Smart Phone Sensor










သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းဟာ သီချင်းနားထောင် နေရင်း မျက်နှာပြင်နားကို ကပ်ကာလက် ဝှေ့ယမ်းပြ လိုက်တာနဲ့ သီချင်း နောက်တစ်ပုဒ်ကို ကျော်သွားပါ တယ်။ နှစ်ချက်ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့  အရှေ့ တစ်ပုဒ်ကို ပြန်ရောက်သွားပါတယ်။ ကျွန်တော် လည်း အံ့သြလွန်းလို့ မေးကြည့်တဲ့ အခါမှာတော့ Wave control  လို့ ခေါ်တဲ့ Apps လေးတစ်ခုကိုအ သုံးပြုထားကြောင်း ပြောပြပါတယ်။  ဒါနဲ့ ကျွန်တော်လည်း စမတ်ဖုန်း တွေမှာပါဝင်တဲ့ Sensor တွေအ ကြောင်း အလွန်ကိုစိတ်ဝင်စား သွားပြီး ဟိုဟိုဒီဒီလှန်လှော ဖတ်ကြည့်မိပါတယ်။

          Android Tablet တွေ၊ စ မတ်ဖုန်းတွေ အချိန်တိုအတွင်းမှာ အောင်မြင်မှုရရှိလာခဲ့တဲ့ အဓိက အကြောင်းအရင်းတစ်ခုရှိပါတယ်။ Hardware ပစ္စည်းတွေကို ကောင်း မွန်စွာထိန်းချုပ်ကွပ်ကဲနိုင်စေတဲ့ စက် လည်ပတ်စနစ် OS ရဲ့ စွမ်း ဆောင်နိုင်မှုအပြင် လှုပ်ရှားမှု၊ ထိ တွေ့မှု၊ ပတ်ဝန်းကျင်အခြေအ နေတွေကို ထိသိအာရုံခံနိုင်တဲ့Sensor (အာရုံခံနိုင်တဲ့)စနစ်တွေ ကြောင့်ပဲ ဖြစ်ပါတယ်။ အရင်တုန်း က Qwerty key pad သုံးတဲ့အ ချိန်ကဆိုရင် ဖုန်းတစ်လုံးဟာ ဒီခ လုတ်နှိပ်ရင် ဒါဖြစ်မယ်ဆိုတဲ့ ကြို တင်သတ်မှတ်ပေး ထားတဲ့ ညွှန် ကြားချက်အတိုင်းသာ လုပ်ဆောင် နိုင်ခဲ့ကြပါတယ်။ 

အခု ဒီဘက် Android ခေတ်မှာတော့ အသုံးပြုသူက ဘာမှညွှန်ကြားချက်မပေး သည့်တိုင် ထည့်သွင်း ထား တဲ့ Apps တွေ၊ တည်ဆောက်ထား တဲ့ Sensor တွေက လုပ်ဆောင် ချက် တော်တော်များများကို အလို အလျောက် လုပ်ဆောင်လာ နိုင်တာ တွေ့ရပါတယ်။ ဥပမာ ပတ်ဝန်းကျင်ကအပူချိန် ဘယ် လောက်ထိ ရောက်လာရင် Alarm မြည်လာတာမျိုး၊ အလင်းရောင် နည်းသွားတဲ့နေရာမျိုးရောက်သွား ရင်Screen ရဲ့ အလင်းရောင်ကို အလိုအလျောက် အတိုးအလျော့ ပြုလုပ်ပေးတာမျိုးနဲ့ Racing ဂိမ်းတွေဆော့ကစားတဲ့အခါ ဖုန်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး တကယ့် ကားမောင်းသလို ထိန်းချုပ်ရတာ မျိုးတွေဟာ တိုးတက်လာတဲ့ Sensor စနစ်တွေကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။  စမတ်ဖုန်းတိုင်း မှာ ထင်ရှားတဲ့ အသုံးအ၀င်ဆုံး Sensor စနစ်တစ်ခုကိုပြပါဆိုရင် ဖုန်းပြောတဲ့အခါ ဖုန်းကိုနားရွက်နား ကပ်လိုက်တာနဲ့ ဖုန်းရဲ့ Screen ဟာ အလိုအလျောက်ပိတ်ပေး သွားပြီး ဖုန်းပြောပြီးလို့ နားရွက်နား က ပြန်ခွာလိုက်တာနဲ့ Screen ပြန်ပွင့် လာတာ သတိထားမိကြမှာ ပါ။ ဒါဟာ ဖုန်းမှာပါတဲ့ Promixity Sensor ကြောင့်ပါပဲ။ 

          တစ်နေ့တခြား ပြောင်းလဲတိုး တက်လာနေတဲ့ စမတ်ဖုန်းတွေနဲ့အ တူ Sensor စနစ်ဟာလည်း တစ်ပြေးညီ တိုးတက်လာနေပါ တယ်။ Android OS ကို စတင် ရေးသားစဉ်က Sensor လေးငါး မျိုးသာ နားလည်နိုင်သော်လည်း အခု Android 4.1 ရောက်တဲ့အ ချိန်မှာ နားလည်သိရှိနိုင်တဲ့ Sensor စနစ်ဟာ ၁၃ မျိုးကျော်အထိ တိုးတက်လာခဲ့ပါတယ်။ အဲဒီလို Sensor စနစ်တွေ ဖွံ့ဖြိုးတိုးတက် လာတာဟာ Application ရေး သားတဲ့ Developer  တွေရော၊ စမတ်ဖုန်းထုတ်တဲ့သူတွေအတွက်ပါ ကြီးမားတဲ့ အခွင့် အလမ်းတွေ၊အခွင့် အရေးတွေကိုရရှိစေပြီး ဆန်းသစ် တဲ့ Apps တွေထွက်ပေါ်လာဖို့အ ထောက် အကူပြုစေပါတယ်။ 

ဝန် ဆောင်မှုအသစ်တွေ၊ ထုတ်ကုန်အ သစ်တွေကိုလည်း ထွက်ပေါ်လာ စေပါတယ်။ လက်ရှိအချိန်မှာ တောင် စမတ်ဖုန်းတစ်လုံးကို Button တွေ တစ်ခုမှမသုံးဘဲ Sensor စနစ်သုံး Apps တွေကနေတစ် ဆင့် ထိန်းချုပ်လာနိုင်တာကိုတွေ့ ရပါတယ်။ လှုပ်ရှားမှုစနစ်ကိုအာရုံ ခံပြီး အသုံးပြုနိုင်မယ့် Music Player တွေလည်း အသုံးပြုနေကြ ပြီဖြစ်ပါတယ်။ အခြားသော Sensor စနစ်သုံး Apps ပေါင်းများစွာကို လည်း စမတ်ဖုန်းအတော်များများ မှာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ 

          စမတ်ဖုန်းတွေ၊ Tablet တွေ မှာ အသုံးပြုနေကြတဲ့ Sensor တွေ ကို ယေဘုယျအားဖြင့် Motion Sensor  (လှုပ်ရှားမှုအာရုံခံစနစ်)၊ Environmental Sensors (ပတ် ၀န်းကျင်ရဲ့အခြေအနေကို သိရှိနိုင် တဲ့စနစ်)နဲ့ Position Sensor (ဖုန်း ရဲ့နေရာအနေအထားကို သိနိုင်တဲ့ စနစ်)ဆိုပြီး အမျိုးအစားသုံးခု ခွဲ ခြားနိုင်ပါတယ်။ Motion Sensor မှာ Accelerometer, Gravity meter, Gyrosocope meter, Linear acceleration meter, Proximity meter, Rotation vector meter တို့ပါပါတယ်။ Environmental sensor မှာတော့ Ambient Temperature, Light, Humidity စတှဲ့Sensor တွေ ပါဝင်ပါတယ်။ Position Sensor အမျိုးအစားမှာတော့ Magnetic field, Orientation compass, GPS sensor တွေ ပါဝင်ပါတယ်။

          ဒီ Sensor စနစ်တွေဟာ ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ တစ်ခု မတူတာနဲ့အမျှ ဖုန်းတွေမှာ ထည့်သွင်းတည်ဆောက်ထားတဲ့ Sensor တွေဟာလည်း တူညီမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဖုန်းမော် ဒယ်တစ်ခုခုရဲ့ ဈေးနှုန်းအလိုက်၊ အဆင့်အတန်းအလိုက်လည်း ပါ ၀င်တဲ့ Sensor စနစ်ဟာလည်း ကွာဟသွားမှာဖြစ်ပါတယ်။ 

          စမတ်ဖုန်းဝယ်မယ်ဆိုရင် အ ရင်တုန်းကစဉ်းစားခဲ့တဲ့ အချက်အ လက်တွေထဲကို Sensor အ ကြောင်းပါ ထပ်မံထည့်သွင်းရပါ လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းထွက်ရှိလာမယ့် Apps တွေ၊ ဂိမ်းတွေဟာ Sensor စနစ် ကို အများအပြားအသုံးချရေးဆွဲ လာနိုင်တဲ့အတွက် အဆင့်မြင့်ဖုန်း တိုင်းမှာ အဆင့်မြင့်တဲ့ Sensor စနစ်တွေ ပါဝင်ဖို့လိုအပ်လာပြီ ဖြစ် ပါတယ်။ Galaxy S5, HTC One M8, Sony Xperia Z2 အစရှိတဲ့ ထိပ်တန်းစမတ်ဖုန်းတွေဟာ ဈေး နှုန်းမြင့်မားတာနဲ့အမျှ အဆင့်မြင့် ကောင်းမွန်တဲ့ Sensor စနစ်တွေ ပါဝင်လာခဲ့ကြပြီဖြစ်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment