- မိုဘိုင်းဖုန်းနဲ့ဘတ်ထရီစနစ်….









Power Bank လေးတွေဟာ ကိုယ့်ရဲစမတ်ဖုန်းအတွက် အားထားရတဲ့ Accessories တစ်ခု
          တစ်နေရာရာကို ခရီးထွက် တော့မယ်ဆိုရင် ကိုယ့်ရဲ့ စမတ်ဖုန်း အတွက်  လိုင်းမိလား၊ မမိလားဆို တဲ့အချက်အပြင် နောက်ထပ် စဉ်း စားစရာ တစ်ခုရှိလာပါပြီ။ ကိုယ် သွားမယ့်နေရာဟာ ဖုန်းအတွက် အားပြန်သွင်းနိုင်ရဲ့လား၊ ဒါမှမဟုတ် ခရီးသွားနေရင်း ကားပေါ်မှာပဲ ဘက်ထရီအားကုန်သွားနိုင်သလား ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက် ဟာ အရင်တုန်းက စမတ်ဖုန်းတွေ မှာ လုပ်ဆောင်ချက် နည်းပါးတာ နဲ့အမျှ ဘက်ထရီ ကုန်ခန်းမှုလည်း နည်းပါးတာကြောင့် သိပ်မသိသာ သေးပေမယ့် အခုအခါမှာတော့ မျက်နှာပြင်အရွယ်အစား ကြီးမား လာတဲ့ဖုန်းတွေ အသုံးပြုကြတဲ့ အပြင် ဖုန်းနဲ့ အင်တာနက်အသုံး ပြုမယ်၊ ဂိမ်းဆော့မယ်၊ သီချင်းနား ထောင်မယ်၊ ဗွီဒီယိုကြည့်မယ် အစ ရှိတဲ့ ဆက်တိုက်အသုံးပြုကြတဲ့အ ချိန် ပိုမိုများပြားလာကြပါတယ်။ ဒီအ ခါ ဖုန်းကိုဂရုတစိုက် အားပြန်ပြန် သွင်းရတာလည်း အလုပ်တစ်ခု ပမာ ဖြစ်လာပါလိမ့် မယ်။ 

          လက်ရှိအချိန်မှာ အသုံးပြု နေကြတဲ့ ဖုန်းတွေရဲ့ဘက်ထရီ ခံနိုင်ရည်အားဟာ မိုဘိုင်းဖုန်းခေတ် ဦးပိုင်းမှာ အသုံးပြုခဲကြတဲ့ ဖုန်း တွေရဲ့ဘက်ထရီလောက် ကြာ ကြာအသုံးမပြုနိုင်ဘူးဆိုရင် သင်အံ့ သြပါ လိမ့်မယ်။ ဒါဟာ ဘာကြောင့် ပါလဲ။ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုး တက်လာတဲ့ နည်းပညာတွေထဲမှာ ဘက်ထရီအားသွင်းရတဲ့ ကိစဿစဟာ ဘာကြောင့်သိသိသာသာမပြောင်း လဲသွားတာလဲဆိုတဲ့အချက်ဟာ အဓိက စဉ်းစားစရာအချက် ဖြစ်ပါ တယ်။

          မိုဘိုင်းဖုန်းတွေ စတင်ပေါ် ပေါက်လာစဉ်တုန်းက အောင်မြင် တဲ့ မိုဘိုင်းဖုန်း Classic series တစ်ခုဖြစ်ခဲ့တဲ့ Nokia 6000 ထဲက 6150 ကို ပြန်ကြည့်မယ်ဆိုရင် 600mA h Lu-pol ဘက်ထရီကို စတင် အသုံးပြုထားတာ တွေ့ရပါမယ်။ Nokia ရဲ့ အဆိုအရ ဒီဖုန်းဟာ မိနစ် ၁၀၀ နဲ့ ၁၈၀ ကြား ဆက် တိုက်ပြော ဆိုနိုင်ပြီးStandby ထား မယ်ဆိုရင်တော့ ၁၇၀ နာရီခံနိုင်တာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ Nokia ဟာ 900 mAh အထိ တိုး မြှင့်ခဲ့ပြီး ၂၇၀ မိနစ်ထိ ဆက်တိုက် ပြောဆိုလာနိုင်ကာ (၁၀)ရက်အထိ Standby ထားနိုင်ပါတယ်။ ယနေ့ခေတ်ရဲ့ နည်းပညာအမြင့် ဆုံးနဲ့ အရည်အသွေးအကောင်း ဆုံးဖုန်းလို့ သတ်မှတ် ထားတဲ့ iPhone 5 နဲ့ ဘက်ထရီအရည် အသွေးနှိုင်းယှဉ်ကြည့်မယ်ဆိုရင် iPhone 5 မှာ 1440mAh (5.45Wh) ဘက်ထရီပါဝင်ပြီး ၈ နာရီ ကြာ ဆက်တိုက်ပြောဆိုနိုင်ကာ ၂၂၅ နာရီ(၁၀ ရက်နီးပါး) Standby အနေအထားနဲ့ အသုံးပြုနိုင် တာတွေ့ရပါတယ်။ 

ဘက်ထရီသို လှောင်နိုင်စွမ်းအားကို မြှင့်တင် ထားပေမယ့် ပြန်လည်အသုံးပြုတဲ့ ပမာဏနဲ့ ချိန်ကြည့် လိုက်ရင် ဘက် ထရီရဲ့ ခံနိုင်ရည်အားဟာ လက်ရှိ အချိန်ထိ မမျှတသေးတာကို တွေ့ရပါတယ်။ အချို့ Smart ဖုန်းတွေ မှာတော့ 2000mAh ထိ တိုးမြှင့် ထားတာကို တွေ့ရပါတယ်။ ဘက် ထရီရဲ့တိုးတက်မှုနှုန်း နှေးကွေး တာကို သိသာတဲ့အချက်က အရင် တုန်းက Nokia ဖုန်းတွေဟာ အား တစ်ခါသွင်းပြီး တစ်ပတ်လောက် သုံးနိုင်ပေမယ့်၊ အခုလက်ရှိ အသုံး ပြုနေကြတဲ့ အဆင့်မြင့် စမတ်ဖုန်း အများစုဟာ နေ့စဉ် အားသွင်းပြီး သုံးနေရတဲ့အချက်ဖြစ်ပါတယ်။

          ကိုယ့်ရဲ့စမတ်ဖုန်းကို အားအ ပြည့်သွင်းပြီး မှတ်မှတ်ရရ အချိန် ဘယ်လောက်အထိ ခံနိုင်တယ်ဆို တာ စမ်းသပ်ကြည့်ဖူးပါသလား။ မစမ်းသပ်ဖူးသေးရင် တစ်ခါ လောက် စမ်းသပ်ကြည့်စေချင်ပါ တယ်။ 3G (mobile data) နဲ့ အင် တာနက် သုံးမယ်၊ ဂိမ်းဆော့မယ်၊ ဗွီဒီယိုဖိုင်တွေထည့်ပြီး ကြည့်ရှုမယ် စတဲ့ လုပ်ဆောင်ချက်တွေကိုဆက် တိုက်ပြုလုပ်ကြည့်ရင်တော့ ကိုယ့် ရဲ့စမတ်ဖုန်းဟာ ထုတ်လုပ်သူတွေ ကြော်ငြာထားတဲ့အတိုင်း (၈ နာရီ) အပြည့်အ၀မသုံးနိုင်ဘဲ ထက်ဝက် (၄ နာရီ) ခန့်သာ အသုံးပြုနိုင် တာ တွေ့ရပါလိမ့်မယ်။ 

          အမှန်က တိုးတက်များပြား လာတဲ့ ဆက်သွယ်ရေးနည်းပညာနဲ့ အဆင့်မြင့်မားလာတဲ့ Hardward အစိတ်အပိုင်းတွေကြောင့်သာ ဘက်ထရီရဲ့ ခံနိုင်ရည်အား (သက် တမ်း)ကို ဒီထက်တိုးမြှင့်ဖို့ တွန်းအား တစ်ရပ်လိုဖြစ်လာနေတာ ဖြစ်ပါ တယ်။  အရင်တုန်းက Nokia ဖုန်းတွေရဲ့ မျက်နှာပြင်ဟာ ရိုးရှင်းတဲ့ LCD display ဖြစ်ပြီး လက်ရှိအ သုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေ ကတော့ အရောင်အသွေးစုံလင် တောက်ပပြီး ကြည်လင်တဲ့မျက်နှာ ပြင်တွေ ဖြစ်ပါတယ်။ CPU အပိုင်း မှာလည်း အခုခေတ်ပေါ်စမတ်ဖုန်း တွေဟာ ARM အခြေပြုစနစ်နဲ့ multi-core processor တွေအ သုံးပြုကာ၊ Graphic စွမ်းရည်တွေ ပါ တစ်ပါတည်း ထည့်သွင်းတည် ဆောက်လာကြပါတယ်။ ဒါ ကြောင့် အဓိကခြားနားချက်ဟာ နည်းပညာအပေါ်မှာသာ မူတည် လာတာဖြစ်ပါတယ်။

          ဒီလိုနှိုင်းယှဉ်ကြည့်လိုက်တဲ့ အခါ ပြဿနာဟာ ဘက်ထရီက အဓိက မဟုတ်ဘဲ ဘက်ထရီကို အားပြန်သွင်းရတဲ့စနစ်က အဓိက ဖြစ်လာပါတယ်။ လက်ရှိအသုံးပြု နေတဲ့ အားသွင်းတဲ့ပုံစံကို ပြောင်းလဲ ပစ်ရမှာ ဖြစ်ပြီး အချိန်အ နည်းငယ်အတွင်း ဘက်ထရီစွမ်း ရည် အလျင်အမြန်ပြန်လည်ဖြည့် တင်းနိုင်မယ့် နည်းပညာမျိုး အသုံး ပြုရတော့မှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် စမတ်ဖုန်း တွေမှာ ဘက်ထရီစွမ်းအင် နဲ့ ပတ်သက်လို့ ပိုမိုထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေ သိသိသာသာ ထည့်သွင်းလာခဲ့ကြပါတယ်။ 

အထူး သဖြင့် Android 4.1 နဲ့ နောက်ပိုင်း Version တွေမှာ Power saving mode တွေ မဖြစ်မနေ ပါဝင်လာခဲ့ပြီး OS နဲ့ Themes တွေရဲ့ ဘက်ထရီ စားသုံးမှုနဲ့ မျက်နှာပြင်စနစ်ကြောင့် ပိုမိုကုန်ခန်းမှုတွေကို ပြင်ဆင် လာခဲ့ပါတယ်။Bluetooth နဲ့ wifi ကို အမြဲတစေဖွင့်ထားတတ်တဲ့သူ တွေအတွက်လည်း အသုံး မလို တဲ့အချိန်မှာ အလိုအလျောက်ပိတ် ပစ် ပေးတာမျိုး၊ Sleep ပြုလုပ်ပေး တာမျိုး ပါဝင်လာကြပါတယ်။

          ဘက်ထရီအတွက် နောက် ထပ်ဖြေရှင်းနည်းတစ်ခုကတော့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို အမြဲတစေစောင့်ကြည့်နေတတ်တဲ့ ထုတ်လုပ်သူတွေဟာ စမတ်ဖုန်းနဲ့ Tablet တွေအတွက် Power Bank လို့ခေါ်တဲ့ Portable battery storage တွေ ထုတ်လုပ်လာကြပါ တယ်။ ဒီ Power bank တွေမှာ ဘက်ထရီသိုလှောင်နိုင်စွမ်း 6000 mAh ကနေ 12000mAh အထိ အရွယ်အစားမျိုးစုံရှိတတ်တာ ကြောင့် အကောင်းစားစမတ်ဖုန်း တစ်လုံးရဲ့ ဘက်ထရီစွမ်းအားထက် အနည်းဆုံး ၂ ဆကျော်သိုလှောင် နိုင်တာတွေ့ရပါတယ်။ မကြာခဏ ခရီးသွားလာတတ်တဲ့သူတွေ အဖို့တော့ ဒီ Power Bank လေး တွေဟာ ကိုယ့်ရဲ့စမတ်ဖုန်းအတွက် အားထားရတဲ့ Accessories တစ် ခု ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment