဆိုရင် စမတ်ဖုန်းအသုံးပြုသူ တွေအနေနဲ့
Root လုပ်ဖို့အတွက် ဘာကြောင့်လိုအပ်ပါသလဲ။ Root လုပ်ခြင်းအားဖြင့် ဘာတွေအကျိုး အမြတ်ရပြီး
ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်လဲစသည်ဖြင့် မေး ခွန်းတွေ ထုတ်နိုင်ပါတယ်။ Root ပြုလုပ်သူတွေအနေနဲ့လည်း
Root ပြုလုပ်ရတဲ့ အကြောင်းရင်းတွေက လည်း အခိုင်အမာရှိနေပြန်ပါတယ်။ ကမ္ဘာတစ်ဝန်း Android
OS အသုံးပြုသူအားလုံးရဲ့ (၇၀)ရာခိုင် နှုန်းဟာ Root ပြုလုပ်ပြီး အသုံးပြုကြတယ် ဆိုတဲ့အတွက်Root ပြုလုပ်ခြင်းဟာ
ဆိုးကျိုးထက်ကောင်းကျိုး များတယ် ဆိုတာ သက်သေပြနိုင်ပါ လိမ့်မယ်။
ကိုယ့်ရဲ့ စမတ်ဖုန်းဟာ ကိုယ့် ဒေသရဲ့ ဘာသာစကားကိုတိုက်
ရိုက်အထောက်အပံ့ပေးနိုင်ဖို့ မသေ ချာပါဘူး။ အဲဒီအခါ ကိုယ့်ရဲ့ ဘာသာစကားကို ဖုန်းမှာထပ်မံ
ထည့်သွင်းအသုံးပြုနိုင်ဖို့ Android OS ရဲ့ ခွင့်ပြုချက် (Permission) လိုအပ်လာခဲ့ပြီး
ကျိန်းသေRoot လုပ်ရပါတော့တယ်။ အချို့စမတ် ဖုန်းထုတ် လုပ်သူတွေဟာ ဒီအချက် ကို ကြိုတင်သိရှိတဲ့အတွက်Root
လုပ်စရာမလိုဘဲ ဒေသဆိုင်ရာ ဘာသာစကား (Input method & Font) ကို အသုံးပြုနိုင်ဖို့
စီမံပေး လာကြပါတယ်။ စမတ်ဖုန်းထုတ် လုပ်သူတွေဟာ ထုတ်လုပ်လိုက်တဲ့ ဖုန်းတွေမှာ သတ်မှတ်ထားတဲ့
Apps တွေကို တစ်ပါတည်းထည့် သွင်းပေးလိုက်တယ်ဆိုတာ သိရှိပြီး ဖြစ်ပါလိမ့်မယ်။
အဲဒီလို
ထည့်သွင်း လိုက်တဲ့ Apps တွေဟာ ကိုယ်နဲ့ အသုံးပြုဖို့အတွက် အကုန်လုံး ကိုက်ညီချင်မှ
ကိုက်ညီ ပါလိမ့်မယ်။ ဥပမာ Stock, Youtube, Twitter Navigation အစရှိတဲ့ ဖုန်းမှာ အလိုအလျောက်
အလုပ် လုပ်ဖို့ အသေထည့်သွင်းထားတဲ့ Apps တွေဟာ ဖုန်းရဲ့ Resource(CPU, Memory,
Battery) တွေကိုခွဲဝေ အသုံးပြုထားတဲ့အတွက် နောက် ထပ်အသုံးပြုဖို့ နည်းသွားတတ် ပါတယ်။
ဒီလို ROM မှာပါတဲ့ Apps တွေကို ထုတ်ပယ်ပစ်ဖို့နဲ့ စိတ်ကြိုက်ပြင်ဆင်ရေးဆွဲထားတဲ့ Custom
ROM တွေကိုလည်း အလွယ်တကူ ပြောင်းလဲအသုံးပြု နိုင်ဖို့လည်း Root လုပ်ရပါတယ်။
ယျေဘုယျအားဖြင့် Root ပြုလုပ်ပြီးသွားတဲ့အခါ Android ရဲ့ မူရင်းအပြင်အဆင်နဲ့
Icon တွေထိ ပြောင်းလဲနိုင်မယ့် Launcher အသုံးပြုနိုင်မယ်။ CPU ရဲ့ အမြန်နှုန်းကိုမြှင့်တင်နိုင်မယ်။
မလို အပ်တဲ့ Startup Reset တွေဖယ် ထုတ်နိုင်တဲ့အတွက်
ဘက်ထရီ သက်တမ်းပိုကောင်းလာမယ်။ System fonts ပြောင်းလဲအသုံးပြုနိုင် မယ်။ Boot
animation ကိုလည်း စိတ်ကြိုက်ပြောင်းလဲနိုင်မယ်။ Boot time ဟာလည်း သိသိသာသာ မြန်ဆန်လာမယ်။
ဖုန်းရဲ့Video ပိုင်းနဲ့ Graphic ပိုင်းကို
မြှင့်တင်နိုင် မယ့် Apps တွေ အသုံးပြုလာနိုင် မယ်စသည်ဖြင့် ဖုန်းရဲ့ Hardware စွမ်းဆောင်ရည်တွေကို တစ်ခုချင်းစီ
သီးသန့် တိုးမြှင့်နိုင်မယ့် Apps တွေ ကို အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ အကျိုးအပြစ်အနေနဲ့Warranty
ပျက်တာ အပြင် OS version အ သစ်မြှင့်တင်တဲ့အခါမျိုးမှာ ကင်မ ရာအလုပ်မလုပ်နိုင်တော့တာ၊
Bluetooth သုံးလို့မရတော့တာမျိုး တွေ ဖြစ်တတ်ပါတယ်။
စမတ်ဖုန်းထုတ်လုပ်သူတွေ အနေနဲ့ Root လုပ်ရတဲ့
အကျိုးအ ပြစ်တွေကို သိရှိပြီးဖြစ်ပါတယ်။ ဒါ ကြောင့် Root လုပ်ဖို့ လွယ်ကူ အောင်ထုတ်လုပ်ပေးတဲ့
ထုတ်လုပ် သူတွေရှိသလို Root လုပ်ဖို့ ခက်ခဲ အောင်ပြုလုပ်ထားတဲ့ ထုတ်လုပ် သူတွေလည်း
ရှိပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် ထုတ်လုပ်သူနဲ့ အသုံးပြု သူကြားမှာRoot လုပ်ခြင်း၊ မလုပ်
ခြင်းဟာ ပြဿတစ်ရပ်ဖြစ်လာ မှာ မဟုတ်ပါဘူး။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment