Memory Card SD Card အကြောင်းသိကောင်းစရာ








SD  ရဲ့ မူရင်းအဓိပ္ပါယ်ဟာ Secure Digital ဖြစ်ပြီး Digital  စနစ်နဲ့သိမ်းဆည်း အသုံးပြုနိုင်တဲ့ Mobile, Camera, GPS, Tablet, Music player အစရှိတဲ့ Portable devices တွေမှာ ထည့်သွင်းအသုံးနိုင်တဲ့ Memory card ကိုခေါ်တာ ဖြစ်ပါတယ်။ SDA လို့ခေါ်တဲ့ SD card Association ကနည်းပညာ စံချိန်စံညွှန်းတွေ၊ အဆင့်အတန်း တွေ ခွဲခြားသတ်မှတ်ပေးထားပြီး ကမ္ဘာတစ်ဝန်းမှာ SD ကတ်အ မှတ်တံဆိပ်ပေါင်း ၄၀၀ ကျော်ကို အသုံးပြုလျက်ရှိပါတယ်။ 

SD ကတ်မှာ အမျိုးအစား (၄) မျိုးရှိပြီး အရွယ်အစား(၃)မျိုးနဲ့ ထုတ် လုပ်အသုံးပြုနေကြပါတယ်။ အမျိုးအစားတွေက တော့ SDSC (Stand capacity), SDHC (sHigh capacity), SDXC (Extended capacity) နဲ့ SDIO (input/output) တို့ ဖြစ်ပြီး အရွယ်အစားအနေနှဲ့Standard (32.0x 3.1mm) Mini (21.5x20.0x1.4mm) နဲ့ Micra (15.0x11.0x1.0mm ဆိုပြီး ခွဲခြားထားပါ တယ်။ SDSC တွေရဲ့ သိမ်းဆည်း နိုင်စွမ်းက 1MB ကနေ 2GB  အထိ ရှိပြီး 4GB အထိ သိမ်းဆည်းနိုင်တဲ့ အမှတ်တံဆိပ်တချို့ လည်းရှိပါတယ်။ SDHC ကတော့ 4GB ကနေ 32GB ထိ သိမ်းဆည်းနိုင်ပြီး SDXC ကတော့ 32 GB ကနေ 2TB အထိ သိမ်းဆည်းနိုင်ပါလိမ့် မယ်။ SDIO ကတော့ IO လုပ် ဆောင်ချက်ပါတဲ့ Device နှစ်ခု တစ်ပြိုင်တည်း တွဲဖက်အသုံးပြုတဲ့ နေရာမျိုးမှာ အသုံးပြုပြီးမှာ ဖြစ်ပြီး ဥပမာIO Modern, Barcode reader တွေကို Lap top နဲ့ချိတ်ဆက်ပြီး အချက်အလက် သိမ်းဆည်းနိုင်ပါလိမ့်မယ်။

SD ကတ်တွေဟာ Security Digital ဆိုတဲ့ အဓိပ္ပါယ်နဲ့အညီ မူပိုင်ခွင့်နဲ့သက်ဆိုင်တဲ့ အချက်အ လက်တွေကိုလည်း သိမ်းဆည်း ကာကွယ်နိုင်ပါတယ်။ ကတ်ကို ကြားခံ Adapter တစ်ခုခုကနေ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Encrypt ပြုလုပ်ကာ Password နဲ့ ကွယ်ထားနိုင်ပါတယ်။ ဒါမှမ ဟုတ် Application တစ်ခုခုသုံး ကာ ထည့်သွင်းထားတဲ့အချက် အလက်တွေကို ကာကွယ်ထား နိုင်ပါတယ်။ ဒီလိုကာကွယ်ထားတဲ့ အချက်အလက်တွေကို အသုံးပြု ခွင့်မရှိသူ (တစ်ယောက်ယောက် က) ဖျက်ပစ်တာကလွဲပြီး ပြန်လည် ဖြန့်ဝေတာမျိုး ပြုလုပ်နိုင်မှာ မဟုတ် ပါဘူး။ ဒါ့အပြင် တရားဝင်ဝယ်ယူ ထားတဲ့ တေးသီချင်း၊ ဒါမှမဟုတ် Application တွေကို Read Only ပြုလုပ်ကာကာကွယ်ထား နိုင်သလို ကာကွယ် နိုင်ပါသေးတယ်။ 

          အမြန်နှုန်းအနေနဲ့ Class 2 ဟာ 2MB/sec ရှိပြီး ပုံမှန် Mp4 player တွေမျိုးမှာ ထည့်သွင်းအသုံးပြုနိုင်ပြီး အရည်အသွေးနိမ့်တဲ့ 3GP အမျိုးအစားလို Video တွေ ရိုက်ကူးနိုင်ပါတယ်။ Class 4 ကနေ 6  ကတော့ HD Video တွေထိ ရိုက်ကူးနိုင်စွမ်းရှိပြီး အမြန်နှုန်း 4 Mb/sec ကနေ 6MB/sec အ တွင်းရှိပါတယ်။ Tablet တွေ၊ ကင် မရာတွေနဲ့ မိုဘိုင်းဖုန်းတွေမှာအများ ဆုံးအသုံးပြုကြပါတယ်။ Class 10 ကတော့ 10MB/sec နှုန်းရှိပြီး HD Video တွေကို ဆက်တိုက် ရိုက်ကူးလေ့ရှိတဲ့ HandyCam လိုမျိုးနဲ့ အမြန်နှုန်းမြင့်တဲ့ ရိုက်ချက် တွေ ဆက်တိုက်ရိုက်ကူးနိုင်တဲ့ နောက်ဆုံးပေါ် ကင်မရာတွေမှာအ သုံးများပါတယ်။ အခုနောက်ပိုင်း  HD video တွေကို ချက်ချင်းရိုက်ပြီး ချက်ခြင်းထုတ်လွှင့်နိုင်တဲ့ ရိုက်ကူး ရေးကင်မရာတွေမှာတော့ UHS (U1) လို့ခေါ်တဲ့ (Ultra-High Speed) ကတ်ကို ထည့်သွင် အ သုံးပြုလာကြပြီ ဖြစ်ပါတယ်။ အား သာချက်တစ်ခုရှိတာက Micro SD ကတ်ကို ပုံမှန် SD, SD Mini တွေအဖြစ် ပြောင်းလဲအသုံးပြုနိုင် မယ့် Adapter  တွေအလွယ်တ ကူရရှိနိုင်ပြီး Device တစ်ခုနဲ့တစ်ခု ပြောင်းလဲအသုံးပြုနိုင်လာပါတယ်။

SD ကတ်တွေရဲ့ သမိုင်း ကြောင်းကို ပြန်ကြည့်လိုက်ရင် 1999 မှာ SanDisk, Matushita  နဲ့ Toshiba တို့ဟာ အဲဒီအချိန်က အသုံးပြုနေကြတဲ့ MMC (Multi Media Card) ကို ပိုမိုကောင်းမွန် အောင်ပြုလုပ်ပြီး SD ကတ်တွေအ ဖြစ် ဈေးကွက်ထဲတင်ပို့ဖို့ သဘော တူခဲ့ကြပါတယ်။ ရည်ရွယ်ချက်က မူပိုင်ခွင့်ရှိတဲ့ တေးသီချင်းတွေကို သတ်မှတ်ထားတဲ့ Device  တွေမှာ လုံလုံခြုံခြုံသိမ်းဆည်း ထည့်သွင်း နိုင်ဖို့နဲ့ သိမ်းဆည်းနိုင်မှုပမာဏ များပြားလာဖို့ပါ။ SD ကတ်ရဲ့ အ မှတ်တံဆိပ်အဖြစ် အသုံးပြုတဲ့ Logo ဒီဇိုင်းပုံစံဟာ Toshiba  ရဲ့ DVD format ပြိုင်ပွဲမှာ မအောင် မြင်ခဲ့တဲ့ Super Density Disc ရဲ့ Logo ကို မူလပုံစံအတိုင်း ပြန် လည်အသုံးပြုထားတာဖြစ်ပါတယ်။ 2000 ပြည့်နှစ်မှာတော့ ကုမ္ပဏီ သုံးခုဟာ SDA ကိုဖွဲ့စည်းခဲ့ပြီး SD ကတ်တွေ စတင်ထုတ်လုပ်ဖို့ ကြေ ညာခဲ့ပြီး ၃ လအကြာမှာ 32 MB နဲ့ 64 MB ကတ်တွေ စတင်ထုတ် လုပ်နိုင်ခဲ့ပါတယ်။

          စမတ်ဖုန်းတစ်လုံးထဲကိုပဲ Class မတူညီတဲ့ Micro SD ထည့်ပြီး စမ်းသပ်ကြည့်လိုက်ရင် အချက်အလက် ကူးပြောင်းနှုန်း ဟာ Class ကွာခြားသလောက် အမြန်နှုန်းလည်း နှစ်ဆကျော် မြန်ဆန်နေတာ တွေ့ရမှာဖြစ်ပါ တယ်။HD ဂိမ်းတွေ ဆော့တဲ့အခါနဲ့ HD video ဖိုင်တွေဖွင့်ကြည့်တဲ့ အခါမှာလည်း အထေ့အငေါ့မရှိဘဲ ပိုမိုချောမွေ့လာတာ တွေ့ရမှာဖြစ်ပါ တယ်။ အမှတ်တမဲ့ သတိမထား မိခဲ့တဲ့ SD ကတ်လေးတွေပေါ်မှာ ရေးသားတဲ့ Class နံပါတ်လေး တွေဟာ စမတ်ဖုန်းတစ်လုံးရဲ့ စွမ်း ဆောင်ရည်ပိုင်းအတွက် အလွန် ပဲအရေးပါလှပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment