ဆက်သွယ်ရေးနဲ့ ပတ် သက်ပြီး လူတိုင်းဖုန်းကိုင်နိုင်
လာကြပြီ။ ဆက်သွယ်ရေး ကောင်းမွန်လာတဲ့အတွက် ဖြစ် ပေါ်လာတဲ့ ကောင်းကျိုးလေး တွေကို ပြောပြပါ။
ဆက်သွယ်ရေးကောင်း
တာကတော့ တကယ်အဆင်ပြေ ပါတယ်။ လူတိုင်း အကုန်လုံး အဆင်ပြေတယ်။ှုInternet ဆို လည်း Facebook
သုံးရင် ဘယ် သူတွေ ဘာတွေလုပ်နေလည်း သိရတယ်။ ဆက်သွယ်ချင်တဲ့ ကိစ္စ တစ်ခုခုဆိုလည်း ဆက်သွယ်လို့ရ
တယ်။ ကောင်းပါတယ်။ ဒါပေမယ့် Internet လိုင်း နှေးတာကတော့ မကောင်းဘူး။
လတ်တလော ဘယ်ဖုန်း အမျိုးအစားကိုင်ဖြစ်နေသလဲ။
ပိုပိုက Samsung
Note 3 ကိုင်တယ်။Huawei ကို ပိုကြိုက် တယ်။
လိုင်းဆွဲတာ ပိုကောင်းလို့။
ကိုယ်ကြိုက်တဲ့ Phone လေးရဲ့အကြောင်းတွေ
ပြောပြ ပါဦး။
ပိုပို Phone
ကိစ္စကိုတော့ မသိဘူး။ နံပါတ်တစ် ဖုန်းဆက်လို့
ရမယ်၊ နံပါတ်နှစ် Camera ကောင်း ရမယ်။ Camera ပိုင်းမှာတော့Sony က အကောင်းဆုံးပဲ။ Sony
Camera တွေက ရိုက်ရတာလည်း အဆင်ပြေတယ်။ ဖုန်း Camera ကို ပြောတာ။Huawei ကကျ တော့ Line
ဆွဲအားကောင်းတယ်။ Samsung ကျတော့Internet သုံး ရတာလည်း ကောင်းပါတယ်။ ဒါ ပေမယ့် ဓာတ်ပုံမှာတော့
မကောင်း ဘူးထင်တယ်။ Sony လောက် သိပ်မကြိုက်ဘူး။
မကောင်းဘူး တော့ မဟုတ်ပါဘူး။ ကောင်းပါ တယ်။ Sony လောက်တော့ မကြိုက်ဘူး။ Sony ရဲ့ Resolution
က တော်တော်မိုက်တယ်။
Phone နဲ့ ပတ်သက်ပြီး တော့ Game ရော
ဆော့ဖြစ် လား။
ပိုပိုကGame
ဆော့တာမှာ Pou ဆော့တယ်။ မြို့တည်တာ လေးတွေ ဆော့တယ်။ နောက်ပိုင်း ကျတော့Game သိပ်မဆော့ဖြစ်
ဘူး။ ပိုပိုက ဓာတ်ပုံတွေ တင်လိုက် တယ်။ Like လေးတွေ ကြည့် တယ်။ Comment လေးတွေ ကြည့်တယ်။
ပြီးသွားရင် ကိုယ့် အလုပ်ကိုယ်လုပ်၊ လုပ်စရာမရှိရင် အိပ်တယ်။
ပိုပို
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment