ဆန်းသစ်မှုတွေနဲ့ Galaxy Note 4









Galaxy Note လို့ ဆိုလိုက် တာနဲ့  Samsung ရဲ့ ပရိသတ် တွေအဖို့ မျက်နှာပြင်အရွယ် အစားကြီးကြီးနဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ လူကြိုက်များရေးပန်း စားခဲ့တဲ့ စမတ်ဖုန်းတစ်လုံးဆိုတာ အထွေ အထူးပြောစရာ လိုမယ် မထင်တော့ပါဘူး။ Galaxy Note တွေဟာ စမတ်ဖုန်းလို့ဆိုပေမယ့် အရွယ်အစားကြီးမား တဲ့အ တွက် Tablet အဖြစ်ပါ ပူးတွဲအသုံးချ နိုင်တာကြောင့် ဖုန်းနဲ့ Tablet နှစ်မျိုးပေါင်းအသုံးဝင်တဲ့ Phablet လို့တောင် ပြောင်းလဲခေါ်ဆိုခဲ့ကြပါ သေးတယ်။ ဒါ့အပြင် Note လို့ ဆိုတဲ့အတိုင်း မှတ်စုမှတ်ရာ အဖြာ ဖြာရေးသားသိမ်းဆည်းနိုင်ဖို့နဲ့ ပုံ ဆွဲဝါသနာပါသူတွေအဖို့ ဒစ်ဂျစ် တယ် စာရွက်တစ်ရွက်အဖြစ် အသုံးချ နိုင်ဖို့အတွက် Stylus-Pen လို့ခေါ်တဲ့ ကညစ်တံကို ၂၀၁၁ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ မူလအစ Galaxy Note  1 မှာ ကတည်းက စတင်ထည့်သွင်း ပေးခဲ့ပါတယ်။ 

Galaxy Note 1 ထွက်ပေါ်လာကတည်းက စမတ် ဖုန်းတွေရဲ့ ထုတ်လုပ်မှုပုံစံဟာ အကြီးအကျယ်ပြောင်းလဲ သွားခဲ့ပြီး အလားတူ မျက်နှာပြင်အရွယ် အစားကြီးမားတဲ့ စမတ်ဖုန်းတွေ ဟာ ပုံစံအမျိုးမျိုးနဲ့ ဆက်တိုက်ဆို သလိုထွက်ပေါ်လာခဲ့ကြပါတယ်။ ယခုအချိန်အထိလည်း မျက်နှာပြင် အရွယ်အစားကြီးမားတဲ့ စမတ်ဖုန်း တွေဟာ ရေးပန်းစားလျက်ရှိပြီး ကိုယ်နှစ်သက်ရာ လက်လှမ်းမီရာ အမှတ်တံဆိပ်မျိုးစုံ ကိုင်တွယ် အသုံးပြုနေကြဆဲဖြစ်ပါတယ်။ Galaxy Note ဟာ Samsung ကို အချိန်တိုအတွင်းမှာ အောင်မြင်မှု လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာ အောင် တွန်းပို့နိုင်ခဲ့သလို အင် အားကြီးစမတ်ဖုန်းထုတ်လုပ်သူ တစ်ယောက်လည်း ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ 

ဒါ့ကြောင့်ပဲ Samsung ဟာ Galaxy Note Series အသစ်တွေကို နှစ်စဉ် အဆင့် မြှင့်တင်မွမ်းမံကာ ဈေး ကွက်ထဲကို အချိန်မှန်ထုတ်လုပ်ရောင်းချနိုင်ခဲ့ ပါတယ်။ အခုဆိုရင် Samsung ဟာ Galaxy Note Series တွေ ကို Note II, Note 3 စသည်ဖြင့် ဈေးကွက်ထဲကိုအောင်အောင်မြင် မြင် တင်ပို့ရောင်းချနိုင်ခဲ့သလို မျိုးဆက်သစ် Note 4 ကိုလည်း မိတ်ဆက်ပြသခဲ့ပြီး မကြာမီ ဈေး ကွက်ထဲတင်ပို့ရောင်းချပါတော့ မယ်။ ဒီလိုဆိုရင် မေးစရာတစ်ခုရှိပါ လိမ့်မယ်။ Galaxy Note series အသစ်တွေ နှစ်စဉ် အသစ်ထုတ် လုပ်ရောင်းချနေတော့ ထုတ်လုပ် ခဲ့တဲ့ Galaxy Note တွေက မအောင်မြင်လို့များလားပေါ့။ မဟုတ်ပါဘူး။

 ကမ္ဘာတစ်ဝန်းမှာ Note 1  က အလုံးရေ (၁၀)သန်း ကျော်၊ Note 2  က အလုံးရေ ပေါင်းသန်း (၃၀)ကျော် ရောင်း ချခဲ့ရသလို Note-3  ဟာလည်း ထွက်ရှိပြီး (၂)လအတွင်းအလုံးရေ (၁၀)သန်းကျော် ရောင်းချရထား ပါတယ်။ အခုထွက်ရှိလာမယ့် Note -4  ဟာလည်း အလားတူ အောင်မြင်မှုမျိုး ရရှိနိုင်ပါလိမ့်မယ်။ နှစ်စဉ်ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာနောက်ကို အမီလိုက် နိုင်ဖို့နဲ့ ပြောင်းလဲလာတဲ့ လူနေမှု ပုံစံကို အံဝင်ခွင့်ကျရှိစေဖို့ အသစ် ထွက်ရှိလာမယ့် Note 4 မှာ အဓိ ကပြောင်းလဲပြုပြင်ထားတာက တော့ သတ္တုဘောင်အနားကွပ် ဒီဇိုင်းပုံစံ၊ ပိုမိုကောင်းမွန်လာတဲ့ ကင်မရာနဲ့တူ မြင်ကွင်းကျယ် Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် စနစ်၊ သဘာဝကျကျရေးဆွဲလာ နိုင်မယ့် S-Pen " လုပ်ဆောင်ချက် အများအပြားကို တစ်ပြိုင်နက်ကိုင် တွယ်အသုံးပြုနိုင်မယ့် multi-tasking စနစ် အစရှိသည်ဖြင့် ပြောင်း လဲထားတဲ့အပြင် ကျန်းမာရေး အထောက်အကူပြုလုပ်ဆောင် ချက်တွေအဖြစ် Heat Rate Sensor, UV Sensor, SpO2 Sensor အစရှိသည်ဖြင့် စုံစုံလင်လင် ပါဝင်လာခဲ့ပါတယ်။ လုံခြုံရေး စနစ်အတွက် Finger Print Scanner ကိုလည်းတစ်ပါတည်း ထည့် သွင်းပေးထားပါသေးတယ်။

Note 4 ဟာ ဒီလိုလုပ် ဆောင်ချက်အပြည့်အစုံနဲ့ လိုချင် စဖွယ် လှလှပပပုံစံမျိုးလေး ထွက် ပေါ်လာတဲ့အခါ လက်ရှိ Galaxy Note တစ်ခုခုကိုကိုင်ထားတဲ့သူ တွေအဖို့ ကျိန်းသေသဘောကျ နှစ်ခြိုက်မှာ အသေအချာ ပါပဲ။ ဒါပေမဲ့ လက်ရှိအသုံးပြုနေတဲ့ Note ကလည်း ပစ်ရက်စရာမရှိ အားလုံးအဆင်ပြေနေတဲ့အခါ ဘယ်လိုလုပ်ရပါ့။ လက်ရှိကိုင်ထား တာနဲ့ အရွယ်အစား၊ ကင်မရာ ဘာများကွာခြားသွားသလဲ။ ဘယ် လောက်ပြောင်းသွားသလဲ စသည် ဖြင့်ပေါ့။ အကြမ်းဖျင်းလေ့လာ ကြည့်နိုင်ဖို့ လိုအပ်လာနိုင်ပါတယ်။ 

အလွယ်တကူသိသာတဲ့ မျက်နှာ ပြင်ကနေပဲ စလေ့လာကြည့်မယ် ဆိုရင် Note 4 ရဲ့ မျက်နှာပြင်ဟာ 5.7"(Quad HD, 2560x1140, Super AMOLED, 515ppi) ရှိပြီး Note 3 က 5.7" (Full HD, 1920x1080, Super AMOLED, 386ppi)၊ Note II က 5.5" (HD, 1280x720, Super AMOLED, 267ppi) နဲ့ Note(I) ကတော့ 5.3" (WXGA, 1280x800, Super AMOLED, 285 ppi) အသီးသီး ရှိကြပါတယ်။ အမြန်နှုန်းအနေနဲ့ Note 1 ကနေ Note 4 အထိ ပါဝင်တ RAM ပမာဏဟာ 1GB, 2GB, 3GB အစရှိသည်ဖြင့် တ ဖြည်းဖြည်း ပိုမိုပါဝင်လာခဲ့သလို CPU အမြန်နှုန်းနဲ့ နည်းပညာ ကလည်း အဆင့်မြင့်သည်ထက် မြင့်လာခဲ့ပါတယ်။ ကင်မရာပိုင်း အရတော့ Note I  နဲ့ IIမှာ 8MP အထိပါဝင်ခဲ့ပြီး Note 3 မှာ 13MB  ၊ Note 4 မှာ 16MP အသီး သီးပါဝင်လာခဲ့ပါတယ်။ Mega Pixels ပမာဏ တိုးတက်လာတဲ့ အပြင် ကင်မရာကိုလိုအပ်သလို ထိန်းကျောင်းလမ်းညွှန်တဲ့အပိုင်းနဲ့ သီးသန့်လုပ်ဆောင်နိုင်စွမ်းတွေ လည်း ပိုမိုကောင်းမွန်လာခဲ့ပါ တယ်။ 

Note 3 နဲ့ Note 4 မှာ ပါဝင်တဲ့ ကင်မရာနဲ့ရိုက်တဲ့ ဓာတ်ပုံ တစ်ပုံဟာ နောက်ပိုင်းမှာ Digital ကင်မရာ တစ်လုံးနဲ့ သီးသန့်ရိုက် ကူးတဲ့အလား ခွဲခြားမရအောင် ကောင်းမွန်လာခဲ့ကြပြီ ဖြစ်ပါတယ်။ ဘက်ထရီသိုလှောင်နိုင်မှုအပိုင်းမှာ လည်း Note I မှာ 2500, Note II မှာ 3100, Note 3 မှာ 3200 နဲ့ Note 4 မှာ 3220 mAh အသီးသီး ပါဝင်ကြတဲ့အတွက် မဆိုစလောက် ပမာဏသာ ပြောင်းလဲထားပါ တယ်။ ဒါပေမဲ့ Note 3 နဲ့ Note 4  မှာတော့ ဘက်ထရီကုန်သက်သာ အောင် ပြုလုပ်ထားနိုင်တဲ့ Ultra Saving နစ်တွေ ပါဝင် ကြပါတယ်။

လက်ရှိမှာ Note 4 ဟာ စမတ်ဖုန်းဈေးကွက်ထဲရောက်ရှိ လာတာနဲ့တစ်ပြိုင်နက် ပြည်တွင်း ဈေး ကွက်ထဲကိုလည်း အချိန်သိပ် မကွာဘဲ ၀င်ရောက်လာနိုင်ပါ တယ်။ ပြည်တွင်းမှာ Authorized Dealer တွေကတစ်ဆင့် ၀င် ရောက်လာနိုင်ပြီး ဒီလိုဝင်ရောက် လာခဲ့ရင် ထုံးစံအတိုင်း ပြည်တွင်း နဲ့ကိုက်ညီမယ့် မြန်မာစာစနစ်၊ အာမခံရရှိနိုင်မှု အစရှိတဲ့ ၀န် ဆောင်မှုတွေနဲ့အတူ Note 4 ဟာ Samsung ပရိသတ်တွေရဲ့လက် ထဲမှာ ခေတ်မီလှပတဲ့ စမတ်ဖုန်း တစ်လုံးအဖြစ် တွေ့မြင်ကြရပါဦး မယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment