Android စမတ်ဖုန်းသုံးတဲ့ သူတွေကြားထဲမှာ
ကြားကြားနေရ တဲ့စကားတစ်ခွန်းရှိပါတယ်။ အဲဒါ ကတော့ ''ဖုန်း """ လေးပြီး
ရပ်ရပ် သွားတယ်။'' ''ဖုန်း """ ဟမ်းသွား တယ်'' စသည်ဖြင့် နောက်ဆုံးပေါ်
စမတ်ဖုန်းအသုံးပြုတာဖြစ်ပေမယ့် လေးလံနှေးကွေးပြီး ဘာ Apps ကိုပဲသုံးသုံး စောင့်ဆိုင်းနေရတတ်
တာမျိုး Game တစ်ခုခုတင် လိုက်တာနဲ့ ကျန်တဲ့လုပ်ဆောင် ချက်တွေကိုပါ ထိခိုက်တာမျိုးတွေ
အဖြစ်များ လာကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတာကို အဖြေရှာ ကြည့်ရအောင် ။
စမတ်ဖုန်းတွေ Tablet တွေ ဟာ အရင်တုန်း က Laptop တွေ၊ Desktop
ကွန်ပျူတာတွေလို အ ချက်အလက်တွေကို ကျယ်ကျယ် ပြန့်ပြန့် သိမ်းဆည်းလာနိုင်တယ်။ အလွယ်တကူသယ်ဆောင်သွားပြီး
နေရာမရွေး အသုံးပြုနိုင်တယ်။ wifi free zone တွေမှာလည်း သုံး နိုင်တယ်စတဲ့ အားသာချက်တွေကြောင့်
သုံးစွဲသူဦးရေဟာတဖြည်းဖြည်း တိုးသထက်တိုးလာပါတယ်။
မိုဘိုင်း Security app အများစုဟာ virus
မ၀င်နိုင်အောင်လည်း ပြုလုပ်ထားပါတယ်။ စမတ်ဖုန်းနဲ့ Tablet တွေဟာ ကွန်ပျူတာသေးသေးလေးတစ်လုံးလိုဖြစ်လာတဲ့အတွက်
Virus မ၀င်အောင်လည်း ဂရု ပြုရပါတယ်။
အခုအခါ Cyber criminals လို့ခေါ်တဲ့ Online
ပြစ်မှုကျူးလွန် သူတွေဟာ စမတ်ဖုန်းတွေကို အဓိက ထားလာတာ တွေ့ရပါတယ်။ သူတို့ရဲ့ အထူးပြုရေးဆွဲထားတဲ့
Application တွေကို နည်းလမ်း အမျိုးမျိုးနဲ့ Mobile device တွေထဲကို ရောက်အောင်ပြု
လုပ်ကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ် ခုက သင့်ဖုန်းအတွက် အသုံးဝင်တဲ့ Application လေးတစ်ခုကို
အခမဲ့ ပေးကာ download ပြုလုပ်စေ ခြင်းဖြင့် သင့်ဖုန်း ကိုထောက်လှမ်း နိုင်မှာဖြစ်ပါတယ်။
သင်ဟာ မဖြစ် မနေဖုန်းနဲ့download ပြုလုပ်ရ မယ်ဆိုရင်တော့ Virus တွေ၊ Spyware တွေနဲ့ Trojan တွေကိုကာ ကွယ်တားဆီးနိုင်တဲ့ Webroot
လို Application မျိုး တင်ထား သင့်ပါတယ်။ ဒါမှသာWebsite
တွေကို ၀င်ကြည့်တဲ့အခါ သင့်ကို လှည့်စားဖို့ကြိုးစားရင် သတိပေးပါလိမ့်မယ်။
မိုဘိုင်းဖုန်း အတော်များများမှာ ပုံမှန်အားဖြင့်
လုံခြုံရေးဆိုင်ရာ အစီအမံတွေ ထည့်သွင်းပေးပြီးဖြစ်ပါ တယ်။ အချို့ဖုန်းတွေမှာဆိုရင်
Website တွေကနေပို့တဲ့ spanmassage တွေကိုတောင် တားဆီးနိုင် ပါ တယ်။ သင့် Contact စာရင်းကို လည်း သင့်စိတ်ကြိုက်အလွယ်တ ကူထိန်းချုပ်လာနိုင်တယ်။
အထိ ရောက်ဆုံး လုပ်ဆောင်ချက်တစ်ခု ကတော့ SIM card ကို Lock ချနိုင်တဲ့ လုပ်ဆောင်မှုပါပဲ။
SIM Card ကို ထုတ်လိုက်တာနဲ့ အလို အလျောက်ဖုန်းကို Lock ချပေးပြီး ဖုန်းပျောက်သွားတဲ့အခါ
အလွယ် တကူ ခြေရာ ခံနိုင်ပါတယ်။ နောက် ထပ် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု လည်းရှိပါသေးတယ်။
ကျွန်တော် တို့ အသုံးပြုနေ တဲ့ ကွန်ပျူတာ တွေလိုပဲ စကားဝှက်Password ပေးကာ ကာကွယ်ထားနိုင်ပါတယ်။
Malware အတော်များများ ဟာ PC တွေကို တိုက်ခိုက်ရာက Smart Phone နဲ့ အခြားမိုဘိုင်း ပစ္စည်းတွေဘက်ကို ဦးတည်လာ ကြပါတယ်။
ဒါကြောင့် Virus, Trojan, Worms တွေရဲ့ တိုက် ခိုက်နိုင်မှု စွမ်းအားဟာ တဖြည်း ဖြည်းမြင့်တက်လာပါတယ်။
SMS နဲ့ MMS ၀န်ဆောင်မှုမျိုးတွေ ကနေ ကျူးကျော် ၀င်ရောက်ကာ တဖြည်းဖြည်း သင့်ကိုခြိမ်းခြောက်
လာပါလိမ့်မယ်။ သင့်အတွက် တုန့် ပြန်မှုအားကောင်းတဲ့ ကာကွယ် တားဆီးမှုတစ်ခုခုတော့ ရှိထား
သင့်ပါတယ်။
အဆင့်မြင့်လာတဲ့ Malware တွေဟာ ပြင်းထန်တဲ့တိုက်ခိုက်မှု တွေ ပြုလုပ်နိုင်ပါတယ်။
ဖုန်း ဘက် ထရီရဲ့သက်တမ်းကို အလျင် အမြန်ကုန်စေတာမျိုး၊ ကိုယ်ရေး ကိုယ်တာအချက်အလက်တွေနဲ့
အရေးကြီးတဲ့ စီးပွားရေးသတင်းအ ချက်အလက် တွေကို ဖျက်ဆီးပစ် တာမျိုးအပြင် သင့်ဖုန်းမှာပုံမှန်မ
ဟုတ်တဲ့ အပြုအမူ မျိုးတွေ ပြုလုပ် နိုင်ပါတယ်။ ဥပမာ သင့်ဖုန်းရဲ့ ပုံမှန် လုပ်ဆောင်ချက်တွေကို
ပိတ်ပစ်ပြီး Snoopware လို Virus မျိုး က တော့ သင့်ဖုန်းကိုထိန်းချုပ်ပြီး လမ်း လျှောက်အသံဖမ်းစက်သဖွယ်
သင့်ကိုထောက်လှမ်းကာ Online က Server တွေထံ အချက်အ လက်တွေပေးပို့နိုင်ပါတယ်။ အဆိုးဆုံးတစ်ခုက
ဖုန်းရဲ့ ကင်မရာ ကနေ တစ်ဆင့် သင့်ရဲ့ရုပ်ပုံကိုရိုက်ကူးကာ ဘယ်သူဘယ်ဝါဆိုတာကို သိစေပါတယ်။
စိတ်အနှောင့်အယှက်ဖြစ် ဖွယ် Virus တွေက ဒီမှာတင်ရပ်
မသွားပါဘူး။ ဖုန်းရဲ့ Contact ထဲမှာရှိတဲ့ နံပါတ်တွေ ကတစ်ဆင့် သူငယ်ချင်းမိတ်ဆွေတွေနဲ့
အခြား သူတွေဆီကိုပါ ကူးစက်စေပါ တယ်။ ဒါမှမဟုတ် သင့်စမတ်ဖုန်း ကနေ အိမ်ကကွန်ပျူတာကို
ဖိုင် တွေပေးပို့တဲ့အခါမှာ ကွန်ပျူတာထဲ ကိုပါ ၀င်ရောက် ကူးစက်စေ ပါတယ်။ သင်မသိရဘဲ နိုင်ငံခြားခေါ်ဆိုမှုတွေ အလိုအလျောက်ခေါ်ဆိုပြီး၊Message
တွေ အလိုအလျောက်ပေးပို့ ကာ မလိုလားအပ်တဲ့ကုန်ကျမှုတွေ ဖြစ်စေပါတယ်။
ကွန်ပျူတာတွေကို တိုက်ခိုက် တဲ့ Virus တွေအကြောင်း
သင်သိ ပြီး ဖြစ်ပါလိမ့်။ ဒါကြောင့် ကွန်ပျူတာတွေမှာ Visus ရန်ကို ကာကွယ်တဲ့ Anti-virus
ဆော့ဖ်ဝဲတွေ ရဲ့ အသုံးဝင်ပုံနဲ့ စိတ်ချရမှုကိုလည်း သင်သိနိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေ
မှာတော့ Virus တွေ၊ Malware တွေဟာ ပိုမိုလျှို့ဝှက်စွာ ၀င်ရောက် နေနိုင်တတ်ကြပါတယ်။
အခုအခါ မိုဘိုင်းဖုန်းတွေ အတွက် Malware တွေရဲ့ရန်ကနေ ကာကွယ်ဖို့ အသုံး ၀င်ပြီး စိတ်ချရတဲ့
Security ဆော့ဖ်ဝဲလ်တွေ အများအပြားရှိပါ တယ်။ အခမဲ့ရတဲ့Application တွေလည်းများပြားလာတာကြောင့်
သင့်ဖုန်းနဲ့သင့်တော်မယ့် Application ကို ရွေးချယ်ပြီး အသုံးပြုနိုင်ဖို့တော့ လိုအပ်ပါလိမ့်တယ်။
--------------------------------------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို
Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment