Clean Master










          Android စမတ်ဖုန်းတွေရဲ့ အဓိကအားသာချက်တစ်ခုဟာ Apps တွေ၊ တေးသီချင်းတွေ၊ Video တွေနဲ့ အခြားအချက်အ လက်တွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးပြုသူတွေ ကိုယ်တိုင် ထည့် သွင်းနိုင်ခြင်းပဲဖြစ် ပါတယ်။ ဖုန်းအများစုဟာ Micro SD  ကနေ သိမ်းဆည်းနိုင်မှုပမာ ဏကို တိုးမြှင့်နိုင်တဲ့ အတွက်လည်း ကိုယ်အသုံးပြုနေကြ Apps တွေနဲ့ အချက်အလက်တွေတင်မကဘဲ အခြားသော အရွယ် အစားကြီးမား တဲ့ Video တွေနဲ့HD ဂိမ်းတွေကို လည်း ထည့်သွင်းထားတတ်ကြပါ သေးတယ်။ ဒီလို ထည့် သွင်းထား ခြင်းက အသုံးပြုသူတွေအတွက် အလွယ်တကူ မြင်သာစေပြီး ခန့်မှန်းတွက်ချက်နိုင်တဲ့ သိမ်း ဆည်း မှုပမာဏတွေဖြစ်ပါတယ်။ အခုအ ခါ အသုံးပြုမှုတွင်ကျယ်လာပြီဖြစ် တဲ့ လူမှုကွန်ရက် Apps တွေ၊ Maps Apps တွေနဲ့ Browser လို Apps တွေကလည်း ဖုန်းရဲ့ Storage ပေါ်မှာ Cache ဖိုင်တွေ၊Temp ဖိုင်တွေ ရေးသားသိမ်းဆည်း တတ်ကြပါတယ်။ 

Viedo နဲ့ သီချင်းဖိုင်တွေ ထည့်သွင်းတဲ့အခါမှာ လည်း တစ်ခါတစ်ရံ ဖိုင်အကြွင်းအ ကျန်တွေ ကျန်ခဲ့တတ်ပါ တယ်။ အချို့ Apps တွေဟာ Uninstall ပြုလုပ်လိုက်ပေမယ့် User data တွေကို အကုန်လုံးမဖျက်ပစ်ဘဲ ကျန်ရှိခဲ့တာမျိုးလည်း ရှိတတ်ပါ တယ်။ ဒီလိုဖုန်းရဲ့ storage ပေါ်မှာ မလိုအပ်တဲ့ ဖိုင်လေးတွေအရမ်းများ ပြားလာတဲ့အခါ ဖုန်းဟာလေးလံ လာပြီး အသုံးပြုရတာ နှောင့်နှေး လာတတ်ပါတယ်။ အဲဒီလိုဖုန်းရဲ့ Storage တွေထဲက မလိုအပ်တဲ့ဖိုင် တွေအကုန်လုံးကိုအလိုအလျောက် ရှာဖွေပြီးရှင်းလင်းပေးမယ့် Clean Master Apps ကိုအသုံးပြုပြီး ဒီ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ Cleaner Apps တွေ အများအပြား ရှိပေ မယ့် ဒီ Apps လေးဟာံHistory  တွေအကုန်လုံးကို ရှင်းလင်း ပေးနိုင်တဲ့အပြင် ဖုန်းထဲမှာမှတ် သားထား မယ့် တစ်ကိုယ်ရေအ ချက်အလက်တွေ (username, password, bookmarks, setting, ect) စတဲ့ အကုန်လုံးကိုပါ အလွယ်တကူ ဖျက်ပေးနိုင်စွမ်းရှိ တာကြောင့် ကိုယ့်ရဲ့ဖုန်းကို တခြား သူတစ်ယောက်ကို ငှားရတော့မယ် ဆိုရင်၊ တခြားတစ်ယောက် ယောက်ကို ပေးရတော့မယ်ဆိုရင် စိတ်ချလက်ချ ပေးနိုင်ပါလိမ့်မယ်။

          Application ကို ဖွင့်လိုက် တာနဲ့ ဖုန်းမှာရှိတဲ့ Storage တွေရဲ့ အသုံးပြုမှုပမာဏကို ဖော်ပြပေး ထားပြီး အသုံးပြု လို့ရမယ် Function (၄)မျိုးကို တွေ့ရပါလိမ့်မယ်။ History button ကို နှိပ်လိုက်ရင် Apps တွေအသုံးပြုထားတဲ့ Cache ဖိုင် တွေအကုန်လုံး တွေ့မြင်နိုင်မှာဖြစ် ပြီး ရှင်းလိုက်ရင် Free space ဘယ်လောက်ထွက်လာမယ်ဆိုတာ ဖော်ပြပေးထားပါတယ်။ Privacy ကတော့ ဖုန်း SMS တွေ Call log တွေနဲ့ ဖုန်းနဲ့ အင်တာနက်အသုံး ပြုတဲ့အခါ ထည့်သွင်းထားခဲ့တဲ့ User name password တွေ၊ အ သုံးပြုခဲ့တဲ့History တွေအကုန် လုံးကို ရှင်းလင်းပေးနိုင်ပါတယ်။Tasks ကတော့ အခြား Task manager တွေလိုပဲ နောက်ကွယ် ကနေ အလုပ်လုပ်နေပြီးဖုန်းရဲ့ Resource တွေ ခွဲဝေအသုံးပြုနေ တဲ့ Apps တွေ၊ Service တွေကို ပိတ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်ပါ။ Residual Files ကတော့ ဖုန်းထဲကို Video တွေ၊Music တွေထည့်သွင်းနေရင်း ရုတ်တရက်  USB ကြိုး ဖြုတ်မိတဲ့အခါမျိုးတွေနဲ့ HD Game တွေကို ပြန်ပြီ့း Uninstall ပြုလုပ်တဲ့အခါ ကျန်နေခဲ့ တတ်တဲ့ ဖိုင်အကြွင်း အကျန်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ 

                             Apps တွေ အများအပြားဖွင့် မိလို့ ဖုန်းရုတ်တရက် ထိုးရပ်သွား တဲ့အခါမျိုးတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့Temp ဖိုင်တွေကို ရှင်းလင်းပေးနိုင် တဲ့ Apps  ကောင်းလေးတစ်ခုဖြစ် ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment